Monday, March 24, 2008

၃၊ ၆၊ ၉ ဆိုတဲ့ အမျိုးအနွယ်တွေ..

၃.၁၂.၂၁.၃၀ ရက်ဆိုတဲ့ ကြာသပေတေးစိုးမိုးရာ ဒီဂဏန်းသမားတွေကျတော့ရာထူးကြီး၊ ဌာနကြီးတွေမှာ အုပ်စိုးနိုင်သူတွေ၊ စည်းကမ်းတိကျသူတွေအဖြစ်တွေ့ရတတ်ပါတယ်။ ဘာသာရေး၊အတွေးခေါ်လိုက်စားသူ၊ဘ၀ကိုရည်မှန်းချက်ကြီးစွာ
ထားသူတွေလဲဖြစ်ပါတယ်။ သြဇာပေးနိုင်သူ၊ အကြီးအကဲနေရာမျိုးလည်း ရောက်ရှိတတ်ကြပါတယ်။
၃ ဂဏန်းသမားပီသလာရင် သူ့လက်ညိုးဟာဖြောင့်တန်းအားကောင်းပါတယ်။
လက်ညိုးအောက်ကကြာသပတေးဂြိုလ်ခုံကလဲပြည့်ဖြိုးနေတတ်ပါတယ်။ထိပ်တန်းက ဒိတ်ဒိတ်ကြဲသူတွေဖြစ်တတ်ကြပါတယ်။

၆.၁၅.၂၄ရက်မှာမွေးသူတွေကတော့ဗီးနပ်စ်ဆိုတဲ့သောကြာနတ်သမီးစိုးမိုးသူတွေပါပဲ။
စိတ်နှလုံးနူးညံ့တယ်။ အနုပညာခံစားသလိုတီထွင်ဖန်တီးနိုင်စွမ်းလဲရှိကြတယ်။
ဆွဲဆောင်အားကောင်းသလိုစန်းပွင့်တတ်ကြတယ်။ သူတပါးကိုအလွန်ကူညီတတ်သူတွေလဲဖြစ်ပါတယ်။ လူချစ်လူခင်ပေါများပြီး အချစ်စိတ်ပြင်းပြပေမယ့် သူတို့ ချစ်ခင်သူတွေကို အသက်ပေးကာကွယ်တတ်တဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်မျိုးလည်း ရှိနေပါတယ်။ ဇိမ်ခံ ရတာ၊ အစားကောင်းကြိုက်တာကလည်း သူ့စရိုက်လေးမို့ ခွင့်လွှတ်ပေးကြပါ။

၉.၁၈.၂၇ မှာမွေးတဲ့ သူတွေကတော့ God of War ဆိုတဲ့ စစ်ဘုရင် အင်္ဂါဂြိုလ်စိုးမိုးသူတွေဖြစ်ပါတယ်။ ဘ၀မှာ အတိုက်အခံ အပြိုင်အဆိုင်တွေများသလို ကိုယ်တိုင်ကလဲ အဲလိုအခက်အခဲရှိမှသာ အောင်မြင်မယ့်လူစားမျိုးပါ။ တိုက်ပွဲတစ်ခု ဆင်နွဲသလို ဘ၀ကို ရင်ဆိုင်တတ်သူတွေပါပဲ။ တခါတလေ ဒေါသကြီးတာ၊ စိတ်ဓာတ်ပြင်းထန်သူတွေ၊ တဇွတ်ထိုးလုပ်တတ်သူတွေဖြစ်ပါတယ်။ သူလည်း အိမ်ထောင်ကျ နောက်ကျတတ်တဲ့ ဂဏန်းမျိုးဖြစ်ပါတယ်။ အားမငယ်ပါနဲ့ဗျာ လက်ဖက်ကောင်းစားချင်ရင် တောင်တက်ကတော့ နှေးရမှာပေါ့နော..

ဂဏန်းတွေဟာ ကောင်းကင်ကောဇာဂြိုလ်တွေရဲ့ရွေ့လျားမှုတွေ၊နောက် ပြီး လက္ခဏာပေါ်က အရေးကြောင်းတွေနဲ့ တနည်းတဖုံ ဆက်နွယ်နေတတ်ပါတယ်။ အခု ကောင်းကင်မှာ ကြာသပတေးက သူပိုင်ဓနုအိမ်မှာ ကသစ်မူနေလို့ ၃ ဂဏန်းပိုင်ရှင်တွေ လက်မထောင်နိုင်တဲ့ အချိန်အခါပါပဲ။ရာထူးတိုးတာ၊လုပ်ငန်းချဲ့ထွင်တာ၊
ငွေတွေအပုံလိုက်ဝင်တာမျိုးတောင်ဖြစ်တတ်ပါတယ်။ ဘာသာရေးလုပ်ပေးပါလို့အကြံပေးလိုက်ပါတယ်။ပညာသစ်တွေလဲရတတ်ပါတယ်။

နောက်ဆုံးအနေနဲ့ လေ့လာမိသမျှပြောရရင်
ဒီ ၃.၆.၉ ဂဏန်းတွေ မွေးသက်ကရစ်မှာကြိမ်ရေများများပါလာရင်တော့ ဥာဏ်များတဲ့သူတွေဖြစ်တတ်ကြပါတယ်လို့

3 comments:

Anonymous said...

ကျနော်သိသလောက် ၉ တွေက အချစ်ရေးမှာ ရောတောတော် အချစ်ကြီးတယ်ဆိုပဲဗျ။

younggun said...

ဟုတ်ပ ဇာတ်ဆရာရေ..အကျယ်ချဲ့မရေးနိုင်တော့လို့ မပါတာပါ။ ရေးချလိုက်ရင်တော့နော်..ဟင်းဟင်း..

Anonymous said...

ဆ၇ာပြောတာအ၇မ်းမှန်တာဘဲ ၃.၂.၁၉၆၉ မှာ မွေးတဲ့ကျမ၇ဲ့ ၇ည်းစားကအ၇မ်း၇မ်းကိုညဏ် များပါ တယ် မသိမသာနင့်လူလည်အ၇မ်းလုပ်ပါတယ် ချစ်လို့သဉ်ဦးခံတာကိုလူပါးအ၇မ်းဝပါတယ်
အခုတော့ဖြတ်လိုက်ပါပြီ