Wednesday, January 23, 2008

၁၃ ဂဏန်းကောင်းပြီဆိုလျှင်



မွေးခုနှစ် ၂၄.၇.၁၉၈၃
အသက် ၂၅ + မွေးရက် ၂၄= ၄၉=၁၃ ဂဏန်း
အသက်နဲ့မွေးရက်ပေါင်းစပ်လို့ ၁၃ ဂဏန်းကျချိန်မှာ ဒီဇာတာရှင်ဟာ သူသွားချင်တဲ့ နိုင်ငံခြားခရီးကို အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ပါတယ်။
၂၄=၆ ဂဏန်းသမားဖြစ်တဲ့အတွက် ၃ ၆ ၉ ဂဏန်းတွေကြီးစိုးချိန်ဖြစ်တဲ့ ၂၀၀၇=၉ နဲ့ စက်တင်ဘာ=၉ ဂဏန်းကျချိန်တို့မှာ သွားနိုင်ခဲ့ပါတယ်။ဒီတွက်ကိန်းအမြင်အရဆိုရင် ၁၃ ကို အဆိုးလို့ချည်းပဲ ပြောလို့မရတာတွေ့ရပါတယ်။တကယ်လည်း ကိုင်ရိုရဲ့ ဟောကိန်းမှာ ၁၃ ဟာ နေရာ၊ဘ၀နဲ့ ဌာနတွေ ရုတ်တရက်ပြောင်းလဲခြင်းကိုသာညွှန်းဆိုထားတာပါ။ဒါပေမယေ့် ကျန်းမာရေးကိုတော့သတိထားဖို့၊အလုပ်ကိုင်သတိထားဆောင်ရွက်ဖို့တော့လိုပါတယ်။

No comments: