Monday, March 31, 2008


ရှင်နေမင်းနဲ့ ကိုဂျိုကာ

နေမင်းရဲ့တမန်တော်ဟာ လွတ်လပ်မှုကိုမြတ်နိုးတယ်၊ ဦးဆောင်နိုင်စွမ်းရှိတယ်။ တက်ကြွလှုပ်ရှားတယ်။ တီထွင်ဖန်တီးဆန်းသစ်နိုင်တယ်။ သူတပါးကို အင်မတန်ကူညီတတ်တယ်။ အုပ်ချုပ်မှုစွမ်းရည်လဲမြင့်မားကြတယ်။ သူတို့ဟာ ၁.၁၀.၁၉ နဲ့ ၂၈ ရက်တွေမှာ ဖွားမြင်သူတွေပေါ့။ ခေါင်းဆောင်ကောင်းတွေ၊ ထိပ်တန်းကလူတွေ၊ဖြစ်တတ်ကြပါတယ်။ ဥပမာပြောရရင် ဆိုက်ကားနင်းရင်တောင် ဂိတ်မှုးလောက်တော့ အသာလေးဖြစ်တတ်သူတွေပါပဲ။ တခါတရံ မာနကြီးတာ၊ခေါင်းမာတာကတော့ သူ့စရိုက်မို့လို့ခွင့်လွှတ်ပေးရမှာပါ။ ဒီဂဏန်းတွဲတွေထဲမှာမှ တစ်ရဲ့စွမ်းအားကို အပြည့်အ၀ပေးထားတာ ၁၉ ပါ။ တားရော့ကတ်မှာ The Sun ကတ်ပြားကို ကိုယ်စားပြုပါတယ်။ နေမင်းရဲ့သားတော်လို့လဲ တင်စားကြပါတယ်။ ကျနော်တို့ဆီမှာ အဲဒီ ၁၉ ရက်နေ့မွေးတဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးကြီးတစ်ဦးရှိပါတယ်။ သူမရဲ့မွေးရက်ပေါင်းခြင်း တစ်နဲ့ အခု၂၀၀၈ ပေါင်းခြင်း တစ်ရချိန်မှာ သူမအတွက် ထူးခြားတဲ့ အောင်မြင်မှုတွေရရှိမယ်လို့ ခန့်မှန်းမိပါတယ်။ သူမဘယ်သူဆိုတာ ..အားလုံးခန့်မှန်းနိုင်မှာပါ။ သူ့ကိုတော့ ကျနော်က နေမင်းရဲ့ သမီးတော်လို့ ဦးညွှတ်တင်စားထားပါတယ်။

၅.၁၄.၂၃ မှာမွေးတဲ့သူတွေကတော့ နေရာတကာစပ်စပ်နဲ့ပါနေတဲ့ ဂျိုကာလိုပါပဲ။ ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးနေပါတယ်။ အသိဥာဏ်ကြွယ်ဝတာ၊ သွက်လက်ချက်ချာတာ၊ ပရိယာယ်ကြွယ်ဝတာ၊ ပျော်ပျော်နေတာ၊ စကားများတာ၊ စာရေးသားကောင်းတာ၊ရောက်ရာမှာတွေ့တဲ့သူနဲတည့်အောင်ပေါင်းတတ်တာ၊ ဖင်မငြိမ်တာတွေနဲ့ ငွေရှာကောင်းတာတွေကတော့ ၅ သမားရဲ့သင်္ကေတတွေပါပဲ၊ ITနည်းပညာရပ်ကြီးကိုကိုယ်စားပြုထားသလို ကုန်သည်ပွဲစား၊ သိပံ္ပပညာ၊ဗေဒင်ပညာ၊ဆေးပညာတွေနဲ့လည်း ဆက်သွယ်ထားပါတယ်။

လက်သန်းလေးတွေကောက်ကွေ့မယ်။ လက်သန်းအောက်က ဗုဒ္ဓဟူးဂြိုဟ်ခုံလည်း အားနည်းညံ့ဖျင်းမယ်၊ ပြီးတော့ ၅ ဂဏန်းသမားလည်းဖြစ်ရင်တော့ သတိထားသာပေါင်းပေတော့။ စကားအင်မတန်လှအောင်ပြောတတ်သူ၊ ပုံပြောကောင်းသူကြီးတွေ၊ လူလိမ်တွေ၊ ကလိန်ကကျစ်ကျသူတွေ၊ ဂျင်ပေါ်ကထုံးတွေဖြစ်တတ်လို့ပါပဲ။ အင်မတန်တော်တဲ့ မျက်လှည့်ပညာရှင်တွေလည်း ဖြစ်တတ်ပါတယ်။

ဒီမှာတင် ဂဏန်းဗေဒင်ပညာအကြောင်းကို တစ်ခန်းရပ်ပါမယ်။ ဒီပညာကိုရေးဖို့ စိတ်ကူးပထမတုန်းက လုံးဝမရှိခဲ့ပါဘူး။ ၉ တန်းကျောင်းသားဘ၀က ဟိုစပ်စပ်သည်စပ်စပ်လေ့လာဖတ်ရှုထားတာလေးတွေကိုသာ ပြန်ဖောက်သည်ချရတာပါ။ တစိုက်မတ်မတ်လေ့လာထား၊သုတေသနပြုနေတာမဟုတ်တော့ ပြည့်ပြည့်စုံစုံမတင်ပြနိုင်ခဲ့ပါဘူး၊ ဂဏန်းဗေဒင်မှာ ကျနော်တင်ပြခဲ့တဲ့ မွေးရက်သချာင်္အပြင် နာမည်ပေါင်းခြင်း၊ ရာသီခွင်ဖွားမြင်မှု၊ တွဲလုံးဂဏန်းတွေနဲ့အတူ ဘ၀တစ်သက်တာ ကံအနိမ့်အမြင့်၊ တစ်နှစ်စာအခြေအနေတွေ စတဲ့ ကိုင်းခွဲစနစ်တွေအများကြီးရှိနေပါသေးတယ်။ပြီးတော့ ဒီပညာဟာ လက္ခဏာ၊ နက္ခတ်ပညာစဆဲ့ပညာရပ်ကြီးတွေနဲ့လည်း အကြောချင်းဆက်နေပါတယ်။ ဂဏန်းတွေထဲက ထူးခြားတဲ့ ၄နဲ့ ၈ အကြောင်းရေးရင်းနဲ့ လက်ပါသွားလို့ဂဏန်းအားလုံးပြီးတဲ့အထိရေးဖြစ်သွားတာပါ။ လာရောက်ဖတ်ရှုသူတွေအတွက် ဗဟုသုတနဲ့ပျော်စရာလေးလဲဖြစ်အောင် ကိုယ်ယုံကြည်ရာပညာရပ်တစ်ခုကို ရေးခဲ့တာပါ။ ကျနော့်စာတိုလေးတွေကို မသိဘူးတို့လို ပညာရှင်တွေ၊ ဆရာကြီးတွေလာဖတ်တဲ့အခါ သဘောထားကြီးစွာနဲ့ နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။

1 comment:

Anonymous said...

၅ သမား..
စကားလှအောင်ပြောတတ်သူ
လိမ်တတ်သူ.. ပုံပြောကောင်းသူ စာရေးလည်းတကယ်ကောင်းသူ
လိမ်ခဲ့ပါတယ်ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။
ကိုယ်တွေ့ ဗျို့ ထောက်ခံပါတယ်။