Friday, March 7, 2008

တားရော့ကို အဆောင်ပြုခြင်း (၂)


တားရော့နဲ့ပက်သက်တဲ့အဆောင်တွေအကြောင်းရေးရင်းနဲ့
ထပ်ပြီးသတိရတာလေးတွေရေးလိုက်ပါတယ်။
ကံကြမ္မာလှည်းဘီးဆိုတဲ့ ကတ်ကလေးအကြောင်းပါ။

နိုင်ငံခြားခရီးသွားဖို့အခက်အခဲကြုံနေသူတွေ၊ မပြီးမပြတ်နဲ့ အဖုအထစ်ကြုံနေရသူတွေအတွက်
တားရော့ မေဂျာကတ်ထုပ်ထဲက wheel of Fortune နံပါတ် ၁၀ ကားချပ်ကို
အဆောင်ပြုဖို့တိုက်တွန်းလိုက်ပါတယ်။
ဒီကားချပ်ဟာလည်ပတ်နေတဲ့ဘီးတွေကိုကိုယ်စားပြုသလို
လျှင်မြန်မှုနဲ့ကျော်လွှားအောင်မြင်မှုကိုလည်းပုံဖော်နေပါတယ်။

ဒီကတ်ကိုဆောင်ထားတဲ့အပြင်မြန်မာ့ရိုးရာနည်းစနစ်ဖြစ်တဲ့
ခရီးသွားလိုသူသံဃာတော်တွေ၊
မိဘဆရာသမားတွေအတွက်ငွေကြေးပစ္စည်းထောက်ပံ့တာ၊ ကူညီပေးတာမျိုးတွေ၊
နောက်တံတား၊လမ်းပြင်ပေးတာမျိုးတွေလုပ်ပေးသင့်ပါတယ်။
လေကြောင်းနဲ့သွားလာမယ့်သူတွေကတော
လေပန်ကာ၊ယပ်တောင်၊တွေလှူဒါန်းပေးပါ။
ရေကြောင်းခရီးဆိုရင်တော့
သောက်၊သုံးရေ လှူပေးပါ။

ဒီကတ်ကို အဆောင်ပြုရင်းမြန်မာ့ရိုးရာနည်းစနစ်လေးကိုပြုလုပ်ပေးရင်းနဲ့
ကိုယ်လုပ်ဆောင်စရာရှိတဲ့ တာဝန်
ကို ဆက်သာလုပ်သွားပါ။ အဆင်ပြေလာတာကို တွေ့ရပါမယ်။

No comments: