Saturday, July 5, 2008

မိုးသည်းထဲမှာ အဖြေရှာ တွေ့လိုက်ရတာ တနင်္လာ

ငလျင်လှုပ်တာ၊ မိုးသည်းထန်ရေကြီးတာတွေဟာ ဂြိုဟ်နဲ့ရာသီခွင်ကြောင့်သာ မဟုတ်ပါဘူး။ ဥပမာဆိုရရင် အတိတ်တခါက အီဂျစ်နိုင်ငံက ကမ္ဘာကျော်နိုင်းမြစ်ကြီးရေလျှံတုန်းက နက္ခတ်နဲ့ အခု မြန်မာက နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်မှာလည်း အဲဒီနိုင်းမြစ်ရေကြီးချိန်က နက္ခတ်တာရာနဲ့ တစ်ထပ်တည်း ကျနေခဲ့ပါတယ်။

အခုလို မိုးလေထန်နေတဲ့နေ့ရက်တွေမှာ ဂြိုဟ်သွားပြက္ခဒိန်လေးသွားမကြည့်လိုက်လေနဲ့။ စန်းဆိုတဲ့ တနင်္လာဂြိုဟ် လမင်းဟာ ရေရာသီတွေမှာ ဖြတ်သန်းနေတာကို တွေ့ရမှာ ကျိန်းသေသလောက်ပါပဲ။ နောက်ရေဓာတ်ကာရကဖြစ်တဲ့ သောကြာဂြိုဟ်ကလည်း မြေ၊ ရေ ရာသီတစ်ခုခု၊ ဒါမှမဟုတ် ရေဓာတ်စိုးမိုးတဲ့ နက္ခတ်တွေကို စီးနင်းနေဖို့များပါတယ်။ ရှေးအခါက အခုလို မိုးလေ၀သနဲ့ဇလဗေဒဌာနတွေ ဘာတွေမရှိတဲ့အတွက် တိုင်းသူပြည်သားတွေဟာ နက္ခတ်တာရာပညာရှင်တွေကို ဒီနှစ်ရာသီဥတုနဲ့ ကောက်ပဲသီးနှံပေါများမှာလား၊ ဈေးကောင်းမကောင်း၊ မိုးခေါင်မှာလား၊ မိုးများမှာလား..စသဖြင့် မေးမြန်းတိုင်ပင်လေ့ရှိပါတယ်။ ပညာရှင်တွေကလည်း မိုးများမများ၊ ခေါင်မခေါင်၊နဲ့အတူ ပျိုးကြဲရက်၊ ရိတ်သိမ်းရက်၊ လှောင်ရမယ့်ရက်တွေကို နက္ခတ်အနေအထားတွေကြည့်ပြီး ဆုံးဖြတ်ဟောပြောအကြံပြုခဲ့ကြပါတယ်။

နက္ခတ်ဆိုလို့ သွားသတိရမိတယ်။ အခုခေတ် နက္ခတ်ဗေဒင်ဆရာ ဆိုသူတွေဟာ ဂြိုဟ်၊ ရာသီနဲ့ ဘာဝလောက်နဲ့သာ ဟောပြောလေ့ရှိပါတယ်။ စန်းစီးနက္ခတ်နဲ့ လဂ်စီးနက္ခတ်ဆိုတဲ့ အရေးကြီးတဲ့ စနစ်တွေကို မသိချင်ယောင်ဆောင်၊ ရောချလိုက်တာများပါတယ်။ ဟောခံရတဲ့သူကျေနပ်ရင်ပြီးတာပဲ ဆိုပြီး ရောချလို့ ပညာက တိုးတက်မလာပါဘူး။ ရှေးပုံပြင်ထဲက ပုဏ္ဍားဆရာဟာ ကောင်းကင်ကိုမော့ကြည့်ပြီး ဓနသိဒ္ဓိနက္ခတ်မွန်းတည့်ချိန်မှာ မဟာဝေဒမဗ္ပမန္တန်ကို ရွတ်ဖတ်လို့ ရွှေမိုး၊ငွေမိုး၊ ရတနာမိုးတွေ ရွာသွန်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။ နောက် စောရနက္ခတ်နဲ့ စန်းယှဉ်ပြီးမွေးဖွားလို့ သူခိုးကြီးဖြစ်လာတာ..အဲဒီဥပမာသင်္ကေတတွေ အရဆိုရင် နက္ခတ်တာရာတွေကို ဒီအတိုင်းလွှတ်ထားလို့မရပါဘူး။သတိထားစောင့်ကြည့်လေ့လာရပါမယ်။ ဥပမာဆိုပြရရင် ဥတ္တရာသန်နက္ခတ်နဲ့ စန်းယှဉ်ချိန်မှာ ငွေကြေး၊ ဥစ္စာပျောက်ရှတာ၊ အလိမ်ညာခံရတာတွေဖြစ်တတ်သလို လောင်းကစားလုပ်မိရင်လည်း အရှုးံနဲ့ရင်ဆိုင်ရတတ်ချိန်ဖြစ်ပါတယ်။ နောက်လူသိများတဲ့ နက္ခတ်တစ်လုံးဖြစ်တဲ့ ဓနသိဒ္ဓိနက္ခတ်နဲ့စန်းယှဉ်ချိန်မှာတော့ စာအုပ်ထုတ်တာ၊ အသိအတတ်ပညာဆည်းပူးတာ၊ ပညာရေးကိစ္စဆောင်ရွက်တာ၊ သင်တန်းအပ်တာ၊ ဆရာရှာတာတွေပြုလုပ်သင့်ပါတယ်။ ဒါနက္ခတ်တစ်လုံးချင်းစီရဲ့ သဘောသဘာဝတွေကို အမြည်းလေးညွှန်းဆိုထားတာပါ။

ရာသီဥတုမြေငလျင်ဆိုင်ရာ နက္ခတ်ပညာမှာလည်း မြေ၊ရေ၊လေ၊မီးဆိုတဲ့ ဓာတ်ကြီးလေးပါးဆိုင်ရာ နက္ခတ်အကြောတွေကို ပိုင်ဆိုင်ရာဂြိုဟ်တွေက လာစီးနင်းတဲ့အခါ ငလျင်လှုပ်တာ၊ မိုးသည်းထန်ရေကြီးတာတွေဟာ ဂြိုဟ်နဲ့ရာသီခွင်ကြောင့်သာ မဟုတ်ပါဘူး။ ဥပမာဆိုရရင် အတိတ်တခါက အီဂျစ်နိုင်ငံက ကမ္ဘာကျော်နိုင်းမြစ်ကြီးရေလျှံတုန်းက နက္ခတ်နဲ့ အခု မြန်မာက နာဂစ်မုန်တိုင်း တိုက်ခတ်ချိန်မှာလည်း အဲဒီနိုင်းမြစ်ရေကြီးချိန်က နက္ခတ်တာရာနဲ့ တစ်ထပ်တည်း ကျနေခဲ့ပါတယ်။ ဒါက နောက်ပိုင်း လေ့လာရင်းနဲတွ့ရှိချက်များသာဖြစ်ပါတယ်။ ပေါက်ပြီးမှဖော်တဲ့ ပေါက်ဖော် ဆိုပြီး ခနဲ့ပြစ်တင်နိုင်ပါတယ်။ နောက်တစ်ခါမုန်တိုင်း၊ ငလျင်တွေ၊ရေကြီးတာတွေ၊ အသေဆိုးနဲ့သေရနိုင်တာတွေ လောကကြီးမှာ ဖြစ်လာဦးမယ်ဆိုရင်တော့ ခုနက ပေါက်ဖော်ဆိုပြီး ခနဲ့ ဟားတိုက်ခဲ့တဲ့သူတွေ ဒီတိုင်းခေါင်းငုံ့သာခံကြပေတော့၊ သုတေသနလုပ် လေ့လာထားတဲ့သူ၊ကြိုတင်သိထားလို့ ပြေးနိုင်ရှောင်ရှားနိုင်သူတွေကတော့ လေညာက အနေသာကြီး နှပ်နေရုံပါပဲ

မှတ်ချက်၊ တနင်္လာဂြိုဟ်လမင်းသည် ရေရာသီဖြစ်သော ကရကဋ်၊ ဗြိစ္ဆာ၊ မိန်နှင့် ရေထက်ဝက်ရာသီဖြစ်သော မကာရ ဒုတိယ ဟောရတ်၊ ကုမ်ရာသီများသို့ ဖြတ်သန်းချိန်နှင့် သောကြာဂြိုဟ်ရေဓာတ်စိုးမိုးရာ နက္ခတ်များသို့ စီးနင်းချိန်တွင် မိုးရာသီတွင် ပုံမှန်နူန်းထက် မိုးရွာသွန်းပြီး ရေလည်းပါဝင်မှုများပြားပါသည်။ အရှေ့တိုင်းဟိန္နူနက္ခတ်ပညာ၏ ဥပဒေသများဖြစ်ပါသည်။

No comments: