Wednesday, March 12, 2008



တားရော့နဲ့ ကြောက်မက်ဖွယ်ဟောကွက်များ


ဆရာကြီးမင်းသိင်္ခရဲ့ညီအရင်းဆရာဝင်းဇော်(သစ်တော)ဆိုတာတားရော့ဗေဒင်ကိုထူးဆန်းတဲ့ ဟောကွက်တွေထုတ်တတ်သူလို့ ကြားဖူးပါတယ်။

ဥပမာ သူက တားရော့ကတ်ထဲက the fool ကတ်ကို ကိုင်ဟောတာနဲ့ ခင်ဗျားအိမ်မှာ ခွေးကိုက်တတ်သည် ဆိုတဲ့ ဆိုင်းဘုတ်လေးချိတ်ထားမယ်ဆိုတာမျိုး၊နောက်the devil ကတ်ကိုကြည့်ပြီး ဒီရက်ပိုင်းထဲ ထူးဆန်းတဲ့မြင်ကွင်းတစ်ခုမြင်ရမယ် ဆိုတာမျိုး၊ နောက်ဖိုးထောင်ဆိုတဲ့ နာမည်ရှင်နဲ့ တွေ့ရမယ် ဆိုတာမျိုး ဟောကွက်တွေကို တားရော့ကတ်ကိုပဲ ကြည့်ပြီး ဟောလေ့ရှိပါတယ်။ တားေ၇ာ့ရဲ့ ဘယ်ကျမ်းစာအုပ်မှာမှ အဲလို ဟောကွက်မျိုးရှိတယ်လို့ မကြားဖူးပါဘူး။ တားရော့နဲ့ တစ်သားတည်းဖြစ်နေသူမှသာ အဲလို ထူးဆန်းသလောက် မှန်ကန်တဲ့ ဟောချက်တွေရနိုင်တယ်လို့ ထင်မိပါရဲ့။

ပြီးတော့သူကတားရော့ကိုတခြားတားရော့ဆရာတွေလိုတယုတယကိုင်တွယ်သုံးတဲ့သူမဟုတ်ပါဘူး။
ကြူံသလိုပစ်ထားတာပါ။
မထင်ရင်မထင်သလိုဖနောက်နဲ့တောင်ထပေါက်တတ်သေးတယ်လို့ကြားဖူးပါတယ်။ သူ့အကြောင်းတွေပဲလှိမ့်ပြောနေလို့သူနဲ့ကျနော်ဘာမှမပက်သက်ပါဘူး။
အပြင်မှာမြင်တောင်မမြင်ဖူးပါဘူး။
တားရော့နဲ့သူ့အကြောင်းရေးထားတဲ့ဆောင်းပါးတွေကနေ မှတ်မိတာလေးတွေပြန်ရေးလိုက်တာပါ။
ကျမ်းစာအုပ်ထဲကနေဖောက်ထွက်လာတဲ့ မြန်မာတားရော့ဗေဒင်ပညာရှင်
တစ်ယောက်အကြောင်းကြားမိ၊ဖတ်မိသမျှ ဖောက်သည်ချလိုက်တာပါ။

နောက်ဆုံးသူ့ရဲ့အံ့ဖွယ်ဟောကွက်ကတော့နိုင်ငံခြားသားတစ်ဦးကိုယ်တိုင
်လက်ဆွဲနူတ်ဆက်ရတဲ့အပြင်ဓာတ်ပုံမှတ်တမ်းပါ ရိုက်ယူသွားရတဲ့ ဟောကွက်ပါပဲ။

အဲဒီနိုင်ငံခြားသားကို ထုံးစံအတိုင်း တားရော့နဲ့ ဟောမယ်ဆိုတော့
နိုင်ငံခြားသားကသူ့မှာတောင်တားရော့ထုပ်ပါတယ်။တားရော့ဆိုတာသူတို့ဆီကလာတာ၊ သူတောင်ဟောတတ်တယ်လို့ဆိုပြီးလုပ်ပါလေရော။
ခင်ဗျားတားရော့နဲ့ လူတစ်ယောက်ဘာအလုပ်အကိုင်လုပ်လဲဟောနိုင်လားလို့စိန်ခေါ်မေးလာတဲ့ အထိဖြစ်လာတယ်။

ဆရာဝင်းဇော်ကလည်း ရတယ်ဟောမယ်ပေါ့၊ တားရော့တစ်ချပ်ကို ထုတ်ယူခိုင်းလိုက်တယ်။
ကျလာတဲ့ကတ်ကthetower။မိုးကြိုးပစ်ချလို့မျှော်စင်ကြီးပြိုကျပျက်စီး၊လူနှစ်ယောက်ပါမျှော်စင်ကနေ ဇောက်ထိုးပြုတ်ကျလာတဲ့ သင်္ကေတပါ။
အဲဒါကို ဆရာဝင်းဇော်က ကြည့်ပြီးတစ်ခွန်းပဲဟောချလိုက်တယ်။
ခင်ဗျားဟာ musician ဂီတပညာရှင်အလုပ်လုပ်ရမယ် တဲ့။

အဲဒီမှာ နိုင်ငံခြားသားတိုးရစ်ကြီး ပြာထွက်သွားတယ်။ ကမ္ဘာပတ်လာတာ ခုလို တားရော့ကတ်ကြည့်ပြီး
ဘာလုပ်ဆိုတာ တိတိကျကျမှန်တဲ့ ဆရာမျိုး မြန်မာပြည်မှာပဲ တွေ့ဖူးတယ်ဆိုပြီး ဆရာဝင်းဇော်ကို
ဓာတ်ပုံတွေဘာတွေရိုက်၊မှတ်တမ်းတင်သွားတယ်။
မြန်မာတွေရဲ့ဂုဏ်ကိုမြန်မာဗေဒင်ပညာရှင်တစ်ယောက်မြှင့်တင်ပေးလိုက်နိုင်လို့ ဆရာဝင်းဇော်လည်းပီတိတွေဖြစ်ရလို့အဲဒီဆောင်းပါးမှာဖတ်ခဲ့ဖူးပါတယ်။
တားရော့ကိုဝါသနာပါသူတွေ၊ ဒီမျှော်စင်ကတ်ကိုကြည့်ပြီးဂီတပညာရှင်ပါလို့
ကွက်တိမှန်အောင်သင်ပေးတဲ့ တားရော့စာအုပ်များ တွေ့ဖူးကြပါသလား။

ပျောက်နေတဲ့ခင်ဗျားသားလေး ရေထဲဇောက်ထိုးနစ်ပြီး သေရှာပြီလို့
ဒက်ထိကြီး ဟောချလိုက်တဲ့ ဆရာမင်းသိင်္ခရဲ့ တားရော့ ဟောကွက်ကို ဖတ်တည်းက
ကျနော်ကတော့ တားရော့ကို ရင်သပ်ရှုမောမိခဲ့ပါလေရဲ့။

No comments: