Monday, February 4, 2008

နေနဲ့လ တစ်လထဲမှာ ကြတ်ကြလေသောအခါ..

အခု ဖေဖော်ဝါရီ ၇ မှာ နေကြတ်ပြီး၂၁ မှာလကြတ်မှာဖြစ်ပါတယ်။
နောက်ပြီး သြဂုတ် ၁ ရက်မှာ နေကြတ်ပြီး ၁၇ ရက်နေ့မှာ လကြတ်ပါမယ်။
နေကြတ်လကြတ်တာမထူးဆန်းပေမယ့် တစ်လတည်းမှာပဲ နေရောလပါကြတ်မှာ ဖြစ်တဲ့အတွက် ထူးခြားတာတော့အမှန်ပါပဲ။ဒီလနေလကြတ်တာကို မြန်မာနိုင်ငံကနေ မမြင်နိုင်ပါဘူး။သြဂုတ်လမှာတော့မြင်ရပါမယ်။
နက္ခတ်ပညာရှင်တွေနဲ့ကျမ်းတွေအလိုအရဆိုရင် နေ၊လကြတ်ပြီး တစ်လ၊ သုံးလနဲ့ ခြောက်လအတွင်း ကမ္ဘာနဲ့မြန်မာမှာ ထူးခြားတဲ့ကောင်း၊ ဆိုးဖြစ်ရပ်တွေ ကြုံရမှာဖြစ်ပါတယ်။
မြန်မာပြည်ဇာတာအရဆိုရင် ၄ တန့်နဲ့ ၁၀ တန့်ဘာဝတွေမှာ နေကြတ်လကြတ်စီးနင်းမြင်ယှဉ်မှာဖြစ်ပါတယ်။ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြပါစို့။

No comments: