Wednesday, October 8, 2008

အိုဘားမား Vs ဂျွန်မက်ကိန်း ???


ကျွန်တော်တို့ဆီက မြန်မာ့ဗေဒင်ပညာရှင်တွေ၊ ဆရာ့ဆရာတွေကလည်း အားကျမခံ နိုင်ငံတကာက ဗေဒင်ဆရာတွေနဲ့ နင်လားငါလားဟဲ့ ဆိုသလို ယှဉ်ပြိုင်တဲ့အနေနဲ့ အိုဘားမားနဲ့ မက်ကိန်း ဘယ်သင်းက သမ္မတဖြစ်မယ်ဆိုတာ ဟောကိန်းတွေ ထုတ်ကြပါတယ်။

ပြီးခဲ့တဲ့ မေလနှောင်းပိုင်းလောက်က အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ်က ဒန်ဗာမြို့လေးမှာ အမေရိကန် နက္ခတ်ဗေဒင်ဆရာညီလာခံကျင်းပခဲ့ပါတယ်။ အဲဒီမှာ နက္ခတ်ဗေဒင်ဆရာတွေက နိုဝင်ဘာမှာကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲနဲ့ပက်သက်လို့ ဟောကိန်းတွေထုတ်ခဲ့ကြပါတယ်။ ဗေဒင်ဆရာခုနှစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အုပ်စုတစ်စုကတော့ ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ဘက်က အိုဘားမားနိုင်မယ်လို့ တညီတညွှတ်တည်း ဟောပါတယ်။ ဒါပေမယ့် အဲဒီဟောကိန်းနဲ့အတူ နောက်ထပ် ဟောချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်နိုင် နောက်တက်မယ့် သမ္မတအသစ်ဟာ ကြမ္မာဆိုးနဲ့ရင်ဆိုင်တိုးရနိုင်တယ် ဆိုတဲ့ ဟောကိန်းပဲဖြစ်ပါတယ်။

ဝါရှင်တန်တိုင်းမ်သတင်းစာမှာတော့ နက္ခတ်ဗေဒင်ဆရာတွေက လာမယ့် လပိုင်းအတွင်းမှာပဲ ကောင်းကင်က အင်အားကြီးမားတဲ့ဂြိုဟ်တွေအမြင်အယှဉ်ကြောင့် ရွေးကောက်ပွဲမှာ သက်ရောက်လွှမ်းမိုးမှုများစွာ ဖြစ်ပေါ်လာမယ့်လို့ဆိုပါတယ်။ ဗေဒင်ဆရာအများစုက အိုဘားမားနိုင်မယ်လို့ ဟောထားတာဖြစ်လို့ ဒီဂြိုဟ်အမြင်ဟာ အိုဘားမားအပေါ်အဓိက ရိုက်ခတ်စေမှာဖြစ်တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် ရက်ပိုင်းမှာ စနေနဲ့ယူရေးနပ်စ်ဆိုတဲ့ အင်အားကြီးပြင်းထန်တဲ့ဂြိုဟ်နှစ်လုံးဟာ ဆန့်ကျင်ဘက် သမသတ်အမြင်နဲ့ မြင်ယှဉ်နေမှာဖြစ်ပါတယ်။ ဒီဂြိုဟ်အမြင်ဟာ လွန်ခဲ့တဲ့ ၄၅ နှစ်က အမြင်မျိုးဖြစ်ပြီး လူမှုရေးဆိုင်ရာအပြောင်းအလဲ၊ ရုတ်တရက်မထင်မှတ်တဲ့ ဆူပူပေါက်ကွဲမှု၊ ပြောင်းလဲခြင်းတွေကို ဖော်ညွှန်းနေတယ်လို့ ဆိုကြပါတယ်။

နက္ခတ်ဗေဒင်ဆရာ ရေမွန်မာရီမန်က နိုဝင်ဘာရွေးကောက်ပွဲမှာ နိုင်တဲ့သူနဲ့ ဇန်နဝါရီမှာ သမ္မတဖြစ်မယ့်သူဟာ တစ်ထပ်တည်းမကျနိုင်ဘူးလို့ ဟောပါတယ်။ ပြီးတော့ သမ္မတရာထူးဆက်ခံမယ့်သူဟာ ဘယ်သူပဲဖြစ်ပါစေ သူဟာ သေမယ့်နှစ်စစ်ထဲဝင်တဲ့သူလို ကံဆိုးမိုးမှောင်ကျမယ်လို့လည်း ဟောချက်ထုတ်ပါတယ်။ အထူးသဖြင့် ဗေဒင်ဆရာတွေက ရွေးကောက်ပွဲမှာနိုင်မယ်လို့ ယူဆထားတဲ့ အိုဘားမားရဲ့ အသက်လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုကို ဖော်ပြခြင်းဖြစ်ပါတယ်။ မက်ကိန်းကိုတော့ ဟောကိန်းထဲ ထည့်မတွက်တဲ့အထိ ဖြစ်နိုင်ချေနည်းပါးတယ်လို့ အဲဒီဗေဒင်ဆရာတွေက ဆိုပါတယ်။

အမေရိကန်နက္ခတ်ဗေဒင်ဆရာတွေရဲ့ ရွေးကောက်ပွဲအတွက်ဟောကိန်းတွေကို ခြုံငုံသုံးသပ်ရရင် အိုဘားမားနိုင်မယ့် အလားအလာရှိတယ်။ ရွေးကောက်ပွဲမှာ နိုင်ပေမယ့် လုပ်ကြံခံရနိုင်တဲ့အတွက် ဇန်နဝါရီမှာ တက်မယ့် သမ္မတသစ်ဟာ သူမဖြစ်နိုင်ဘူး။ သမ္မတဖြစ်လာမယ့်သူကလည်း ကုန်းအဆင်းမှာ ဘီးတပ်ခံရသူလို ဖြစ်မယ်လို့ အကျဉ်းချုပ်လေ့လာမိပါတယ်။

ကျွန်တော်တို့ဆီက မြန်မာ့ဗေဒင်ပညာရှင်တွေ၊ ဆရာ့ဆရာတွေကလည်း အားကျမခံ နိုင်ငံတကာက ဗေဒင်ဆရာတွေနဲ့ နင်လားငါလားဟဲ့ ဆိုသလို ယှဉ်ပြိုင်တဲ့အနေနဲ့ အိုဘားမားနဲ့ မက်ကိန်း ဘယ်သင်းက သမ္မတဖြစ်မယ်ဆိုတာ ဟောကိန်းတွေ ထုတ်ကြပါတယ်။ ဖတ်မိသလောက်တော့ လွန်ခဲ့တဲ့ တစ်လလောက်ကထွက်ခဲ့တဲ့ The Voice Weekly Journal မှာ ဆရာမောင်မောင်မြင့်သန်းမောင်ဆိုသူက နာမနက္ခတ် သရောဒယပညာအရ ရီပတ်ပလစ်ကန်ကြီး ဂျွန်မက်ကိန်းသာ နိုင်မယ်လို့ ဟောလိုက်ပါပြီ။ သူ့ထက်အရင်ဦးတာကတော့ ကျွန်တော့်ရဲ့ သင်ဆရာမြင်ဆရာဖြစ်တဲ့ ဆရာဘဲလားလေဘာတီ ( ခေတ္တ USA ) ကလည်း မက်ကိန်းသာလျှင် နောက်တက်မယ့် သမ္မတဖြစ်မယ်လို့ ရဲရဲကြီး ဦးဦးဖျားဖျား ဟောကိန်းထုတ်ထားပါတယ်။ စိတ်ဝင်စားရင်တော့ ဒီဘလော့ဘေးမှာ ညွှန်းထားတဲ့ မြန်မာနက္ခတ်ဗေဒင်ပညာရှင်တစ်ဦး လင်ခ့်ဆီကိုသာ သွားဖတ်ကြည့်ကြပါတော့။ ကျွန်တော် မောင်ရန်းဂန်းကတော့ ဝေလေလေ၊ သာမည ၀ါသနာရှင်အဆင့်လေးသာဖြစ်တဲ့အတွက် ဘယ်ကလောင်က သမ္မတဖြစ်မယ်ဆိုတာ ယတိပြတ်မတွက်ချက်နိုင်ပါဘူး။ ဆရာဘဲလားလေဘာတီကတော့ ဟောကိန်းအတိုင်း မက်ကိန်းသာ မနိုင်ခဲ့ဘဲ အိုဘားမားသာ နိုင်သွားမယ်ဆိုရင်... A Black Pearl in the White House ဆိုတဲ့ နောက်ဆက်တွဲ အကျိုးရလဒ်ကို ဆက်ဟောပြထားပါတယ်။ ကဲ စောင့်ကြည့်ကြပါစို့။ ကိုကို အိုဘားမားလား ကိုကိုမက်ကိန်းလား ဆိုတာလေး။

3 comments:

compu bayda thukhuma said...

Younggun

ကျွန်တော့်ရဲ့ ဘလောဂ်ကို လင်ခ့်လုပ်ပေး လို့ ကျေးဇူးအထူးတင်ပါတယ်။ နောက်ပြီး ကျွန်တော်လည်း အိုဘားမား နဲ့ မက်ကိန်း ဟောကိန်းကလေး အရင်ကတည်းက ရေး ထားတာရှိလို့ ချက်ခြင်းကောက်တင်လိုက် ပါတယ်။ ကျွန်တော်က ဘလောဂ့်ကို မကျွမ်းကျင်သေးဘူး။ လင့်ဂ်တွေဘာတွေ မလုပ်တတ်ဘူး ကို Younggun ရဲ့ ဘလောဂ်ကို ကျွန်တော့်အထဲမှာ ထည့်ပေး ချင်ပေမယ့် ဘယ်လိုလုပ်ရမလဲ မသိသေး ဘူး။ အခုမှ ဟိုစာအုပ်ဖတ်ဒီစာအုပ်ဖတ် စမ်းကြည့်နေတုန်းရှိသေးတယ်။
ကို Younggun ရဲ့ ဘလော့ဂ်က အဆင်အပြင်သိပ်ကောင်းတယ်။ ကြည့်ရ တာ အဆင်ပြေတယ်။ ပါဝင်တဲ့ အကြောင်း အရာတွေကလည်း စီစဉ်ပုံကောင်းပါတယ်။
ကျေးဇူးအထူးတင်စွာဖြင့်
ဒေါက်တာတင်ဗိုလ်ဗိုလ်

အညတြ (ခေတ္တ နယူးယောက်ခ်) said...

ဗေဒင် က ကွက် တိ မှန် တယ် ဗျာ။

aNo said...

ဗေဒင်ကတော့ ကွက်တိဘဲ....။ မှားတာ......