Wednesday, April 30, 2008

လာမည်..ရေးမည်..မကြာမီ

နေပေါ်မှာ ပေါက်ကွဲမှုအစက်အပျောက်တွေဖြစ်တဲ့အချိန်နဲ့ ဟောဒီကမ္ဘာပေါ်မှာ ထူးခြားတဲ့ ရာသီဥတုဆိုင်ရာအနိဌာရုံတွေဖြစ်တဲ့အချိန်တိုက်ဆိုင်မှု.....

နေကြတ်၊လကြတ်တဲ့ရာသီခွင်ပေါ်မူတည်ပြီး မင်းပြောင်းမင်းလွဲနဲ့ တိုင်းပြည်ရေးရာထူးခြားလာတာတွေ....

ကောင်းကင်က အင်္ဂါနဲ့ ပလူတိုတို့ အမြင်အယှဉ်မှာ နိုင်ငံအနှံ့ မငြိမ်းချမ်းသောစစ်ပွဲ၊ တိုက်ပွဲကြီးတွေ၊ အကြမ်းဖက်မှုတွေဖြစ်တာ...

စနေနဲ့ကြာသပတေးပူးယှဉ်ချိန်ရွေးကောက်ခံရတဲ့ အမေရိကန်သမ္မတတွေဟာ တနည်းနည်းနဲ့ လုပ်ကြံခံရတာတွေ...

နက္ခတ်အစီးအနင်းနဲ့ရာသီခွင်ကိုကြည့်ပြီး အိမ်ထောင်ရှင်တွေအတွက် ယောကျာ်းလေး၊ မိန်းခလေး၊ အမွှာလိုချင်တာရွေးယူလို့ရနိုင်တဲ့ အခွင့်အလမ်းတွေ.....

အခုတဖြည်းဖြည်းသုံးနဲ့မြှေက်သလိုကိုတိုးပွားလာနေတဲ့ ဘလော့ဂါတွေထဲမှာ ဘယ်လိုဇာတာခွင်နေထားရှိသူတွေကသာ လူသိများ၊ထင်ရှားအောင်မြင်လာမလဲ..ဘယ်လိုဇာတာတွေက စာအရေးအသားကောင်းခြင်းကိုဖြစ်စေပါသလဲ...

ကြာသပတေးဂြိုဟ်အသွားမမှန်ဖောက်ပြန်လာတဲ့အခါ ဘဏ်၊ငွေကြေးလုပ်ငန်းတွေ ကမောက်ကဖြစ်လာတာ.....

စသဖြင့်..စသဖြင်..စသဖြင့် ရေးချင်တာလေးတွေ တပြုံတမကို ရှိပေမယ့် စိတ်သာရှိလူမလိုက်နိုင်ဖြစ်နေလို့ စလိုးမိုးရှင်းလေးနဲ့သာ ရေးသားသွားဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

1 comment:

HEARTMUSEUM said...

ဆက်ရေးဗျို့။ ဘယ်လောက်ကြာကြာ စောင့်ဖတ်မယ်။