Saturday, May 24, 2008

တရုတ်ငလျင်နဲ့ နက္ခတ်အမြင်

အရှေ့တိုင်းနက္ခတ်ပညာအနေနဲ့ဆိုရင် ကောင်းကင်ဇာတာခွင်အရ ကြာသပတေးဂြိုဟ်ကြီးကို ပါပဂြိုဟ်တွေအပူးအမြင်ရှိလာရင်၊ ရာသီကလည်း ပြိဿနဲ့ဗြိစ္ဆာရာသီတွေဖြစ်ရင် ငလျင်လှုပ်တတ်ပါတယ်။ ဒုတိယ ဥပဒေသအနေနဲ့ ရာဟုနဲ့ အင်္ဂါအမြင်အယှဉ်မှာလည်း ငလျင်တွေဖြစ်ပွားတတ်ပါတယ်တဲ့။ နောက်ပြီး သတ္တနာဋီစက်ဆိုတဲ့ နက္ခတ် အကြောစက်နဲ့လည်း တွက်ချက်စစ်ဆေးပါသေးတယ်။ တခြားဥပဒေသတွေရှိနိုင်သေးပေမယ့် ကျနော် လေ့လာဖူးသလောက်ပဲတင်ပြပါရစေ။

မေလ ၁၂ ရက်နေ့က တရုတ်ပြည် စီချွမ်ခရိုင်မှာဖြစ်သွားတဲ့ ရစ်ချတ်တာစကေး ၇.၉ လောက်ရှိတဲ့ ငလျင်ဖြစ်ပွားချိန်မှာ အထက်က တင်ပြခဲ့တဲ့ အတိုင်းကြာသပတေးဂြိုဟ်ကို ဘယ်ပါပဂြိုဟ်ကမှ အမြင်အပူးမရှိခဲ့ပါဘူး။ ဒါပေမယ့် ကြာသပတေးဟာ သူ့ပုံမှန်သွားနူန်းထက် အရမ်းမြန်ဆန်စွာ သွားနေုပါတယ်။ ဖောက်ပြန်နေတယ်လို့ ဆိုရပါမယ်။ ကြာသပတေးဂြိုဟ်ဟာ နေအဖွဲ့အစည်းမှာ အကြီးဆုံး ငပွကြိးဂြိုဟ်ဖြစ်ပါတယ်။ သူ့ရဲ့ ရိုက်ခတ်မှုကလည်းအရှိန်မသေးလှပါဘူး။ ငလျင်အတွက် အရှေ့တိုင်း နက္ခတ်ပညာ ဥပဒေသအရ ထပ်ကြည့်ရင်တော့ ထင်းခနဲမြင်ရမှာပါ။ ကျနော် ရာဟုဂြိုဟ်ပြောင်းနဲ့ အင်္ဂါအမြင်ယှဉ်ဆိုတဲ့ ပို့စ်ရေးခဲ့တုန်းက ကောဇာရာဟုနဲ့ အင်္ဂါတပြိုင်တည်းနီးပါး ပြောင်းပြီး အမြင်အားကောင်းစွာနဲ့ မြင်တဲံအခါ ကမ္ဘာမှာ ရက်စက်တဲ့ ဖြစ်ရပ်တွေဖြစ်လာနိုင်တယ်လို့ရေးခဲ့ပါတယ်။ အကြမ်းဖက်မှုမဖြစ်လာဘဲ ခုလို သဘာဝဘေးအန္တရာယ်တွေသာ ဖြစ်လာပါတော့တယ်။

ဒီဂြိုဟ်တွေ ဒီလိုဖြစ်တိုင်း ဒီလိုဝမ်းနည်းဖွယ်တွေဖြစ်လာလားလို့မေးရင် အနည်းနဲ့အများကျိန်းသေဖြစ်လာနိုင်ပါတယ်လို့ ဖြေရမှာပါပဲ။ ကောင်းကင်ပေါ်ကဂြိုဟ်တွေရဲ့ သံလိုက်ဓာတ်ချင်းဆွဲငင်ရုန်းကန်မှုတွေ၊ မမြင်ရတဲ့ ရောင်စဉ်တွေရဲ့ လွှမ်းမိုးရိုက်ခတ်မှုတွေ ရှိနေပါတယ်။ ကျွမ်းကျင်ထက်မြက်တဲ့ နက္ခတ်ဗေဒင်ပညာရှင်တွေဟာ အဲဒီလို သဘာဝဘေးတွေကို သေချာသုတေသနလုပ်ပြီး ဟောကိန်းထုတ်ရင် မှန်ကန် နိုင်ပါတယ်။ ငလျင်လှုပ်၊ မုန်တိုင်းကျတာတွေကတော့ ဟုတ်ပါပြီ။ ဘယ်မှာဖြစ်လာမလဲလို့မေးရင် အဲဒီမေးခွန်းဟာ သိပ်ဖြေဖို့ခဲယဉ်းပါတယ်။ ဂြိုဟ်တွေ ပူးယှဉ်ရာ ရာသီ၊တိတ်စွဲနိုင်ငံတွေကို သိရပါမယ်။ ဒါပေမယ့် မလွယ်လှသေးပါဘူး။ သုတေသနတွေအများကြီးလိုနေပါသေးတယ်။

တစ်လောက ရိုက်တာသတင်းဌာနမှာ သတင်းထူးတစ်ပုဒ် ပါလာတယ်။ မြန်မာနိုင်ငံဝေဒသုတေသန အဖွဲ့က ဒုတွင်းရေးမှုး ဦးမြင့်လွင်ကို ဗျူးထားတာပါ။ ဦးမြင့်လွင်က နာဂစ်မုန်တိုင်းဖြစ်လာမှာကို နက္ခတ်ဗေဒင်ပညာအရ သူကြိုမမြင်နိုင်ခဲ့ပါဘူး၊ အဲဒီအတွက် စိတ်မကောင်းအထူးဖြစ်မိကြောင်း၊ နောင်တစ်ကြိမ် ပိုကြိုးစားလေ့လာ သုတေသနပြုပြီး ကြိုတင် ဟောကိန်းထုတ်မှာဖြစ်ကြောင်း စသဖြင့် ပွားပါတော့တယ်။
သူ ဝမ်းနည်းပါတယ်ပြောချိနိမှာ သေတဲ့သူက သိန်းနဲ့ချီနေပါပြီ။။


နက္ခတ်ဗေဒင်ဟာ မိုးလေ၀သ၊၇ာသီဥတုတွေတင်မကဘဲ ဆူနာမီ။ ငလျင် မီးတောင်စတဲ သဘာဝဘေးတွေကိုပါ ကြိုတင် ဟောကိန်းထုတ်နိုင်ပါတယ်။ ကျွမ်းကျင်တဲ့ပညာရှင်ဆိုရင်ပေါ့လေ။ ကျနော်တို့လို လေ့လာသူတွေကျတော့ ဖြစ်ပြီးမှသာ ဘယ်ဂြိုဟ်တွေဘယ်လိုမြင်ယှဉ်လို့ဆိုပြီး သုတေသနလုပ်၊ နောင်ဖြစ်လာမှာကိုကြိုသတိထား ဒါလောက်ပဲလုပ်နုငိပါသေးတယ်။ ဆရာ့ဆရာကြီးတွေ၊ ပညာရှင်အမည်ခံကြိးတွေ ဘာလုပ်နေကြပါသလဲ။ သင်္ကြန်စာတွေမှာ အကောင်းတွေချည်းထပ်ဟောနေဦးမှာလား။ မေးခွန်းတွေထပ်ထုတ်ချင်ပါသေးတယ်။

3 comments:

Freshup said...

အစ်ကိုရေ အခုလိုလေ့လာသူ အများအပြားသိပ်မရှိတဲ့ပညာတစ်ရပ်ကို မြတ်မြတ်နိုးနိုးနဲ့ လေ့လာပြီး ပြန်လည်ဝေမျှပေးလို့ လေးစားမိပါတယ်ဗျာ။
ကျွန်တော်လည်း ငယ်ငယ်ကတော့ မဟာဘုတ်တိုင်တွေဘာတွေထူ နည်း.. ပြီးတော့တစ်ခြားနည်း လေးတွေနည်းနည်းပါးပါးလေ့လာဖူးပေမယ့် အခုတော့အကုန်လုံးမေ့ကုန်ပါပြီ။
အခုလို သိပံနည်းကျ ရှင်းလင်းထားတာတွေကိုတွေ့တော့ တော်တော်အားရမိပါတယ်။

အစ်ကိုရေ Hotel California ရဲ့ Tab ကို လိုချင်ရင်တော့
http://www.tablatures.tk/download.php?id=MjE2MjQ=
အဲဒီ့လင်ခ့်မှာ ဒေါင်းနိုင်ပါတယ်ဗျာ။ ကိုလိုချင်တဲ့တစ်ခြား Tab တွေ ကို လည်း အဲဒီမှာ ရှာနိုင်ပါတယ်။ ကျွန်တော်ကတော့ အဲကပဲတော်တော်ဒေါင်းပါတယ်။
Guitar Pro Version နဲ့ဖြစ်စေ.. Text Tab Version နဲ့ဖြစ်စေ.. ရှိပါတယ်။ အဆင်ပြေပါစေဗျာ
ရှေ့ဆက်ပြီးပိုစ့်တွေတင်မှာကို စောင့်နေပါမယ် :D

ဟန်သစ်ငြိမ် said...

ရေးထားတာ ကောင်းတယ်ဗျာ...

တစ်ခါတလေကျတော့ ပညာရှင်ကြီးတွေက နာမည်ကြီးဖို့ထက် ထမင်းအိုးမကွဲဖို့ စဉ်းစားနေရတယ်လို့ ကျွန်တော်ထင်တယ်။ (ဟုတ်မဟုတ်တော့ မသိဘူး)

Anonymous said...

ုကိုဟန်သစ်ပြောသလို အများကြိးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ခေတ်တုန်းက နဂါးကို ဇာတာမဖတ်နဲ့လို့ ဗေဒင်ပညာရှင်တွေညီညွှတ်ခဲ့ပေမယ့် ခုတော့ ပြည်သူတွေကိုတောင် အမှန်မတင်ပြရဲတာ လွန်လွန်းတယ်လို့ ခံစားရတယ်ဗျာ