Sunday, October 19, 2008

တားရော့အဆောင် နောက်ဆက်တွဲ

နေဘက်ကို အစဉ်မျက်နှာမူလေ့ရှိတဲ့ နေကြာပန်းတွေဟာ နေဘက် မျက်နှာမမူဘဲ ကလေးဘက်လှည့်နေတာကို တွေ့ရပါလိမ့်မယ်။ တားရော့ပန်းချီဆရာက မှားဆွဲတယ်လို့ အရမ်းကာရော မပြောနဲ့ဦးနော်။ အချဉ်တော့ မဟုတ်ဘူး။ အဲဒါ ပညာ။

ဆရာကြီးမင်းသိင်္ခရဲ့ ပညာပေးဆောင်းပါးတွေဆီကနေ ဖတ်မှတ်လေ့လာဖူးတဲ့ ငွေကြေးအကျပ်အတည်းက လွတ်မြောက်စေတဲ့ တားရော့အဆောင်တစ်ခုကို ပြန်လည် မျှဝေပါ့မယ်။ Five of Wands လို့ ခေါ်ပါတယ်။ ရစရာရှိတာ မရ၊ ပေးစရာရှိတာ မပေးနိုင်ဖြစ်နေသူတွေ၊ ငွေကြေးကစားတဲ့ ကုန်သည်ပွဲစားတွေ၊ ကြွေးပူနေတဲ့သူတွေ၊ ကြွေးထူနေတဲ့သူတွေ စမ်းသပ်အဆောင်ပြုနိုင်ပါတယ်။ ဒီတိုင်း အိတ်ထဲပစ်ထည့် ဆောင်ကြည့်၊ မထူးရင် ရေမွှေးဆွတ်၊ မကြာခဏထုတ်နမ်း၊ ကတ်ပြားလေးကို ကသိုဏ်းရှုသလို ရှုပြီးဆောင်ကြည့်။ ချက်ချင်းဆောင်၊ ချက်ချင်းထူးတဲ့သူတွေရှိသလို၊ ရက်တွေ၊ လတွေချီလာမှ ထူးခြားလာတဲ့၊ ပွပေါက်တိုးတဲ့သူတွေလည်း လက်တွေ့ကြုံခဲ့ဖူးပါတယ်။ အဲဒါကို ဒီအဆောင်လေးကြောင့်ပါလို့ ၀န်မခံဘဲ သူ့ဖာသာကြံလို့ဖန်လို့ရလာတာပါ၊ အတိတ်ကံကြောင့်ပါ၊ ကိုယ်တိုင်ကြိုးစားလို့ပါ ဆိုပြီး ငြင်းလာရင်လည်း ဟဲဟဲဟဲ လို့သာ ရယ်လိုက်ပါမယ်။

နောက်ထပ် တားရော့အဆောင်တစ်ခုကတော့ ခုနဟာနဲ့အဆက်လို့ ဆိုရပါမယ်။ ငွေတော့ ၀င်လာပါပြီတဲ့။ ရှာဖွေသမျှ ဆီလို အပေါက်ရှာပြီး ထွက်ကုန်ရင်တော့ ဒီအဆောင်လေးကိုသာ ဆောင်ပေရော့ဗျာ။ အဆောင်က ငွေထွက်ပေါက်ကို ပိတ်နိုင်တယ်တဲ့လား ။ မယုံရင် ပုံပြင်သာမှတ်၊ ဒီတားရော့ရဲ့နာမည်ကိုလည်း ဖတ်ကြည့်ဦးလေ။ Temperance တဲ့။ ဘာတဲ့။ ခြိုးခြံချွေတာခြင်း၊ ရောင့်ရဲတင်းတိမ်ခြင်းပေါ့လေ။ အလကားနေ ငွေကုန်နေသူတွေ၊ ငွေယိုပေါက်များသူတွေ သေချာဆောင်ကြည့်။



နောက်ထပ် မှတ်မိသမျှ တားရော့အဆောင်တစ်ခုကတော့ The Sun တဲ့။ ပညာရှင်တွေ စကားဝိုင်းမှာတော့ နေမင်းရဲ့သားတော်လို့ ပြောကြပါတယ်။ ဒီကတ်ကရော ဘာအတွက်ဆောင်မှာလဲလို့ဆိုရင် ဒီလိုဆောင်ပါ။ ဥပမာ.. ကလေးလိုချင်တဲ့ အိမ်ထောင်သည်တွေရှိမယ်။ ရတဲ့ကလေးကိုလည်း စူပါ့စူပါ ငတော်ငတတ်ကြီး ဖြစ်လာစေချင်တယ်။ မွေးတဲ့အခါမှာလည်း ဘေးဥပါဒ်ကင်းချင်တယ်။ ကလေးကလည်း ထွားထွားကြီးနဲ့ ဥာဏ်ရည်ထက်သူကြီးဖြစ်စေချင်တယ်။ အဲလို ဆိုရင်တော့ ဒီကတ်ပြားကိုသာ ကိုယ်ဝန်ဆောင်သည်မှ ကလေးမွေးချိန်အထိ ဆောင်ပေရော့လို့ မှာလိုက်ပါရစေ။ ကတ်ပြားကို သေချာကြည့်လိုက်ပါ။ နေဘက်ကို အစဉ်မျက်နှာမူလေ့ရှိတဲ့ နေကြာပန်းတွေဟာ နေဘက် မျက်နှာမမူဘဲ ကလေးဘက်လှည့်နေတာကို တွေ့ရပါလိမ့်မယ်။ တားရော့ပန်းချီဆရာက မှားဆွဲတယ်လို့ အရမ်းကာရော မပြောနဲ့ဦးနော်။ အချဉ်တော့ မဟုတ်ဘူး။ အဲဒါ ပညာ။




ရှေးရှေးက ဂန္ဓာရီပညာရှင်တွေကတော့ တားရော့ကားချပ်တွေမှာ သင်္ကေတများစွာ မြှပ်နှံပြီး နောက်လူတွေကလော်စားနိုင်ဖို့ ထားရစ်ခဲ့ပါတယ်။ စနေမောင်မောင်စကားအတိုင်း ပြောမယ်နော်။ ဥာဏ်တူရင် ယူပေတော့….။

8 comments:

JulyDream said...

ကျွန်တော်က လက်ဖွာတယ် ခင်ဗျ။ ထူးထူးဆန်းဆန်း ကျွန်တော့် ကိုယ်ပိုင် တားရော့ကဒ်တွေကို နှိုးတော့ ကျွန်တော့် အဖွင့်ကဒ်က အဲဒီ ချိုးခြံချွေတာတဲ့ ကဒ် ရတယ်ဗျ။

Andy said...

ဟုတ်တယ် ဟုတ်တယ်... အဲဒီအဆောင်တွေသိတယ်
ထူးလဲထူးတယ်ဗျ

ပန်းခရမ်းပြာ said...

Temperance ကဒ်လေးကိုတော့ စိတ်ဝင်စားသား။

younggun said...

ထူးရင်ဆောင်၊ စိတ်ဝင်စားရင်ဆောင်ကြည့်ဗျို့။ ကျနော်ကတော့ Magician လေးဆောင်ထားတယ်။ ကြိုက်လို့။

CMO said...

လာဖတ်သွားတယ်ဗျို့

Ni Ni Win said...

ညီမဆီလာလည်ပေးတာကျေးဇူးပါနော်။
မှတ်ချက်လေးတွေချန်ထားပေးတာကိုလဲဝမ်းသာပါတယ်။
ညီမက ၁၀ဂဏန်းသမားဆိုတာကိုပြောတာပါ။
နောက် ၁၀ရက်နေ့ မှာမွေး ၁၀နှစ်ကြီးသူနဲ့ ၁၀ရက်နေ့တစ်ရက်မှာဆုံ နောက် ချစ်သွား ခုညားတယ်လေ။
အဲဒါကြောင့်၁၀ဂဏန်းက နည်းနည်းစွဲလန်းမိတယ်။
ဒါကိုပြောတာပါ။
အများအတွက် ဗဟုသုတလေးတွေအမြဲတစေပေးနိုင်ပါစေလို့..........။
အမြဲတစေဝင်ထွက်သွားလာကြရအောင်နော်။

MANORHARY said...

စိတ်ဝင်စားစရာကောင်းတဲ့ဘလော့ခ်တစ်ခုပါ
တို့လည်းတားရော့တွေစုဆောင်းလေ့လာပါတယ်။
တို့ရဲ့ကိုယ်စားပြုကဒ်က နံပါတ် ၂ ကဒ် ..

ဇော်ကြီး said...

ဒီလိုအဆောင်လေးတွေပြောပြပေးတာ ကျေးဇူးတင်ပါတယ် အစ်ကို