Thursday, March 5, 2009

အနက်ရောင် ဝေါဟာရများ


သိမ်ဝင်သပိတ်ကွဲ၊ ရေလုံအိုးကွဲ၊ နတ်အိုးကွဲ၊ နတ်ရဲသစ်ပင်၊ တစ်စပုဆိုး၊ တံစက်လက်ပြန်ရေ စတဲ့ စကားလုံးတွေကိုလည်း ကြုံရင် ထပ်တင်ပြပါဦးမယ်။

ဖတ်နေကျ သူရဇ္ဖ မဂ္ဂဇင်း၊ ဖေဖော်ဝါရီလထုတ်မှာ ပါတဲ့ ဆရာဒလမင်းခေါင်ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်ကနေ ထူးခြားဆန်းပြားတဲ့ မြန်မာ့အနက်ရောင်လောကီပညာ၊ ဒဲ့ဒိုးပြောရရင်တော့ အောက်လမ်းပညာဆိုင်ရာ ဝေါဟာရ ခက်ဆစ်အဖွင့်တွေကို မှတ်သားလိုက်ရပါတယ်။ အသုံးတည့်မယ့်သူရှိရင် ဒီကနေ လက်ဆင့်ကမ်းလိုက်ပါတယ်။

ခြေရာယူကောက်

ကိုယ်အစီအရင်ပြုမယ့်သူရဲ့ ခြေရာမြေကို ကောက်ယူတယ်လို့ ဆိုပါတယ်။ ဖိနပ်ရာမဟုတ်တဲ့ ခြေရာမြေဖြစ်ပါတယ်။

ရုပ်ထား

သူနဲ့ ပုံစံတူ အရုပ်ထုလုပ်စီရင်တာကို ဆိုပါတယ့်။

နာမ်ထား

သူ့နေ့နံကို စီရင်တာ၊ နာမည်ကို စီရင်တာ ဖြစ်ပါတယ်။

သံကြား

အသံကြားရင် ပြုစားနိုင်ပါတယ်။
ရိပ်ဖမ်း

သူ့အရိပ်ကို နင်းပြီး၊ ထိပြီး စီရင်ပါတယ်။

မျက်နှာမြင်

သူ့မျက်နှာမြင်ရင် စီရင်လို့ရပါတယ်။

ကျိတ်လိပ်သေ

တောင်ပို့အညွန့်ကိုယူပြီး သူ့အသုံးအဆောင်တစ်ခုခုနဲ့ စီရင်၊ ပြီးရင် ခရုတွင်းထဲ သွတ်သွင်း စီရင်တာဖြစ်ပါတယ်။

သားရေလိပ်

အရေပြားကို ၀မ်းတွင်းထဲထိ ရောက်အောင် အပင်းသွင်းခြင်း ဖြစ်ပါတယ်။
လောင်တိုက်ကြီး၊ လောင်တိုက်ငယ်

ဘုန်းကြီးပျံလောင်တိုက် ပုံစံရေးဆွဲပြီး လောင်တိုက်ပေါ်မှာ သူ့ပုံကို သေနေဟန်ရေး၊ လောင်တိုက်ကြီး လောင်တိုက်ငယ် အမည်ရတဲ့ အင်းနဲ့စီရင်ခြင်း ဖြစ်ပါတယ်။

နာမ်ဝယ်၊ နာမ်ဆုတ်၊ ဖီလာအုပ်၊ ရှစ်ဌာန

မွေးနံကို နောက်ပြန်သုဉ်းအောင် ရှစ်မျက်နှာဆုတ်၊ မူလဌာနမှာ သုညသုဉ်း၊ အဆိုပါ အဌမုခ်ကို နောက်ဆုတ်အင်းအဖြစ် စီရင်ပြီး ပြုစားနည်းဖြစ်ပါတယ်။

ပေတကင်းသင်း

ပေတကင်းသင်း၊ ၀က်နင်းခွာပျံ၊ တံလှံမကော၊ နင်တကယ်လော.. ဆိုတဲ့ အတိုက်အခိုက်အင်းနဲ့ ပြုစားစီရင်တာဖြစ်ပါတယ်။

ဒီဆောင်းပါးရဲ့ အဆုံးမှာ မူလခက်ဆစ်အဖွင့်ကို ရေးသားသူ ဆရာကြီးထွဋ်ခေါင်က ပယောဂ၊ စုန်းတို့ဆိုတာ မရှိသလောက်ရှားနေပါပြီ။ နောင်ဆိုရင် ပပျောက်သွားမယ်။ လို့ မှာကြားခဲ့ကြောင်း ထပ်ဆင့် အသိပေးလိုက်ပါတယ်။ ဆရာကြီးရဲ့ အမြင်သာဖြစ်ပါတယ်။ ကျွန်တော့်အာဘော် မပါပါ။ ကျွန်တော့်အမြင်ကတော့ ဒီပညာရပ်တွေဟာ အဲလို အလန့်တကြားပြူးတူးပြဲတဲကြီးတွေ မဟုတ်ဘဲ အခြားပုံစံတစ်မျိုးနဲ့ ပြန်လာဦးမယ်လို့ ယူဆမိကြောင်းပါ။ နောက်ထပ် ဝေါဟာရတွေဖြစ်တဲ့ သိမ်ဝင်သပိတ်ကွဲ၊ ရေလုံအိုးကွဲ၊ နတ်အိုးကွဲ၊ နတ်ရဲသစ်ပင်၊ တစ်စပုဆိုး၊ တံစက်လက်ပြန်ရေ စတဲ့ စကားလုံးတွေကိုလည်း ကြုံရင် ထပ်တင်ပြပါဦးမယ်။



2 comments:

Anonymous said...

သိုင်းလောကတွင် အနက်ရောင်သိုင်းသမားတို့ ပြန်လည်ရှင်သန်ထမြောက် လာဦးမည်၊ ဒန် တန့် တန့် 

JulyDream said...

အောက်လမ်းပညာလည်း အစွမ်းထက်တယ်ဆိုတာ ကြားဖူးပါတယ်။ လုံးဝနီးပါး ပပျောက်သွားမယ်လို့တော့ မမြင်မိပါဘူး။ လက်ဆင့်ကမ်းနေအုံးမယ်လို့ ထင်မိပါတယ် ခင်ဗျာ။