Thursday, January 29, 2009

နက္ခတ်ကျမ်းက နိဒါန်းလင်္ကာ


တစ်ခုတော့ ရှိတာပေါ့လေ။ ဒီနှစ်ထဲမှာ လက ပုံမှန်ထက် တစ်ကြိမ်ပိုပြီး ကြတ်မှာဖြစ်တဲ့အတွက် လသုံးကြိမ် ကြတ်မယ်လို့ ပြောလို့ရပါတယ်။

နိဒါန်းမင်္ဂလာ၊ ရှည်ညွှန့်ဖြာလိမ့်၊ ချုပ်ရာဧကရာဇ်၊ ဘုန်းသစ်တက်တိုး၊ စောသတိုးတို့၊ တန်ဖိုးစည်းစိမ်၊ ရွှေအိမ်ရွှေနန်း၊ စံမြန်းသည်မှ၊ အနိစ္စသို့ရောက်ရလိုသော်၊ ထင်ပေါ်နိမိတ်၊ အကြောင်းဟိတ်ကား၊ အရိပ်ပျံသွား၊ ဘုရားပုထိုး၊ တန်ခိုးရောင်ခြည်၊ ထွက်သည်ထင်မြင်၊ ကောင်းကင်ဝေမှိုင်း၊ မုန်တိုင်းလေပြင်း၊ နေနှစ်စင်းနှင့်၊ လမင်းတံခွန်၊ မိုးစွန်အလယ်၊ ရှစ်ဂြိုဟ်ကြယ်လည်း၊ မီးနှယ်ခိုးပြ၊ ဗျဃစရိယာ၊ သီဟဇာတုံ၊ နိယတုံမှီ၊ မြေကြီးငလျင်၊ မြေပြင်အက်ကွဲ၊ တော်လဲဥက္ကာ၊ အညာရေစီး၊ နတ်သမီးကမ်းပြို၊ နေ့ကိုကြယ်မြင်၊ နန်းတွင်ပျားစွဲ၊ ပျံဝဲလဒ၊ နားကြနန်းဦး၊ ဘီလူးကိုယ်ထင်၊ အမြင်ပြငြား၊ သားတစ်သွေးခဲ၊ သည်းသည်းမိုးရွာ၊ မိုးရွာကျောက်ခဲ၊ တောင်ကွဲထက်ခြမ်း၊ ကမ်းကိုလွှမ်းပြီး၊ ရေကြီးထူးဆန်း၊ မကန်းလိပ်ငါး၊ ကြီးမားရောက်လာ၊ အိမ်ရာဝဲဖြစ်၊ မြစ်ရေလျှံပြို၊ တောင်ပို့ရှည်သွား၊ နဂါးပေါ်ထွက်၊ ဒိန္နဲသင်္ကြန်၊ ကြယ်ပျံကြယ်ပျောက်၊ အောက်သို့ကြွေကျ၊ လကိုဂြိုဟ်ခွင်း၊ ဂြိုဟ်ချင်းထိခိုက်၊ ရှေး၌စည်ကာ၊ ဖြစ်ဖူးရာကို၊ ရာဇ၀င်ကြောင်း၊ ထုံးဟောင်းအထွက်၊ စီကုံးရွက်သည်၊ လေ့ကျက်မှတ်ကုန်ရာသတည်း။

( နက္ခတ္တဒီပနီကျမ်း)

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ ဖြစ်သွားတဲ့ ၂၀၀၉ ပထမအကြိမ်နေကြတ်ခြင်းနဲ့ ပက်သက်ပြီး ဘာတွေဖြစ်နိုင်သလဲ၊ ဘာတွေမြင်မိလဲ၊ ဘာတွေ ထူးလာမလဲ၊ မေးခွန်းထုတ်လာတဲ့ ဘော်ဒါတွေ၊ ရောင်းရင်းအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေအတွက် နက္ခတ္တဒီပနီကျမ်းအဖွင့်က အထက်ပါ စာချိုးကြီးကိုပဲ ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ နေကြတ်၊ လကြတ်တာ မထူးဆန်းပါဘူး။ ပုံမှန်အားဖြင့် တစ်နှစ်ကို နေနှစ်ခါ၊ လနှစ်ခါကြတ်လေ့ရှိပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ ဒီနှစ်ထဲမှာ လက ပုံမှန်ထက် တစ်ကြိမ်ပိုပြီး ကြတ်မှာဖြစ်တဲ့အတွက် လသုံးကြိမ်ကြတ်မယ်လို့ ပြောလို့ရပါတယ်။ နေလကြတ်ခြင်းနဲ့ ပက်သက်လို့ ဘာတွေဖြစ်လာမလဲဆိုတဲ့ အကြောင်းဆက်ကို မကြာမီ ရေးသားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လောလောဆယ်တော့ ကောင်းကင်မှာ ရှေ့တိုးနောက်ငင် အမျိုးမျိုးဖောက်ပြန်တော့မယ့် နေအဖွဲ့အစည်းက အကြီးဆုံး ဂျူပီတာ ကြာသပတေးဂြိုဟ်ကြီးကို လှမ်းငေးမိရင်း ကျမ်းရင်းပါ လင်္ကာဖြစ်တဲ့ ဗျဃစရိယာ၊ သီဟဇာတုံ၊ နိယတုံမှီ၊ မြေကြီးငလျင်၊ မြေပြင်အက်ကွဲ၊ ကို တစ်ဖွဖွ ရွတ်ဆိုမိပါတော့တယ်။

4 comments:

ဒေါင်းမင်း said...

အဲဒါဆိုအဲလိုဖြစ်တာ..၂၀၀၉မှာနိမိတ်မကောင်းဘုးလား
အကျယ်ချဲ့ပြပါလားခင်ဗျ...

အိမ် said...

နားတော့ မလည်ဘူးဗျာ ဒါပေမဲ့ ဖတ်သွားတယ်ဗျ

YoungGun said...

ကိုဒေါင်းမင်းရေ...၂ဝဝ၉ အတွက် ဆရာ့ဆရာကြီးများ ဟောကိန်းထုတ်ပြီး ဖြစ်ပါတယ်။ သာမညောင်ည ရန်းဂန်းက မထုတ်တတ်ပါဘူး။ နေကြတ်၊ လကြတ်အကြောင်း ကျမ်းစာအုပ်မှာပါသလောက်တော့ ပြန်လည်တင်ဆက်ပါဦးမယ်။ ဒီနှစ်ကလည်း စိတ်ဝင်စားစရာကောင်းတဲ့ နှစ်ဖြစ်မယ်လို့ မှန်းပါတယ်။

အိမ်လွမ်းသူ said...

မျှဝေပါဦး ကိုရန်းဂန်းရေ... ကျွန်မလည်း နေ၊ လ၊ နက္ခတ်တွေကိုစိတ်ဝင်းစားတယ်ရှင့်