Thursday, June 19, 2008

နေမင်းရဲ့ သမီးတော် သို့မဟုတ် free from fear

ထက်မြက်ထူးချွန်တဲ့ လူ၊ ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်လို့ သူမဇာတာမှာလည်း ထူးခြားတဲ့ဂြိုဟ်မြင်ယှဉ်မှုတွေ၊ ယုဂ်တွေကို တွေ့ရပါတယ်။ လဂ်သခင် ကသစ်အားရြှိ့ပီး လဂ်မှာပဲ တနင်္ဂနွေနဲ့ပူးပြီး ယုဂ်ဖြစ်နေတာ




သူမကို ၁၉၄၅၊ ဇွန်လ ၁၉ ရက်နေ့ရဲ့ မိုးစက်မိုးပွင့်တွေနဲ့အတူ မွေးဖွားသန့်စင်လာခဲ့ပါတယ်။ ၁၉ ရက်နေ့ဆိုတာ တားရော့ဗေဒင်ရဲ့ နိမိတ်ဆောင် ကားချပ်အရ နေမင်းလို့ ခေါ်တွင်ပါတယ်။ ကျွန်တော်ကတော့ သူမကို နေမင်းရဲ့ သမီးတော်လို့ပဲ တင်စားခေါ်လိုက်ချင်ပါတယ်။ ကျွန်တော်ငယ်စဉ်ဘ၀က အားကျလေးစားခဲ့တဲ့ လင်ကွန်း၊ ဒေါက်တာ ဘွတ်ကာတီဝါရှင်တန်၊ မာသာထရီဇာ၊ မာတင်လူသာကင်း၊ နယ်ဆင်မင်ဒဲလား စတဲ့ မဟာဂရုဏာရှင်သူရဲကောင်းတွေနဲ့ အတူ သူမကိုလည်း ဦးညွှတ်ဂါရ၀ပြုလိုက်ပါတယ်။ သူမဟာ ငြိမ်းချမ်းရေးရဲ့ သင်္ကေတ၊ ဇွဲလုံ့လရဲ့ အမှတ်အသား၊ လွတ်လပ်ခြင်းရဲ့ တမန်တော်၊ ရဲရင့်ခြင်းရဲ့ ၀တ်ရုံလွှာ..သူမကို ဘယ်အရာဘယ်အာဏာစက်ကမှ တုန်လှုပ်စေမှာ မဟုတ်ဘူး။ ဒီကနေ့သူမရဲ့ ၆၃ နှစ်မြောက်မွေးနေ့မှာ ကျွန်တော် လေ့လာဖူးသမျှ ဗေဒင်ပညာတွေရဲ့ ရှုထောင့်ကနေ သူမရဲ့ဇာတာနဲ့ပက်သက်တဲ့ အမြင်အချို့ကို တင်ပြလိုက်ပါတယ်။

ဒါဟာ သူမရဲ့မွေးချိန် မနက် ၅.၃၇ မိနစ် ကို တွက်ချက်ဖွဲ့ထားတဲ့ နိရာယန ဇာတာခွင်ဖြစ်ပါတယ်။ ဇာတာမှာတော့ မေထုန်လဂ်ဖြစ်ပါတယ်။ မူကွဲတွေမှာတော့ ဓနုလဂ်အဖြစ်လည်း တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ သူမဟာ မေထုန်လဂ်သမားဖြစ်ဖို့များပါတယ်။ ထက်မြက်ထူးချွန်တဲ့ လူ၊ ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်လို့ သူမဇာတာမှာလည်း ထူးခြားတဲ့ဂြိုဟ်မြင်ယှဉ်မှုတွေ၊ ယုဂ်တွေကို တွေ့ရပါတယ်။ လဂ်သခင် ကသစ်အားရြှိ့ပီး လဂ်မှာပဲ တနင်္ဂနွေနဲ့ပူးပြီး ယုဂ်ဖြစ်နေတာ(စကားပြောဆိုမှုကောင်းခြင်း၊ ပရိယာယ်ကြွယ်ဝခြင်း၊ ဥာဏ်ပညာထူးချွနခြင်း)၊ လဂ်မှာ ပညာဥာဏ်ထက်စေတဲ့ ၄ တန့်၊ ၉ တန့်သခင်တွေ ယုဂ်အဖြစ် လာပူးတာ(ပညာအထူးအဆင့်မြင့်တတ်မြောက်ခြင်း၊ ပညာဖြင့် ကျော်ဇောခြင်း)၊ လဂ်မှာ ဇွဲသတ္တိ ၃ တန့်သခင် လာပူးနေတာ(၀ီရိယဇွဲကောင်းခြင်း စွန့်စားခြင်း)၊ အိမ်ထောင်သည်ဘ၀ကို ညွှန်ပြတဲ့ ၇ တန့်ကို ခွဲခွာခြင်းဂြိုဟ်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေနဲ့ရာဟု မြင်ပြီး ကိတ်လာရပ်နေတာ၊ ( မုဆိုးမဖြစ်ရခြင်း ) စတဲ့ ဂြိုဟ်အနေအထားတွေကို တွေ့ရပါတယ်။

သူမရဲ့ဘ၀မှာ အထင်ကရဖြစ်စေမယ့် ၁၉၉၀ ရွေးကောက်ပွဲ အချိန်ကို ကြည့်မယ်ဆိုရင် ကောဇာဂြိုဟ်နေတွေဟာ သူမကို မဲ ၈၀ ရာခိုင်နူန်းကျော်နဲ့ အပြတ်သတ်အနိုင်ရအောင် ကူညီပံ့ပိုးခဲ့တာတွေ့ရပါတယ်။ ဥပမာ အဲဒီတုန်းက ကောဇာကြာသပတေးဂြိုဟ်ကြီးဟာ သူမရဲ့ လဂ်အပေါ်စီးနေပြီး လူအများကို ဆွဲဆောင်စည်းရုံးနိုင်တဲ့ ၇ တန့်ကိုမြင်တယ်၊ ၇ တန့်မှာ ယူရေးနပ်စ်ဂြိုဟ်လည်း ရပ်ပေးနေပါတယ်။ နောက်ပြီး ငြိမ်းချမ်းရေးနိုဗယ်ဆုရတဲ့ ၁၉၉၁ ကိုထပ်ကြည့်ရင် သူမရဲ့ ၂ တန့်ဘာဝမှာ ကောဇာ ကြာသပတေးက ဥစ်ြ၈ိုဟ်အဖြစ် အင်အားကောင်းစွာ ရပ်နေခဲ့ပြီး နိုင်ငံရေးအောင်မြင်မှု ၁၀ တန့်ဘာဝ (သူပိုင်ဘာဝ)ကို အမြင် ရှိခဲ့ပါတယ်။ ဘုန်းတန်ခိုး၊သြဇာအာဏာ၊ စည်းရုံးနိုင်ခြင်း စတဲ့ အောင်မြင်မှုများစွာ ရရှိခဲတဲ့ ရွှေရောင်ကာလတွေဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် တစ်ကမ္ဘာလုံးအံ့သြထိတ်လန့်ခဲ့ရတဲ့ ၂၀၀၃ မေလ ၃၀ ရက်နေ့မှာ သူမအသက်ကိုတောင် လုပ်ကြံခံရလောက်တဲ့အထိ ကံနိမ့်သွားခဲ့ပါတယ်။ ဒါပေမယ့် အသက်အန္တရယ်ကို လွတ်မြောက်အောင် ကြာသပတေးကပဲ ကယ်တင်ရှင်ဖြစ်ခဲ့ပါတယ်။ အဲဒီခရီးသွားနေတဲ့ကာလမှာ ကောဇာအင်္ဂါဟာ သူမရဲ့ အသက်ဘာဝ ၈ တန့်ကို စီးနင်းပါတယ်။ ၁၉၉၁ သူမအောင်မြင်မှုတွေတောက်ပခဲ့တုန်းကလို ကောဇာ ကြာသပတေးဟာ သူမရဲ့ ၂ တန့်မှာ ဥစ်ဂြိုဟ်အဖြစ်ရပ်နေပါတယ်။ ဒါကြောင့် သူမရဲ့ တကျော့ပြန်အောင်မြင်မှုတွေကို ပြည်သူတွေရှိရာပြန်လာခွင့်ရတဲ့ အဲဒီကာလမှာပဲ ခိုင်ခိုင်မာမာ ပြန်ရလာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလုပ်ကြံခံရတဲ့ ဖြစ်ရပ်အပြီးမှာ ၆ တန့် ၁၂ တန့်ဆိုတဲ့ အချုပ်အနှောင်ဘာဝတွေကို ထောင်ကာရက ရာဟုက ရပ်တည်မြင်ယှဉ်နေတဲ့အတွက် သူမဟာ ခုထက်ထိကို ပြန်လည် အကျဉ်းချခံခဲ့ရပါတယ်။

ဒါကပြီးခဲ့တဲ့ အတိတ်ကာလတွေက သူမရဲ့ အထင်ရှားဆုံးဖြစ်ရပ်တွေကို နက္ခတ်ဗေဒင်ရဲ့ ကောဇာအစီးအနင်းစနစ်တစ်ခုတည်းနဲ့သာ သုတေသနလုပ်ထားတာပါ။ အချိန်ရှားပါးမှုကြောင့် ကျန်တဲ့ ဒသာစနစ်၊ အိုဒီပရောဂရက်စနစ်၊ ၀ဿဖလစနစ်တွေနဲ့ အသေးစိတ်မရေးဖြစ်ခဲ့ပါဘူး။ အတိတ်ကဟာတွေကတော့ ဟုတ်ပါပြီတဲ့။ သူမအတွက် အနာဂတ်အခြေအနေလည်း လုပ်ပါဦးလို့ မြန်မာပြည်သူတစ်ယောက်က ဆိုလာခဲ့ရင် အဖြေအသင့်ရှိပါတယ်။ အခု ၂၀၀၈ ကနေ လာမယ့် ၂၀၁၀ ကြားကာလမှာ သူမအတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့အတူ အောင်မြင်မှုများစွာကိုလည်း ရရှိဦးမှာဖြစ်ကြောင်း ...တွက်ချက်ရရှိထားပါတယ်။ တကယ်တော့ သူမလို လူမျိုးရဲ့ဇာတာကို ဒီတိုင်းဟောကိန်းထုတ်ရမှာ မဟုတ်ပါဘူး။ နိုင်ငံတော်ရဲ့ ဇာတာ၊ ပြိုင်ဘက်တွေရဲ့ ဇာတာတွေနဲ့အတူ၊ နေလကြတ်ဇာတာ၊ လဆန်းလပြည့်ဇာတာခွင်တွေနဲ့ ပေါင်းစပ်အဖြေညှိပြီးမှသာ အဟောထုတ်ရမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ်သိချင်နေတဲ့ အဖြေတစ်ခုကို ကိုယ်တတ်ထား၊လေ့လာထားသမျှလေးနဲ့ အားထုတ်အဖြေရှာလိုက်ရမှ အစာကြေသွားမှာဖြစ်လို့ တတ်နိုင်သမျှအမြင်နဲ့ ဟောကိန်းပြုလိုက်ရပါတယ်။

အထူးသတိထားရမယ့်အရာတစ်ခုကို သူမဇာတာမှာတွေ့ရပါတယ်။ ၁၂ တန့်မှာရပ်နေတဲ့ ယူရေးနပ်စ်ပါပဲ။ ဒါဟာ လျှို့ဝှက်ရန်သူ၊ မထင်မှတ်တဲ့ ဟန်ဆောင်မိတ်ဆွေ၊ ရုတ်ချည်းဒုက္ခပေးခံရတာတွေကို ဖော်ပြနေပါတယ်။ အဲဒါကိုတော့ သတိထားရပါလိမ့်မယ်။ လူယုံစိတ်မချရတာမျိုးလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နေမင်းရဲ့ သမီးတော်ဟာ နှစ်ပေါင်းများစွာ မြန်မာပြည်ရဲ့ အသည်းနှလုံး၊ ပြည်သူတွေရဲ့ အသွေးသား၊ အနာဂတ်ရဲ့ အလင်းရောင်..အဖြစ် လာမယ့် ကာလတစ်ခုမှာ လွတ်လပ်ခြင်းတောင်ပံတွေကို ရိုက်ခတ်ပျံသန်းပါတော့မယ်။ တစ်ချိန်က ဥာဏ်ပညာတွေ၊ မေတ္တာတရားတွေနဲ့ စူးလဲ့တောက်ပနေတဲ့ သူမမျက်ဝန်းတွေဟာ အခုထက်ထိလည်း အရောင်မမှိန်သေးဘူးဆိုတာ ကျွန်တော်တို့အားလုံး စိတ်ချယုံကြည်နေမှာ ဖြစ်ပါတယ်။

နေမင်းရဲ့ သမီးတော် ကျန်းမာပါစေ။

1 comment:

Anonymous said...

ဒါဟာ သူမရဲ့မွေးချိန် မနက် ၅.၃၇ မိနစ် ကို တွက်ချက်ဖွဲ့ထားတဲ့ နိရာယန ဇာတာခွင်ဖြစ်ပါတယ်။ ဇာတာမှာတော့ မေထုန်လဂ်ဖြစ်ပါတယ်။ မူကွဲတွေမှာတော့ ဓနုလဂ်အဖြစ်လည်း တွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ သူမဟာ မေထုန်လဂ်သမားဖြစ်ဖို့များပါတယ်။ ထက်မြက်ထူးချွန်တဲ့ လူ၊ ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်လို့ သူမဇာတာမှာလည်း ထူးခြားတဲ့ဂြိုဟ်မြင်ယှဉ်မှုတွေ၊ ယုဂ်တွေကို တွေ့ရပါတယ်။ လဂ်သခင် ကသစ်အားရြှိ့ပီး လဂ်မှာပဲ တနင်္ဂနွေနဲ့ပူးပြီး ယုဂ်ဖြစ်နေတာ(စကားပြောဆိုမှုကောင်းခြင်း၊ ပရိယာယ်ကြွယ်ဝခြင်း၊ ဥာဏ်ပညာထူးချွနခြင်း)၊ လဂ်မှာ ပညာဥာဏ်ထက်စေတဲ့ ၄ တန့်၊ ၉ တန့်သခင်တွေ ယုဂ်အဖြစ် လာပူးတာ(ပညာအထူးအဆင့်မြင့်တတ်မြောက်ခြင်း၊ ပညာဖြင့် ကျော်ဇောခြင်း)၊ လဂ်မှာ ဇွဲသတ္တိ ၃ တန့်သခင် လာပူးနေတာ(၀ီရိယဇွဲကောင်းခြင်း စွန့်စားခြင်း)၊ အိမ်ထောင်သည်ဘ၀ကို ညွှန်ပြတဲ့ ၇ တန့်ကို ခွဲခွာခြင်းဂြိုဟ်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေနဲ့ရာဟု မြင်ပြီး ကိတ်လာရပ်နေတာ၊ ( မုဆိုးမဖြစ်ရခြင်း ) စတဲ့ ဂြိုဟ်အနေအထားတွေကို တွေ့ရပါတယ်။


ဟုတ်တယ်။ ဒါပေမဲ့ သူရဲ့ မေထုန်လဂ် က အံသာသိပ်နဲနေတော့ ဓနုဖက်ကို အားသန်တယ်လို့ထင်တယ်။ ဒါကလဲ ၂မျိုးရှိတော့ ကွဲနိုင်ပါတယ်။ ဒါပေမဲ့ ကိုယန်းဂန်တွက်တာ လဲ သူဓနုဖက်ကို အားပိုသာနေတယ်လေ။

မြတ်နိုး