Wednesday, March 5, 2008

တားရော့ကို အဆောင်ပြုခြင်း


တားရော့ကို အဆောင်ပြုခြင်း

တားရော့ကတ်တွေကိုဗေဒင်ဟောရာမှာသာမကပါဘူး။ ယတြာချေ၊ အဆောင်ပေးရာမှာလည်း အသုံးပြုလို့ရကြောင်း ဖတ်မှတ်လေ့လာရပါတယ်။ ဘယ်လို အဆောင်ပြုလဲဆိုတော့ ကတ်ပြားကို ရေမွှေးနဲ့ဆွတ်ပြီး မကြာခဏနမ်းပေးရမယ်လို့ဆိုပါတယ်။ ပြီးတော့ သွားလေရာသယ်ဆောင်သွားရပါမယ်တဲ့။
ကိုယ်နဲ့မကွာတစ်သားတည်းဖြစ်အောင
်ထားတဲ့သဘောနဲ့တူပါတယ်။

လေ့လာမိသလောက်ကျန်းမာရေးချူချာသူတွေ၊ဆေးခန်းခဏခဏသွားပြီး
ပြနေရသူတွေအတွက်၊ရောဂါရှာမရဆေးမထိဖြစ်နေသူတွေအတွက်

တားရော့မေဂျာကတ်တွေထဲက နံပါတ် ၈ ခွန်အား Strength ကိုအဆောင်ပြုရမယ်လို့ဆိုပါတယ်။

နောက်စီးပွားရေးချွတ်ချော်ညံ့ဖျင်းနေသူတွေ၊ ယိမ်းယိုင်နေသူတွေကတော့ တားရော့နံပါတ် ၂ သီလရှင်ဆရာမကြိး ကတ်ကို ဆောင်ရပါမယ်တဲ့။

ဒါကတော့တားရော့နဲ့ပက်သက်တဲ့ဆောင်းပါးတွေထဲကမှတ်မိသမျှဖောက်သည်ပြန်ချပေးလိုက်တာပါ။

ဘောစိ သူဌေးတစ်ယောက်ရဲ့စားပွဲမှာ the Emperor ကတ်ပုံကိုတွေ့လိုက်ရတော့ ပြုံးမိပါသေးတယ်။ ဧကရာဇ်ဆိုတဲ့ နိမိတ်ပုံက ယူထားလို့ သူဟာအတော်ကို လူလေးစားခံရလောက်တဲ့အရည်အချင်းတွေရှိနေပါတယ်။ပညာတွေလဲ
အရမ်းတော်၊ထက်ပါတယ်။ဒါပေမယ့်ဘုရင်ကြီးဆိုတော့ကာ..ငယ်သားတွေရဲ့ အမြင်ကတ်မှုကိုလည်း ခံရပါတယ်။ သူ့ရဲ့သြဇာထက်မြက်မှု၊ ကျော်ဇောမှုတွေနဲ့အတူ လူအတော်များများရဲ့ လန့်ကြောက်မှုကိုလည်း ရရှိထားပါတယ်။

ဆရာကြီးမင်းသိင်္ခကတော့ ဗေဒင်ဟောရင် အထောက်အကူပြုအောင်လို့ မှန်အောင်လို့..Page of Cup ကတ်ကို အဆောင်ပြုတယ်လို့ ဖတ်ဖူးပါတယ်။နောက် ဆရာကြီးကပဲ ငွေကြေးအဆင်မပြေဖြစ်နေသူတွေအတွက် Five of Wand ကတ်ကို ဆောင်ရမယ်လို့ ညွှန်ပြထားလေရဲ့။


တားရော့ဆိုတာသမိုင်းကြောင်းဘယ်ကစတယ်ဆိုတာအငြင်းပွားနေကြဆဲဖြစ်ပြီး ဗေဒင်ဟောရုံ၊ ကစားရုံ သက်သက်မဟုတ်ဘဲ နက်ရှိုင်းတဲ့ လောကီဂန္ဓရီအတတ်တွေကိုပါ ညွှန်ပြထားပါတယ်။

မြင်တတ်တဲ့သူတွေ၊ သိသူတွေ ဖော်စားသွားခဲ့ကြပါပြီ။
ကျနော်လည်း ပြူးပြဲပြီး မြင်ကြည့်နေပါတယ်။
ဘာမှ မမြင်ရသေးခင် Magician ကတ်ပြားလေးကိုတော့ သဘောကျလို့
ဘလော့မှာ ကိုယ်ပိုင် သင်္ကေတလေးလုပ်ထားပါရဲ့။

5 comments:

Anonymous said...

တားရော့နဲ့ အစ်မ ရှေ့ဖြစ်လေး ဟောပေးပါဦးနော်။ အစ်မ ဆိုက်ဒ်နောက်တစ်ခုကို လာလည်တာ ကျေးဇူးတင်ပါတယ်မောင်လေး
http://goldmyanmar.myanmarbloggers.org

MELODYMAUNG said...

တားရော့အဆောင်လုပ်တော့ ထူးထူးခြားခြားကြုံတာ သတိထားမိတာလေးတွေရှိရင်လဲ ပြောပြဦးနော်
စိတ်ဝင်စားလို့

Younggun said...

လာအားပေးဖတ်ရှုတဲ့ မမတို့ကိုကျေးဇူးတင်ပါတယ်။

စိုးထက် - Soe Htet ! said...

ကိုကို လာသွားတယ် ကွဲ့ :P

aquamarine said...

Nice your blog. I'm so interest in tarot and all its facilities which we can get. Please upload more than about tarot.bye brother!