Wednesday, March 19, 2008

၎ နဲ့ ၈ ချစ်သူတွေ

ကိုယ်မြတ်နိုးတဲ့ ချစ်သူ၊ ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေဟာ ၄၊ ၁၃၊၂၂ ရက်လို ယူရေးနပ်စ် စိုးမိုးတဲ့ ဂဏန်းတွေမှာ မွေးဖွားခဲ့ရင်နားလည်ရခက်မယ်။ အစဉ်အလာတွေကို ဂရုမစိုက်သူဖြစ်တယ်။ခေါင်းကလည်းမာတယ်။ထူးဆန်းတာတွေလည်း
ဖောက်ထွက်လုပ်ကိုင်နိုင်သူဖြစ်တယ်။ တော်လှန်ပုန်ကန်တတ်သူဖြစ်တယ်။ အပြောင်းအလဲကို ခုံမင်သူဖြစ်တယ်။ တခါတရံ ကြောင်တယ်လို့ အပြောခံရတဲ့ အထိပါပဲ။

၎ ကို ၂ နဲ့ မြှောက်လို့ ၈ ရလာတဲ့အခါ ၄ ရဲ့နှစ်ထပ်ကွမ်း စွမ်းအားတွေပါလာသလို စနေရဲ့ လွှမ်းမိုးချယ်လှယ်မှုတွေပါ ပါဝင်လာပါတယ်။ ၈ ဂဏန်းစိုးမိုးသူတွေကတော့ ၈၊ ၁၇ နဲ့ ၂၆ မှာမွေးဖွားပါလိမ့်မယ်။ ဒဏ္ဏာရီမှာတော့ ခြေကျိုးလို့ အမည်တွင်ပြီး ကောင်းကင်မှာ ရေခဲဂြိုလ်လို့ မြင်နေရတဲ့ စနေစိုးမိုးသူ ၈ ဂဏန်းသမားတွေကျတော့ လျှို့ဝှက်တယ်။ အေးတိအေးစက်နိုင်တယ်။မြုံစိစိသမားတွေလည်းဖြစ်တယ်။ စိတ်ခံစားချက်အလွန်ကြီးမားသူတွေလည်း ဖြစ်ပါတယ်။

အဲဒီဂဏန်းသမားနှစ်ဦးမှာခင်ဗျားတို့ချစ်သူ၊မိတ်ဆွေတွေဖြစ်နေလို့ကတော့သိပ်မချောင်ပါဘူး။
သူတို့ကို အင်မတန်နားလည်ပေးရပါလိမ့်မယ်။ ဘုဂလန့်ကျတဲ့ ၄ ရယ်၊ အေးစက်စက် ၈ ရယ်ကြောင်း
ဆက်ဆံရေးဟာ မချောမွေ့နိုင်ပါဘူး။ သတိထားရပါလမ့်မယ်။

သူတို့ရဲ့ အများနဲ့ မတူတဲ့ စတိုင်တွေ၊ စကားလုံးတွေကြောင့် စိတ်ထဲ ခိုးလို့ခုလုတော့ ဖြစ်ရမှာ ကျိန်းသေပါတယ်။ ဒါ့အပြင် သူတို့မွေးဖွားရာ ရာသီတွေက မကာရ၊ ကုံလိုမျိုးရာသီတွေသာဆိုရင်တော့ သူတို့ရဲ့ ထူးခြားတဲ့ စရိုက်တွေက ပိုပေါ်လွင်လာမှာပါ။

သူများတွေကို ပေါင်းသင်းဆက်ဆံရေးမှာ ဖုထစ်စေတဲ့ အဲဒီ ဂဏန်းနှစ်ခုဟာ ၀ဋ်တော့ပြန်လည်ပါတယ်။ ဘယ်လိုလည်လဲဆိုတော့ ၄နဲ့ ၈ သမားနှစ်ဦးစလုံးဟာ လူပျိုကြီး၊ အပျိုကြီးတွေဖြစ်ရင် ဖြစ်၊ မဖြစ်လို့ကတော့ အိမ်ထောင်ကျနောက်ကျတော့တာပါပဲ။ သူတို့ရဲ့အိမ်ထောင်ဖက်ကတော့ မချိသွားဖြဲလေးဖြစ်နေမှာ မြင်ယောင်ပါသေးတယ်။ ဒါကတော့ ဂဏန်းသင်္ချာကိုသာ တွက်ဆဟောကိန်းထုတ်တာဆိုတော့ ကွက်တိမှန်ချင်မှ မှန်မှာပါ။ ပျော်စရာလေးဖြစ်အောင်လည်း ရေးထားတာပါ။

4 comments:

Anonymous said...

၎ဂဏန်းသမားနဲ့ ၈ဂဏန်းသမား ကိုပြောထားတာ မှန်လိုက်တာ။ အဆုံးမှာ ပြောထားတဲ့ ၀ဋ်တော့ ပြန်လည်တယ် ဆိုတာလေးကိုလည်း စိတ်မကောင်းစွာနဲ့ မှန်တယ်လို့ ၀န်ခံရဦးမယ်။ မကာရ ဖွား၎ဂဏန်း ဖြစ်တဲ့ ကျမအတွက်ပေါ့............

Nay Mya Mya Swe said...

တိုက်တိုက် ဆိုင်ဆိုင် ကျမအမျိုးသားက ၄. ကျမက ၈ပါ

ni said...

respect your knowledge and experiences . Due to general saying for No 4 and 8 , I might be a spinster for ever :) , as my date of birth is July 13 . Yes , many said that I am stubborn and very different from others :)
Thank you

May Barani Kyaw said...

၈ဂဏန်းသမားဖြစ်ရတာမနိပ်ပါ