Wednesday, July 16, 2008

ဇူလိုင် ၁၇ ( သို့မဟုတ် ) ဘ၀ခါးခါး ၂၅ နှစ်ပြည့် အမှတ်တရ


မူလဇာတာထဲက ဗြိစ္ဆာရာသီမှာ ကိုယ့်စိတ်ဓာတ်တွေ ရုပ်လုံးကြွတယ်။ မိသားစုအိမ်ကလေးနဲ့ ဝေးနေရတဲ့အဖြစ်မှာ ကြိုက်တဲ့သီချင်းက ဂျစ်ပဆီမိုးတိမ် ကိုယ့်နက္ခတ်တွေက အဲဒီလို မှိန်ဖျော့တယ်။ ကိုယ့်ဇာတာကိုယ်ဖတ်ချိန်မှာ အိပ်မက်တွေ ဆေးသားပြယ်နေတာကိုပဲ ခေါင်းခါလှောင်ရယ်မိတော့တယ်။


ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး။ ဇူလိုင် ၁၇ ရက်နေ့မှာ အသက်ကတော့ ၂၅ နှစ်ပြည့်သွားပြန်ပြီ။ ၁၅ နှစ်သားလောက်က သည်းကြီးမည်းကြီး လေ့လာခဲ့သမျှဗေဒင်ပညာတွေကို အခု ၂၅ နှစ်အထိ စိတ်ရောကိုယ်ပါ သယ်ဆောင်လာနေတုန်း။ အခုနေ နောက်ကြောင်းက စာမျက်နှာတွေကိုများ ဖြတ်ခနဲ လှန်ကြည့်လိုက်ရင် ကိုယ့်ဘ၀မှာ


ဗေဒင်ကျမ်းတွေကို ခေါင်းအုံးအိပ်ခဲ့ဖူးသလို ဗေဒင်ကျမ်းတွေကိုပဲ ကျောခိုင်းခဲ့ဖူးတယ်။ ဆရာအခေါ်ခံဆရာတွေနဲ့ ဆရာအထာနေခဲ့ဖူးသလို အပေအတေတွေနဲ့လည်း တွေ့ကရာခွေနေခဲ့ဖူးပါတယ်။ စိတ်ကိုလေ့ကျင့်ထိန်းမတ်ခဲ့ဖူးသလို စိတ်ကို ရောက်ရာပေါက်ရာ လွှတ်ပေးခဲ့ဖူးတယ်။ တွေ့ကရာလူမှန်သမျှ စွတ်ရွတ်ဟောခဲ့ဖူးသလို ဟောသမျှလွဲလို့ စပ်ဖြဲဖြဲလေးနဲ့လည်း ရူးချင်ယောင်ဆောင်နေခဲ့ဖူးပါတယ်။ ဆရာတစ်ဆူလို ခေါင်းရင်းမှာ လေးစားနေရာပေးခံခဲ့ရသလို လမ်းဘေးဂစ်တာအော်ဟစ်တီးလို့ အချုပ်ထဲတစ်ညအိပ်ခဲ့ရဖူးပါတယ်။ လူငယ်ပီပီသသ အသည်းကွဲခဲ့သလို လူငယ်မပီမသနဲ့ ဒဏ်ရာကို မျိုချခဲ့ရဖူးတယ်။ မှန်လိုက်တာ ဆရာရယ်လို့ ချီးမွမ်းခံခဲ့ရသလို သောက်ဖြစ်မရှိတဲ့ကောင်ပါကွာလို့လည်း တိတ်တိတ်ကလေး အဆဲခံခဲ့ရဖူးတယ်။

တားရော့ကားချပ်ထဲက နံပါတ်ကိုး ဟာမစ်ကတ်ထဲမှာ ကိုယ့်ကျင့်စဉ်ကို ရှာဖတ်ကြည့်တယ်။ မွေးရက်က ၁၇ ကြယ်တာရာကားချပ်ထဲက ဗလာကိုယ်ထီးနဲ့ ပညာနတ်သမီးလေးကို ငေးမောမိတယ်။ ကိုယ်ပိုင်ရာသီကရကဋ်ထဲက အစွဲအလန်းခံစားချက်ကြီးသူအဖြစ် နှလုံးသားကို ရေးခြစ်တယ်။ မူလဇာတာထဲက ဗြိစ္ဆာရာသီမှာ ကိုယ့်စိတ်ဓာတ်တွေ ရုပ်လုံးကြွတယ်။ မိသားစုအိမ်ကလေးနဲ့ ဝေးနေရတဲ့အဖြစ်မှာ ကြိုက်တဲ့သီချင်းက ဂျစ်ပဆီမိုးတိမ် ကိုယ့်နက္ခတ်တွေက အဲဒီလို မှိန်ဖျော့တယ်။ ကိုယ့်ဇာတာကိုယ်ဖတ်ချိန်မှာ အိပ်မက်တွေ ဆေးသားပြယ်နေတာကိုပဲ ခေါင်းခါလှောင်ရယ်မိတော့တယ်။ အဲသလိုဆို မင်းဘာလုပ်မလဲလို့ ဆရာသခင်က မေးလာတော့ ကျနော် သုညလေးလုပ်ပါမှာပါလို့ ဗလာဖြေဖြေလိုက်မိတာ မှားသလားသူငယ်ချင်းတို့ရယ်.....................

4 comments:

Anonymous said...

ဟောလိုက်ရမယ် ဆိုရင်တော့ စိတ်ကူးယဉ်မှုတွေကို လျော့ချပြီး ဘ၀ကို လက်တွေ့ ကျကျ လျှောက်လှမ်းနိုင်ပါစေ အပေါ်ယံအားဖြင့် လူပျင်းလေး ဖြစ်ပေမယ့် ဇွဲကောင်းချင်တဲ့နေရာမှာ လည်း ကောင်းနေပြန်ရော လှို့ ဝှက်နက်နဲတဲ့ ပညာတွေ ၀ါသနာ ထုံလွန်းပေမယ့် စိတ်များလွန်းလို့ ခရီးမပေါက် ဖြစ်လိမ့်မကွဲ့ ဇနီးကောင်းလေးတော့ ရမှာပါကွ စိတ်မပူပါနဲ့ ဟီးဟီး ဆြာရွှီး

Youn Gun said...

အဟီး အကုန်သိချင်လို့ အကုန်လေ့လာနေတာပါ။ မတစ်လုံးကြေခဲ့တဲ့ ဆရာတော်ကြီးရှိခဲ့သလို ကိုယ်လည်း မတစ်လုံးမကြေဘူးလို့ ဘယ်သူကမှ မပြောနိုင်ပါဘူး။ ပညာတွေကို ဆုပ်ကိုင်ထားသလို တစ်ပြိုင်တည်းမှာလည်း လွှတ်ချထားတဲ့သူ ..အဲလို မျှော်လင့်မိပါရဲ့ဗျာ။

Anonymous said...

Oh..i found another cancerian who interested in Astrology. .
Happy belated birthday..
Keep it up Mr.Younggun..
1of the top astrologist -MinThainKha is a cancerian too. =)

မောင်ဘိုတောက် said...

အကိုရေ .. ကျနော့်ဆီက connection ကြောင့် လားတော့ မသိဘူး .. ။ အကို့ဆီကို လာတိုင်း Title တွေပဲ မြင်ရပြီး ကျန်တာ မမြင်ရဘူုး ဖြစ်နေတာ .. ။ ခုတောင် ဆီဗုံး ပျောက်နေလို့ ဒီမှာပဲ ရေးလိုက်တယ်။ လာမလည်ဖြစ်တာ ကြာလို့ပါဗျာ ..