Saturday, March 15, 2008

eclipse,mars and jupiter


eclipse,mars and jupiter

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၂၁ ရက်တွေမှာ ကြုံတောင့်ကြုံခဲ တစ်လတည်းမှာ နေကြတ်လကြတ်တာတွေ ဖြစ်သွားခဲ့ပါတယ်။ နေလကြတ်ပြီး ၃ လနဲ့ ၆ လအတွင်း ကမ္ဘာမှာ ထူးခြားတဲ့ဖြစ်ရပ်တွေပေါ်ပေါက်လာတတ်တယ် လို့ ဟောကိန်းတွေထုတ်ခဲ့ကြပါတယ်။

ပြန်သုံးသပ်ကြည့်ရင် ကမ္ဘာရွှေဈေး တစ်အောင်စ ၁၀၀၀ ကျော်သွားတာ၊
ရေနံဈေးတစ်စည်၁၁၁ဒေါ်လာရောက်လာတာအပါအ၀င်ကုန်စည်သီးနှံဈေးတွေဟာ
သမိုင်းဝင်စံချိန်တင်လောက်အောင် မြင့်မားလာခဲ့ပါတယ်။
နောက်အင်ဒိုနီးရှားအပါအ၀င်နိုင်ငံအချို့မှာ ငလျင်ကြီးတွေလှုပ်ခတ်ခဲ့တာကိုလည်းတွေ့ရပါတယ်။ ကမ္ဘာနိုင်ငံရေးဇာတ်ခုံမှာတော့ ဖီဒယ်ကတ်စထရို အနားယူတာ၊
အိုဘားမားနဲ့ကလင်တန်တို့ပြိုင်ဆိုင်မှုကြီးမားနေတာစတဲ့ မြင်ကွင်းတွေကိုလည်း တွေ့လာပါတယ်။

မြန်မာနိုင်ငံမှာတော့နေလကြတ်တာကို မျက်မြင်မတွေ့လိုက်ရလို့သိပ်မထူးခြားပါဘူး။ ဒါတောင်ရတနာပုံဈေးအပါအ၀င်နိုင်ငံအနှံ့မှာ မီးအကြီးအကျယ်လောင်တာတွေဖြစ်ပွားခဲ့ပါတယ
်နောက်၂၀၁၀မှာ ရွေးကောက်ပွဲကျင်းပမှာကိုလည်းကြေညာချက်ထုတ်ခဲ့တာမျိုး
ထူးခြားတာတွေ ဖြစ်လာခဲ့ပါတယ်။

ဂြိုလ်သွားပြက္ခဒိန်မှာတော့မေထုန်ရာသီမှာဝကြသွားပြီး အသွားနူန်းလည်းအလွန်နှေးကွေးနေတဲ့အင်္ဂါဂြိုလ်ကြီးနဲ့အတူ ဓနုရာသီမှာပုံမှန်ထက်မြန်တဲ့သွားနူန်းနဲ့ပြေးနေတဲ့ အတိသုခဂြိုလ်ကြာသပတေးကြီးဟာသမသတ်အမြင်နဲ့ မြင်ယှဉ်ဆွဲငင်နေကြပါတယ်။

နေလကြတ်တဲ့လပိုင်းမှာပဲအင်အားကြီးမားတဲ့ ဂြိုလ်နှစ်လုံးရဲ့ပြင်းထန်တဲ့အမြင်အယှဉ်ဖြစ်ပေါ်လာတာဟာ အလွန်ထူးဆန်းနေပါတယ်။ သမ္မန္နပြုနေတယ်လို့လည်း ပြောလို့ရပါတယ်။

ဒါဟာ ကမ္ဘာတစ်ဝှမ်းထူးခြားတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားလာနိုင်တယ်လို့ ကျနော် မြင်မိပါတယ်။ ပညာရှင်အဆင့်မဟုတ်လို့ ဘာမှ အသေးစိတ်မမြင်တတ်ပါဘူး။

ပြီးတော့ခုတစ်လောနှာကလည်းစီး၊ မျက်စိကလည်းပါဝါပိုများလာတာနဲ့ဘာမှစဉ်းစားတွေးခေါ်ဖို့ ဟောချက်မထုတ်နိုင်ဘူးဖြစ်နေတယ်။

ဂြိုလ်တွေက Signal လောက်ပဲ အချက်ပြတာပါ။ ဂြိုလ်တွေကို ပူဇော် ယတြာတွေနင်းကန်ချေ၊ ဓာတ်တွေနင်းကန်ရိုက်လုပ်နေ၊ ဂါထာတွေ မရပ်မနားရွတ်ပြီး ကိုယ့်မကောင်းမှုကို ကြေဖျက်နိုင်ပါ့မလား

သေချာတာကတော့ ဗုဒ္ဓဘာသာအရ ကိုယ်စိုက်တဲ့ အပင်ရဲ့အသီးကို ကိုယ်ကိုတိုင်ပဲ ဆွတ်ခူးစားသုံးရမှာပါပဲ

2 comments:

မောင်ဘိုတောက် said...

နွားခြေရာနောက်ကို လှည်းဘီး လိုက်သလိုပေါ့ဗျာ

younggun said...

ဟုတ်ပ အစ်ကိုရေ..အနှေးနဲ့ အမြန်ပါပဲဗျာ..လာတော့မယ်လေ..ဒန်တန့်တန်