Monday, February 23, 2009

ဓာတ်ရိုက်ဓာတ်ဆင် ဘယ်လိုထင်လဲ

ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အဲဒီစည်းနှစ်ဖက်ရဲ့ အပြင်ဖက်မှာ မြန်မာ့ရိုးရာဓာတ်ရိုက်ဓာတ်ဆင်ပညာဟာ တခမ်းတနားနဲ့ကို ဆက်လက်ရှင်သန် တည်တံ့နေဦးမှာ ဖြစ်ပါတယ်လို့။

ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင်ပညာဆိုတာ ဓာတ်ကြီးလေးပါးကို အခြေခံပြီး လုပ်ရတာ ဖြစ်ပါတယ်။ လုပ်လို့ရတာ ရှိသလို လုပ်လို့မရတာလည်း ရှိပါတယ်။

ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင်ပညာဟာ ပညာသာဖြစ်ပါတယ်။ နိယာမတရားမဟုတ်ပါ။ အမြဲတမ်းမဖြစ်ပါ။ မမှန်တတ်ပါ။ ဒါ့ကြောင့် အဲဒါတွေကို ရာနှုန်းပြည့်စိတ်မချရပါ။ အားမကိုးရပါ။

ဓာတ်ရိုက်ဓာတ်ဆင်ပညာဟာ အရမ်းခက်ခဲပါတယ်။ အချိန်၊ အခါ၊ ဓာတ်သား၊ နံ၊ လုပ်ရမယ့်အကြောင်းအရာ ခိုင်လုံမှ ဖြစ်နိုင်ချေရှိတဲ့အလုပ်ပါ။ အဲသလို ပြည့်စုံတာတောင် မဖြစ်တာတွေ ရှိပါတယ်။

ဓာတ်ရိုက်ဓာတ်ဆင်ပညာဟာ ဒုက္ခပေးတဲ့ပညာ မဟုတ်ပါ။ ကယ်တဲ့ဆယ်တဲ့ ပညာပါ။

ယတြာချေ၊ ဓာတ်ရိုက်လို့မရတဲ့ ကိစ္စတွေရှိသလို ယတြာချေ၊ ဓာတ်ရိုက်လို့မရတဲ့ လူတွေလည်း ရှိပါတယ်။ မထိမယ့်သူကို လုပ်နေလို့ကတော့ နည်းစနစ်ကုန်၊ မောရုံပဲ အဖတ်တင်ပါမယ်။

ဒီပညာတွေဟာ ကောင်းမှုနဲ့မကောင်းမှု၊ ကုသိုလ်နဲ့ အကုသိုလ် ပူးတွဲနေတဲ့ ပညာဖြစ်ပါတယ်။ လုပ်တာမဟုတ်ရင် လုပ်တဲ့ဆရာရော၊ လုပ်ခိုင်းတဲ့သူပါ ထိခိုက်ပါတယ်။

ဓာတ်ရိုက်ဓာတ်ဆင်တဲ့ ပညာဟာ သဘာဝကို စေခိုင်းတဲ့ ပညာဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ အားကိုးပြီး ခိုင်းလို့မရပါ။ ဆရာက လုပ်ပေးလို့ရတာရှိသလို ကိုယ်တိုင်လုပ်ရမှာလည်း ရှိပါတယ်။

ဘာရယ် မဟုတ်ပါဘူး။ ပစ်ထားတာကြာပြီ ဖြစ်တဲ့ မြန်မာ့ရိုးရာ အသုံးချအင်္ဂ၀ိဇ္ဖာပညာ စာအုပ်ကို ပြန်လှန်လှောမိရင်း ဗေဒင်ဝါသနာရှင်၊ ဗေဒင်ဆရာခေါင်းစဉ်တပ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဗေဒင်ကို မျက်စောင်းတခဲခဲ ဖြစ်နေသူ၊ ပညာရပ်တစ်ခုအနေနဲ့ စူးစမ်းချင်သူများ စိတ်ဝင်စားနိုင်မယ့်၊ သိလည်းသိထားသင့်တယ် ယူဆတဲ့ ဓာတ်ရိုက်ဓာတ်ဆင်ခြင်း၊ ယတြာပြုခြင်းဆိုင်ရာ အတွေးအမြင်တွေကို ထပ်ဆင့် ဖော်ပြလိုက်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဒီပညာရပ်ကို ကိုယ်တိုင်သေချာမလေ့လာဖူးဘဲနဲ့၊ ကြားဖူးနားဝ သုတလေးနဲ့ မဟုတ်လောက်ပါဘူး။ ယုတ္တိမရှိပါဘူး.. ဆိုသူတွေအတွက်ကတော့ ဟောရင်းသာ ပျံတော်မူမယ်။ မပြောတော့ပါဘူး။ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အဲဒီစည်းနှစ်ဖက်ရဲ့ အပြင်ဖက်မှာ မြန်မာ့ရိုးရာဓာတ်ရိုက်ဓာတ်ဆင်ပညာဟာ တခမ်းတနားနဲ့ကို ဆက်လက်ရှင်သန် တည်တံ့နေဦးမှာ ဖြစ်ပါတယ်လို့။

ဓာတ်ရိုက်ဓာတ်ဆင်နဲ့ ပက်သက်လို့ အသေးစိတ်ကို မြန်မာ့ရိုးရာဗေဒင်ဘလော့ဂ်က ဆရာတေးအေးရိပ်ရဲ့ ဒီဆောင်းပါး မှာသွားရောက်လေ့လာနိုင်ပါတယ်။

2 comments:

Welcome said...

ကိုယ်တိုင် မလုပ်ဖူးပေမယ့်
သူများတွေလုပ်တာတွေကိုတော့ အားပေးပါရဲ့။

Anonymous said...

I read when i was in Myanmar.

MN