Monday, August 18, 2008

ဘာလဲဟဲ့ အိုဘယ့် ..... ဗေဒင်ဆရာ


အနုနည်း၊ အကြမ်းနည်း၊ ဖြီးဖြန်းလှိမ့်ဟောက်နည်းများ၊ ချော့မော့ မြှောက်ပင့်နည်းများဖြင့် ထိုထို ဆရာအမည်ခံ၊ ပညာကို ခုတုံးလုပ်စား၊ ခွင်ရိုက်ပြီး ဘိုးစဉ်ဘောင်ဆက် ဗေဒင်ပညာအပေါ် အားကိုး ယုံကြည်မှုကြီးမားခဲ့ကြသော မြန်မာနိုင်ငံသူ၊နိုင်ငံသား အပေါင်းကို လိမ်ညာခြောက်လှန့် စားသောက်လျက်ရှိကြသည်ကို အော့နှလုံးနာဖွယ် တွေ့ရှိနေရသည်။

  • မယုံဘူးဆိုတာ မကုန်ဘူးသေးလို့ပါ။ ( ဆရာ ဂွင်ဖန် )
  • သောက်သောက်လဲကုန်ချင်သူတိုင်း ဆရာမကြီးနှင့်တွေ့ကြသည်၊ ဆရာမကြီးနှင့်တွေ့ဖူးသူတိုင်း ခွက်ဆွဲရမတတ် ပလုံသွားတတ်သည်။ ( ဆရာမရှင်ဂွမ်းဂွိ )
  • ကမ္ဘာကျော် နယ်လှည့်ဆရာကြီး ဦးကြောင်ဖား အီသီယိုပီးယားမှ ပြန်ရောက်လာပါပြီ။ မွဲဆေးဖေါ်လိုသူတိုင်း ကြွရောက်ကြပါရန်။
  • သင့်ရဲ့မနက်ဖြန်များစွာကို ဆရာ့ပညာနဲ့ပိုမို အောက်ကျနောက်ကျဖြစ်လိုက်စမ်းပါ။ ( ဓာတ်ရိုက် ဓာတ်ဆင်ဘုရင် ဆရာအာဖန်တီး )
  • သင်နှစ်သက်သည့် ပညာဖြင့် လိုအပ်သလို ရွှီးပေးသည်။ ( ဆရာစုံစီနဖာ )
  • အဖဆရာ ပေးသော တရုတ်ဗေဒင်ပညာဖြင့် ပေါက်ကရအကုန်ဟောသည်။ ( ဆရာမ လင်ရှောက်ရှာ )
  • ယနေ့ ခေတ်မီသူတိုင်း ဆရာနဲ့လာ ဆွေးနွေးကြသည်။ ဆွေးနွေးပြီးတိုင်း ရန်ဖြစ်ပြီး ပြန်ကြသည်။ ( ဆရာ မိုက်ခဲ )
  • ခြောက်ဟော၊မြှောက်ဟောပေးမည်။ လူကြည့်အကဲခတ်ဟောသည်။ ( ဆရာရမ်းတုတ်ဖြီး )
  • အချစ်ရေး၊ အိမ်ထောင်ရေး တစ်တစ်ခွခွဟောပေးသည်။ ( ဆရာမကြီး ဒေါ်စပ်စလူးစိန် )
  • မင်းသား လွင်မိုးကို မှန်ပြန်ပြီ၊ဘယ်နားလဲတော့ မသိ။ ( ဆရာကြီးလေကျယ်၏သား ဆရာအာပေါဝါယော )


ဖော်ပြပါ ဆရာ့၊ဆရာကြီးများသည် အောက်ပါ တန်ဖိုးနည်း သက်သာသော နည်းစနစ်များဖြင့် အများပြည်သူများအတွက် ကူညီဖေးမပေးသည်ကို လေ့လာတွေ့ရှိရသည်။

"ဗေဒင်ဟောခက စေတနာအလျောက်ပါ။ ယတြာကတော့ ပညာ အစွမ်းထက်အောင်လို့ ဥာဏ်ပူဇော်ခ အဖြစ် ငါးသောင်းလောက်ပဲ ပေးပါ။" ဟူ၍ တစ်မျိုး၊ "ဆရာကခုနှစ်ရက်သားသမီး ကျန်းမာချမ်းသာအောင် ပညာနဲ့ ကူညီတာ၊ ဘာငွေကြေးမှပေးစရာမလိုဘူး။ အဲ..ဆရာ့သားလေးကိုတော့ ကုမ္ပဏီမှာ အလုပ်သွင်းပေးနော်။ " ဟူ၍တစ်နည်း၊ " ဆရာက ကူညီတာပါ။ ဒီယတြာက လူရင်းတွေမှ လုပ်ပေးတာ၊ တော်ရုံလုပ်ပေးတာမျိုးမဟုတ်ဘူး။ သေချာလုပ် စတိတ်ရှိုးပွဲ လူဝင်စေရမယ်။ ဆရာ့အတွက် မေတ္တာလက်ဆောင် လက်မှတ် ငါးစောင်လောက်တော့ ပြန်ကျေးဇူးပြုပေးဦးနော် အဟင်းဟွင်း.".ဟူ၍ သောက်ရှက်မရှိ ပီဘိ ဘဲနာရုပ်ဖြင့် လုပ်ကြံဖန်တီးသည်က တစ်ဟန် " အထက်ဆရာအဘတို့က ညွှန်ကြားလို့ ကူညီမစတာ ကန်တော့ပွဲဖိုး တစ်သိန်းတော့ ပြန်လှူပေါ့လကွယ်.." ဟူ၍ တစ်ဖုံ..မျိုးစုံ အနုနည်း၊ အကြမ်းနည်း၊ ဖြီးဖြန်းလှိမ့်ဟောက်နည်းများ၊ ချော့မော့ မြှောက်ပင့်နည်းများဖြင့် ထိုထို ဆရာအမည်ခံ၊ ပညာကို ခုတုံးလုပ်စား၊ ခွင်ရိုက်ပြီး ဘိုးစဉ်ဘောင်ဆက် ဗေဒင်ပညာအပေါ် အားကိုး ယုံကြည်မှုကြီးမားခဲ့ကြသော မြန်မာနိုင်ငံသူ၊နိုင်ငံသား အပေါင်းကို လိမ်ညာခြောက်လှန့် စားသောက်လျက်ရှိကြသည်ကို အော့နှလုံးနာဖွယ် တွေ့ရှိနေရသည်။ စိတ်မကောင်းပါ။ မသိနားမလည်သော လူများအတွက် စိတ်မကောင်းသလို၊ ဗေဒင်ပညာကို လူပြက်များ၏ ပျက်လုံးထဲရောက်သည်အထိ စုတ်ပြတ်သတ်အောင် လုပ်နေကြသော ငနဲသားဘဲကြီးများကိုလည်း အမှုန့်ကြိတ်စက်ထဲ အပြွတ်လိုက်ထည့်ပစ်လိုက်ချင်ပါသည်။ ခဲဆယ်လုံးပစ် တစ်လုံးမှန် နံကြားထောက်ဟောကိန်းများ ပေပွနေသော ခေတ်ထဲတွင် တစ်ခေတ်တစ်ခါက တောက်ပ လင်းမြခဲ့သော ရှေးမြန်မာဗေဒင်ပညာရှင်ကြီးများ၏ တစ်ခွန်းဟော တစ်ခွန်းမှန်သော ရဲရဲတောက် ဧကံသ ဟောကိန်းများကို ပြန်လည် တမ်းတအောင့်မေ့မိပါတော့သည်။

5 comments:

Heartmuseum said...

ဟိုက်ရှားပါး.. ဆော်လှချေလား..... ကိုရောင်ဂန်းရေ

YoungGun said...

ဒါတောင် မနည်းလျှော့ထားရတာ၊ ဗေဒင်ပညာကို စုတ်ပြတ်အောင် လုပ်နေတဲ့သူတွေ ဖြုတ်ထုတ်သတ် လုပ်ပစ်သင့်တာဗျ

Anonymous said...

သောက်ကျိုးနည်းကောင်းကွာ သောက်မြင်ကပ်လောက်အောင်ကောင်း။

U Naing Win
London

utinbobo said...

ဟုတ်ပ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး “ကိုရန်းဂန်း” အားလုံးရှေ့ကနေ သေနတ်ဆွဲပြီး ထွက်တိုက်နေခဲ့တာ ကြာလှပေါ့။ အဲဒီတုန်းကတော့ သိပ်အလေးအနက် မထားမိဘူး။ အခု ဒီ အပုပ်နံ့က ထောင်းထောင်းထလာတော့ ကိုယ်လည်း မနေသာတော့ဘူး။ ဒီတော့ မနေသာတော့ဘဲ ရေးလိုက်ရတော့တာဘဲ။ ကျေးဇူးဘဲ ကိုရန်း ရေ။

Carey said...

VERY GOOD, GOOD-HTEE, GOOD-MA MA HOTE BU