Thursday, February 26, 2009

မက္ကဆီကန် ဒင်္ဂါးနိမိတ်

၁၈၆၄ ခုနှစ်ကနေ ၁၈၆၇ ခုနှစ်အထိ မက္ကဆီကိုနိုင်ငံကို သုံးနှစ်တာ အုပ်ချုပ်စိုးစံခဲ့တဲ့ မက်စီမီလီယန်လို့ အမည်ရတဲ့ ဘုရင်တစ်ပါးအကြောင်း စာအုပ်တစ်အုပ်ထဲကနေ မှတ်မိသလောက် ပြန်ပြောပြချင်ပါတယ်။

သူနန်းတက်တဲ့အချိန်မှာ အဲဒီခေတ်ရဲ့ ထုံးစံအတိုင်း ဘုရင့်ရုပ်ပုံနဲ့ ဒင်္ဂါးပြားတွေ သွန်းလုပ်ကြပါတယ်။ ဒင်္ဂါးစလုပ်တယ်ဆိုရင်ပဲ ပုံစံခွက်က အက်ကြောင်းထလာပြီး ဒင်္ဂါးမျက်နှာပြင်က ဘုရင့်ရုပ်ပုံ နဖူးနေရာလောက်မှာ အက်ရာလာပေါ်နေပါတော့တယ်။ ဒါနဲ့ ဒင်္ဂါးသွန်းလုပ်တဲ့သူတွေက ၃၂ ပြားလောက်အထိ ဖြစ်ဖြစ်ညှစ်ညှစ်နဲ့ သွန်းလုပ်အပြီးမှာတော့ အဲဒီအက်ကြောင်းရာဟာ ပိုမိုသိသာ ထင်ရှားလာပါတယ်။ အော်..ကြားဖြတ်ပြောရဦးမယ်။ ဘုရင်ကြီးနန်းတက်တော့ သူ့အသက်က ၃၂ နှစ်တဲ့။ ထားပါဦး ခဏ။ အခုန ဒင်္ဂါးသွန်းတဲ့သူတွေက နောက်ထပ်သုံးပြားလောက်အထိ စုစုပေါင်း ၃၆ ခု သွန်းလုပ်အပြီးမှာတော့ အက်ကွဲကြောင်းက ဘုရင့်ရုပ်ပုံတစ်ခုလုံး ပုံပျက်လုနီးနီးအထိ ဖြစ်လာတဲ့အတွက် ဆက်မလုပ်တော့ဘဲ ရပ်တန့်လိုက်ရပါတယ်။

ရှိစေတော့..

အဲဒီ မက်စီမီလီယန်ဘုရင်ကြီးဟာ အသက် ၃၂ နှစ်မှာ နန်းတက်ခဲ့ပြီး နောင်သုံးနှစ်အကြာ အသက် ၃၆ နှစ်မှာ နန်းချခံရပါတယ်။ နိမိတ်အတိုင်းဆိုရင် ဒင်္ဂါး ၃၂ ပြားအရောက်မှာ အက်ကြောင်းရာ စထင်ရှားလာတဲ့ အတွက် နန်းတက်ခြင်းကိုက ဘုရင်ကြီးအတွက် ကိုယ့်သေတွင်းကိုယ်စတူးတာနဲ့ ဆင်တူနေပါတယ်။ ဒင်္ဂါးပြား အရေအတွက် ၃၆ ခုမြောက်မှာ အက်ကြောင်းရာ ထင်ရှားလွန်းလို့ ရပ်လိုက်ရတဲ့အတွက် ဘုရင်ကြီးဟာ အသက် ၃၆ နှစ်မှာပဲ နန်းချခံရရုံတင်မက သေနတ်နဲ့ပါပစ်သတ် ကွပ်မျက်ခံလိုက်ရပါတယ်။ တိုက်ဆိုင်တာတစ်ခုလည်း ရှိပါသေးတယ်။ ဒင်္ဂါးပြားပေါ်မှာ အက်ကြောင်းရာက နဖူးမှာ အထင်ရှားဆုံးပေါ်ခဲ့သလိုပဲ တစ်ကိုယ်လုံး ကျည်ရာ ဗရပွဖြစ်နေတဲ့ ဘုရင်ကြီးရဲ့ နဖူးကိုလည်း ကျည်တစ်ထောင့်ကသာ တည့်တည့်ဝင်ပြီး ဦးခေါင်းခွံတစ်ခုလုံး အက်ကြောင်းထကြေမွခဲ့ခြင်းပါပဲ။

စူးစမ်းလေ့လာတတ်မယ်၊ သတိဥာဏ်ပညာ အားကောင်းမယ်ဆိုရင် နိမိတ်၊တဘောင်တွေက ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူမျိုးဒေသမရွေး ဖြစ်ပွားလေ့ရှိတာကို တွေ့ရတတ်ပါတယ်။ ဒီစာစုလေးထက် ပိုမိုပြည့်စုံတဲ့၊ နိမိတ်တဘောင်ဆိုင်ရာ ဆောင်းပါးတွေကို ဒီလင့်ခ်တွေမှာ ပညာရပ်တစ်ခုအနေနဲ့ စိတ်ဝင်စားမယ်ဆိုရင် သွားဖတ်နိုင်ပါတယ်။

ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ်ထွန်း၏


အယူတော်မင်္ဂလာဆောင်းပါးများ

4 comments:

Welcome said...

မက်စီမီလီယန်ဘုရင်ကြီးသာ သူရဲ့ မကောင်းတဲ့ နိမိတ်ကို သိပြီး တင်ကြို ကာကွယ်နိုင်မယ် ဆိုရင်တော့ အပြောင်းအလဲ တစ်ခုခု တော့ ဖြစ်မယ် ထင်ပါတယ်။ ဥပမာ ကျွန်တော်တို့ ဆီကခေါင်းဆောင်တွေ မကြာခဏ ယတြာချေတယ်ဆိုပြီး အမျိုးမျိုးလုပ်တတ်တာ သတင်းကြားရတယ်ဗျာ။ ဟုတ်မဟုတ်တော့ မသိဘူး။

myatnoe said...

ဟုတ်တယ် နမိတ်တဘောင်က မယုံလို့မရ

တားမြစ် ထားသော... said...

အင်း။
ပြန်ပြောရန်အတော်ခက်ဆိုသလိုပဲနော။
အတိတ်တို့ နမိတ်တို့ဆိုတာ ရှိနေဆဲပါဗျာ။ တခြားလင့်တွေကိုလည်း သွားကြည့်ခဲ့ပါတယ်။

သုခမိန်(E-Journal)

Upasaka said...

ဟုတ်ပါတယ် အတိတ်နိမိတ်ဆိုတာ ယုံကြည်သူ အတွက်ရော မယုံကြည်သူအတွက်ရော လမ်းပြနေတဲ့ ကြယ် တစ်ပွင့် ပါ သတိပေးနေတဲ့ အလင်းတိုင်ပါ။ သေ သေချာ ချာ လေ့ လာလေ ပိုပြီး နက် လေ ပ်ါပဲ။ရှေး က ပညာရှင် ကြီးတွေ ဖြစ်တဲ့ ဦးနိုးတို့ မင်ဒ ကန်စီတို့ အကြောင်း ကို ပိုသိရ လေ အား ကျ လေ ပါပဲ။