Wednesday, December 24, 2008

2008 Review ( volume: two )

လာမည့် ၂ဝဝ၉ တွင်လည်း ပုံမှန်ထက်တစ်ကြိမ်ပိုသော လသုံးကြိမ်ကြတ်ခြင်းနှင့်အတူ နေရောလပါ ရက်ချင်းကပ် ကြတ်ခြင်းကို မြင်တွေ့ရဦးမည် ဖြစ်ရာ ၂ဝဝ၉ ကမ္ဘာ့ရေးရာများသည်လည်း စိတ်ဝင်စားဖွယ်၊ ရင်သပ်ရှုမောဖွယ်များ ဖြစ်လာဦးမည် ဟု ယောင်ယောင်လေး ခန့်မှန်းမိပါကြောင်း....။



၂ဝဝ၈ ဒုတိယနှစ်ဝက်အတွင်း အသိသာဆုံး၊ အထင်ရှားဆုံးဖြစ်လာသည့် အရေးမှာ ကမ္ဘာဘဏ္ဍာရေးဈေးကွက်ပြိုလဲရာမှာ စတင်လိုက်သည့် ငွေကြေးအကျပ်အတည်းပင် ဖြစ်တော့သည်။ ထိုမတိုင်မီက ဇူလိုင်လအတွင် စနေ၊ အင်္ဂါစစ်ထိုးပွဲ၊ သြဂုတ်လတွင် နေရာလပါ တစ်လတည်း ထပ်မံကြတ်ခြင်း၊ စက်တင်ဘာတွင် ဗုဒ္ဓဟူးဂြိုဟ်နောက်ပြန်လည်ပတ်ခြင်း၊ ထို့နောက် အင်္ဂါဂြိုဟ်နီးကပ်လာခြင်း၊ မကြာမီကဖြစ်ပွားခဲ့သော သောကြာဂြိုဟ် လကိုထွင်းဖောက်သွားသည့် ဖြစ်ရပ်..စသည့် စသည့် နက္ခတ်ပညာဆိုင်ရာ ထူးခြားချက်များစွာကို လေ့လာတွေ့ရှိမှတ်သားခဲ့မိပါသည်။ ထို့အပြင် ရာဟု၊ ကိတ်ဝင်ရိုးတန်းမှာ မေလဦးကပင် ကမ္ဘာ့တောင်နှင့်မြောက်ဝင်ရိုးနှစ်ဖက်စီတွင် အကျအန နေရာယူပြီး ဂြိုဟ်အားလုံးကို ပိတ်ဆို့ထားခဲ့ကြောင်းကိုလည်း တွေ့ရှိခဲ့ရသည်။ စနေနှင့် ယူရေးနပ်စ်ဟူသော ဂြိုဟ်ကြီးနှစ်လုံးမှာလည်း အပြန်အလှန်မြင်ယှဉ်လျက်ရှိရာ မသက်မသာ၊ မိအေးနှစ်ခါနာသလို ဖြစ်ပျက်သွားစေခဲ့သည်။ လာမည့် ၂ဝဝ၉ တွင်လည်း ပုံမှန်ထက်တစ်ကြိမ်ပိုသော လသုံးကြိမ်ကြတ်ခြင်းနှင့်အတူ နေရောလပါ ရက်ချင်းကပ် ကြတ်ခြင်းကို မြင်တွေ့ရဦးမည် ဖြစ်ရာ ၂ဝဝ၉ ကမ္ဘာ့ရေးရာများသည်လည်း စိတ်ဝင်စားဖွယ်၊ ရင်သပ်ရှုမောဖွယ်များ ဖြစ်လာဦးမည် ဟု ယောင်ယောင်လေး ခန့်မှန်းမိပါကြောင်း....။

၂ဝဝ၈ ဒုတိယနှစ်ဝက်က ထူးခြားချက်တွေကို စိတ်ဝင်စားရင် ဒီပို့စ်အဟောင်းတွေကို ပြန်ပြူးနိုင်ပါသည်။ နေကြတ်တာကို ကြိုနေတဲ့ အင်္ဂါ၊ စနေဂြိုဟ်စစ်ထိုးပွဲ၊
ဖမ်းစားခံရတော့မယ့်ဂြိုဟ်များ၊
ဖောက်ပြန်တော့မယ့် မာကျူရီ

မှတ်ချက်၊ ယခုသီတင်းပတ်အတွင်း ခရီးရှည်တစ်ခုထွက်ရန်ရှိပါသဖြင့် ဘလော့ရေးသားခြင်းအား ခေတ္တခဏ ဘရိတ်အုပ်မည် ဖြစ်ကြောင်း ဘော်ဘော်အပေါင်းကို လက်တို့ အသိပေးလိုက်ရပါသည်။

1 comment:

အိမ် said...

ကိုယ်ဆ၇ာကလဲ ဟောင်ဟောင်တွေကများနေ
တယ်ဗျာ အတိအကျလဲဟုတ်ဘူး ဟိဟိ