Monday, February 25, 2008

ဗေဒင်ဆရာ ဆိုသည်မှာ

ဗေဒင်ဆရာသည်တန်ခိုးရှင်မဟုတ်၊ အကြံပေးလမ်းညွှန်သူသာဖြစ်

ဗေဒင်ဆိုတာ ခုနှစ်အတိအကျမပြောနိုင်တဲ့ ရှေးပသေဏီတည်းကရှိခဲ့တဲ့ပညာရပ်ပါ။
လူ့ဘောင်အတွက်အတိုင်းအတာတစ်ခုထိ အားကိုးစရာဖြစ်လို့ ၂၁ ရာစုအထိ သက်တမ်းရှည်ကြာခဲ့တဲ့ပညာဖြစ်ပါတယ်။ဗေဒင်ပညာနဲ့ ဆင်းရဲသူကို ချမ်းသာအောင်၊ချမ်းသာသူကိုဆင်းရဲအောင်လုပ်လို့မရပါဘူး။
ဗေဒင်ဟာဘ၀ကို ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာ အကြံပေးတဲ့ပညာသာဖြစ်ပါတယ်။

ယတြာကတော့ ဆေးနဲ့တူပါတယ်။
နာကျင်မှုသက်သာအောင် ဆေးကထိန်းသလို
ကံဆိုးမှုသက်သာအောင် ထိန်းပေးတာဖြစ်ပါတယ်။

ဗေဒင်ဆရာက ထီပေါက်အောင်၊ချမ်းသာအောင်၊ကြွေးကျေအောင်
လုပ်ပေးတဲ့တန်ခိုးရှင်မဟုတ်ပါဘူး။
လိုအင်ဆန္နပြည့်ဝဖို့ဆိုတာထက်နည်းလမ်းတစ်ခုကိုသိချင်လို့
ချဉ်းကပ်တာ ကပိုနည်းလမ်းကျပါတယ်။

မြန်မာတိုင်းမ်ဂျာနယ်ပါ ကောက်နုတ်ချက်...

No comments: