Tuesday, April 22, 2008

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့...

ခင်ပွန်းသည်က ၁၇.၁၂.၁၉၇၂ မှာမွေးတဲ့ ၈ ဂဏန်းသမား၊ ဇနီးသည်က ၂၇.၉.၁၉၇၉ မှာမွေးတဲ့ ၉ ဂဏန်းသမား ကဲ အဲဒိမှာ စတွေ့တော့တာပါပဲ။ ၈ သမားက အေးတိအေးစက်၊ တည်ငြိမ်သည်းခံလျှို့ဝှက်တယ်။ ၉ သမားက ပြိုင်ဆိုင်၊ပြင်းထန်ပေါက်ကွဲတယ်။ စနေဆိုတဲ့ ဂြိုဟ်နှေးကြီးနဲ့ ဆူညံပေါက်ကွဲတဲ့ အင်္ဂါ စစ်ဂြိုဟ်တို့ တွေ့ကြလေသောအခါမှာ နောင်ဂျိန်ဇာတ်လမ်းတွေ မကြာခဏဆိုသလို ဒီစုံတွဲကြာဖြစ်ပွားလာပါတော့တယ်။

ခင်ပွန်းသည်ရဲ့ဂဏန်းဇာတာမှာ ကြည့်ရင် ၁၇.၁၂.၁၉၇၉ ဆိုတဲ့ မွေးရက်တွေထဲမှာ ၁ ဂဏန်းတွေသုံးကြိမ်ပါဝင်နေပါတယ်။ ဒါကြောင့် ရှစ်သမားဖြစ်လင့်ကစား ဦးဆောင်လိုတာ၊ မာနကြီးတာ၊ အုပ်ချုပ်လိုတာဆိုတဲ့ နေမင်းစရိုက်တွေရှိနေပါတယ်။ သူ့ကို အိမ်ထောင်ဦးစီးပီပီ ချစ်ကြောက်ရိုသေဦးချစေလိုပါတယ်။ ဒါပေသိ ဒါပေသိပေါ့လေ...

၂၇.၉.၁၉၇၉ ဆိုတဲ့ ကိုးတွေ သုံးထပ်ကွမ်းပါပြီး ၉ ဂဏန်းသမားပီသနေတဲ့ ဇနီးသည်ရဲ့ ဒေါသကြိး၊ ယှဉ်ပြိုင်အနိုင်ယူလိုစိတ်၊ တဇွတ်ထိုးစိတ်ကို အလျှော့ခဲ့ရတာက များခဲ့ပါတယ်။ ဒီလိုနဲ့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်..လုပ်နေရင်း..

၂၃ ရက်တစ်နေ့မှာ ဖွားလာတဲ့ ၅ ဂဏန်းသမား သမီးလေးတစ်ယောက် သူတို့မောင်နှံထဲဝင်လာတော့မှပဲ ၈+၅+၉ ဆိုတဲ့ စနေနဲ့ အင်္ဂါကို ညှိပေးမယ့် အလယ်ခေါင်က အဟုတ်ထူးမယ့် ဗုဒ္ဓဟူးလေးကြောင်း အိမ်ထောင်ရေးပြန်ငြိမ်သက်လာပါတော့တယ်။ တခါတလေတော့ ပလေးကြသေးတာပေါ့လေ..ဒါပေမယ့် နည်းသွားပါတယ်။

ဂဏန်းဗေဒင်မှာ မွေးရက်ကို အခြေပြုပြီးဖြစ်လာတဲ့ ဘာဂဏန်း၊ညာဂဏန်းတွေလိုပဲ မွေးသက္တရာဇ်မှာ အကြိမ်ကြိမ်ကျော့ပါနေတဲ့ ဂဏန်းတွေကလည်း ဇာတာရှင်ကို လွှမ်းမိုးထားတတ်ပါတယ်။ ဥပမာ ၂ တို့ ၇တို့များများပါရင် ဂဏှာမငြိမ်၊ ဖင်မငြိမ်ဘဲ လှုပ်ရှားခရီးသွားနေရတာမျိုးတွေ၊ နိုင်ငံရပ်ခြားခရိးဝေးသွားရတာ၊ မွေးရပ်နဲ့ဝေးရာမှာ ရှင်သန်နေထိုင်ရတာတွေဖြစ်တတ်ပါတယ်။

ဒါနဲ့ စကားမစပ် ခင်ဗျားရဲ့ ချစ်သူဟာ ၈ ဖြစ်ခဲ့ရင် သူ့ရဲ့ မထုံတတ်တေး၊ မျိုသိပ်တတ်တဲ့ စတိုင်လေးကို သည်းခံနိုင်ပါ့မလား၊ ပြီးတော့ ချစ်သူလေးဟာ ၉ ဖြစ်နေရင် သူ့ရဲ့ စိတ်အားထက်သန်မှု၊ရန်လိုဂလန့်တိုက်မှုလေးတွေကို နားလည်ပေးနိင်ပါ့မလား...ရိုးရိုးသားသားလေးဖြေကြည့်လိုက်ပါနော်

No comments: