Wednesday, August 20, 2008

အမြင်မှားပြီး အမြင်မကပ်ကြစေဖို့...


အဲဒါ လနှစ်စင်းကိုကမ္ဘာကနေ သာမန်မျက်စိနဲ့မြင်ရမယ်လို့လျောက်ရေးနေကြတာပါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ကမ္ဘာနဲ့ ဘယ်လောက်နီးလာပါစေ လနှစ်စင်းလိုတော့ ဘယ်လိုမြင်နိုင်မှာလဲ စဉ်းစားကြည့်လို့ရပါတယ။် telescope နဲ့ကြည့်မှ မြင်နိုင်တာမျိုးပါ။ သာမန်ထက် နည်းပိုတောက်လာမယ် ။ လိမ္မော်ရောင်သန်းနေတာကို မြင်နိုင်မယ် ကြယ်တလုံးအသွင်ထက်ကိုပြီး လ၀န်းလိုတော့ မမြင်နိုင်ပါဘူး။

လာမယ့် စက်တင်ဘာ ၂ ရက်နေ့ ဂရင်းနစ်စံတော်ချိန် နံနက် ၃.၂၇ မိနစ်နဲ့မြန်မာစံတော်ချိန် နံနက် ၁ဝ.၂၇ မိနစ်မှာ တနင်္လာ၊ အင်္ဂါ၊ သောကြာ၊ဗုဒ္ဓဟူးဂြိုဟ်လေးလုံး ပူးမယ်လို့ ဒီနေ့ထုတ် ပြည်မြန်မာဂျာနယ်ပါ သတင်းတစ်ပုဒ်က ဆိုပါတယ်။ ဂြိုဟ်ပူးမယ့်ဒေသဟာ သြစတေးလျ၊ မြောက်ဘက်ပါပူဝါနယူးဂီနီကျွန်းအနီး၊ မြောက်ပစိဖတ် သမုဒ္ဒရာအတွင်းမှာ ပူးမည်ဖြစ်ကြောင်း၊ ဂြိုဟ်ပူးခြင်းကြောင့် တောင်အာရှဒေသတွေမှာ ငလျင်လှိုင်းများ ပေါ်ပေါက်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံမှာတော့ အဲဒီနေ့ နေ့လယ် ၁၁.၁၅ မိနစ်ကနေ ၁.၂ဝ မိနစ်အတွင်း မွေးဖွားမယ့် ကလေးတွေဟာ ထူးခြားထင်ရှား သြဇာအာဏာမြင့်မားနိုင်ကြောင်း၊ ထူးချွန်တဲ့ ပါရမီရှင်တွေဖြစ်လာနိုင်ကြောင်း၊ ည ၁ဝ.၄၅ ကနေ ၅ဝ အတွင်းမွေးရင်တော့ ကြီးပွားတိုးတက်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံနက္ခတ်တာရာ ပညာရှင်များအသင်း ဥက္ကဌ ကိုဇေယျာကိုရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။

အဲဒီအကြောင်းအရာနဲ့ပက်သက်ပြီး နေကြတ်အပြီး ရုရှားစစ်ဖြစ်မှာ၊ မူရှာရက်ရှ် ရာထူးကနေ နူတ်ထွက်တာမျိုး လို တိကျမှန်ကန်တဲ့ ကမ္ဘာ့ရေးရာ ဟောကိန်းတွေကို ကြိုတင်ဟောကိန်းထုတ်ပြခဲ့သူ မြန်မာလူမျိုး Astro-Philosopher ဆရာဘဲလားလေဘာတီရဲ့ အမြင်ကို ဒီမှာ ဖော်ပြလိုပါတယ်။

ဆရာဘဲလားလေဘာတီရဲ့အမြင်သုံးသပ်ချက်

" ဒါတွေကပေါပြူလာဖြစ်ချင် လို လူတတ်ကြီးလုပ် ရေးနေကြတာပါ။ ဂြိုဟ်တွေကတော့ မကြာမကြာ ၃ လုံးလေးကပူးနေမှာပဲလေ။ ဂြိုဟ်တွေ ဘယ်နှစ်လုံးပဲ ပူးပူး မပူးပူး ထူးခြားတဲ့ဖြစ်ရပ်တွေကရှိနေတတ်တာပဲလေ။ နေကြတ်မကြတ် ထူးခြားတဲ့ ဖြစ်ရပ်တွေကရှိနေတတ်ကြတာချည်းပါပဲ။ အဓိကကတော့ ဟောကိန်းတစ်ခုကဘက်စုံကိုလေ့လာပြီးမိမိ အတွေးအခေါ် နဲ့ ပေါင်းစပ် ဟောကိန်းထုတ်ရတာမျိုးပါ.ထားပါတော့ နေကြတ်တယ် Musharraf ဇာတာကို မသိဘဲ အဲဒီလိုဟောကိန်းဘယ်ထုတ်လို့ ရမလဲ။ ဒီလိုပဲ ဂြိုဟ်ဘယ်နှလုံးဘဲ ပူးပူးမိမိကအဲဒီအပေါ်မှာ ဘယ်လိုဟောကိန်းမျိုးကိုထုတ်မှာလဲ။ ဥပမာ ကမ္ဘာရေးရာတွေကို ဟောကိန်းထုတ်မှာလား ဘယ်မှာလဲ အဲဒီ ဟောမယ့်ဆရာဆီမှာ UN ဇာတာ။ ဘယ်မှာလည်း Bush ဇာတာ။ ဘယ်မှာလည်း အမေရီကန်လွတ်လပ်ရးဇာတာ။ဘယ်မှာ အီရန်သမ္မတဇာတာ၊ ဘယ်မှာလည်း တရုတ် ကွန်မြူနစ် စထူထောင်တဲ့ ဇာတာ။ ဘယ်မှာလဲ ရုရှားသမ္မတ ဇာတာ စသဖြင့်ပေါ့  အားလုံး အစုံအလင်စုဆောင်းထားရပါတယ်၊ ဂြိုဟ်တွေပူးတာမြင်ရုံနဲ့  ဂြိုဟ်ပူးတာကိုဂျာနယ်ထဲ ရေးပြရုံနဲ့ ဘာမှ ဖြစ်မလားပါဘူး၊ဒါတွေဟာ ဂြိုဟ်သွားပြက္ခဒိန်မှာရှိနေပြီးသာ တွေပါပဲ။ "

ပြီးတော့ အခုတစ်လော အီးမေလ်တွေမှာ ဖော်ဝက်ဒ်လုပ်နေကြတဲ့ လနဲ့အင်္ဂါဂြိုဟ်ပူးမယ့် သြဂုတ် ၂၇ မှာ အင်္ဂါဂြိုဟ်ဟာ ပုံပါအတိုင်း လနီးနီးကိုတောက်ပမယ်လို့ ပြောနေရေးနေကြတာနဲ့ပက်သက်ပြီး ဆရာ့ရဲ့အမြင်ကို တစ်ဆင့်တင်ပြလိုက်ပါတယ်။

ဆရာဘဲလားလေဘာတီရဲ့အမြင်သုံးသပ်ချက်

" အဲဒါ လနှစ်စင်းကိုကမ္ဘာကနေ သာမန်မျက်စိနဲ့မြင်ရမယ်လို့လျောက်ရေးနေကြတာပါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ကမ္ဘာနဲ့ ဘယ်လောက်နီးလာပါစေ လနှစ်စင်းလိုတော့ ဘယ်လိုမြင်နိုင်မှာလဲ စဉ်းစားကြည့်လို့ရပါတယ။် microscope နဲ့ကြည့်မှ မြင်နိုင်တာမျိုးပါ။ သာမန်ထက် နည်းပိုတောက်လာမယ် ။ လိမ္မော်ရောင်သန်းနေတာကို မြင်နိုင်မယ် ကြယ်တလုံးအသွင်ထက်ကိုပြီး လ၀န်းလိုတော့ မမြင်နိုင်ပါဘူး။ လနဲ့ ဖြစ်စေ ဂြိုဟ်အချင်းချင်းဖြစ်စေ ပူးယှဉ်တာကို ဒီဂရီ နဲ့ Declination ,altitude တွေပေါ်မှာဘဲ စံ ထားအပ်ပါတယ် လ၀န်းလို တော့အင်္ဂါဂြိုဟ်ကို သာမာန်မျက်စိနဲမမြင်နိုင်ပါ ဘူးသူများရေးတိုင်းမှန်တာတွေ မဟုတ်သလို solar system ကို မလေ့လာဘဲ ဒါတွေကိုယ်ရေးချင်တိုင်းရေးလို့ မရသလို ဒါမျိုးကို NASA ကရေးရင်တောင် ငြင်းပစ်လိုက်လို့ ရပါတယ်။ microscope နဲံ့ ကြည်ရင် အားကောင်းတဲ့ အပေါ် မူ တည်လို့  နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ လ၀န်းလိုမြင်နိုင်မှာပါ။ "

ယုံလွယ်သူတွေ၊ အကျွမ်းတဝင်မရှိဘဲ စွတ်ဆက် ဖော်ဝက်ဒ် လုပ်နေကြသူတွေ သတိထားဆင်ခြင်နိုင်ဖို့၊ အသိမမှားဖို့ လိုပါတယ်။ နဂိုတည်းက ဘာသာရေးသမားတွေ၊ သိပ္ပံသမားတွေက အမြင်ကပ်နေတဲ့ ဗေဒင်ပညာကို လူပိုအထင်သေးအောင် မလုပ်ကြပါနဲ့ဗျာ။

မှတ်ချက်၊ ဆရာဘဲလားလေဘာတီအကြောင်းကို အရင်ပို့စ်အဟောင်းတစ်ခုမှာ တိတ်ဆိတ်နေတဲ့ မြန်မာနက္ခတ်ပညာရှင်တစ်ဦးဆိုပြီး ရေးသားခဲ့ဖူးပါတယ်။

2 comments:

ရွှန်းမီ said...
This comment has been removed by the author.
youggun said...

အခုလို ပြူးနေအောင်မှားတဲ့ အမှားကြီးကို ထောက်ပြဝေဖန်တဲ့အတွက် ကျေးဇူးအထူးတင်ပါသည် ရွှမ်းမီကလေးခင်ဗျား