Wednesday, March 18, 2009

၁၃ သောကြာ မိစ္ဆာတဲ့လား


တော်ကြာ ၊ ၁၃ ရက်သောကြာနေ့မှာ ဘယ်မှမသွားဘဲ အိမ်ထဲအောင်းနေကြမှာစိုးလို့။

အနောက်တိုင်းဂမ္ဘီရပညာအရဆိုရင် လတစ်လရဲ့ ၁၃ ရက်နေ့နဲ့ သောကြာနေ့တစ်ထပ်တည်းကျတဲ့ နေ့မျိုးကို ကံဆိုးမိုးမှောင်ကျတတ်တဲ့၊ အတိတ်နိမိတ်မကောင်းတဲ့ နေ့အဖြစ် သတ်မှတ်ယူဆကြပါတယ်။ တိုက်ဆိုင်ချင်တော့ စီးပွားပျက်ကပ်ဖြစ်နေတဲ့ အခု ၂၀၀၉ ခုနှစ်မှာ အဲလို ၁၃ ရက်နေ့နဲ့ သောကြာနေ့တိုက်တဲ့နေ့မျိုးက သုံးရက်တောင် ဖြစ်နေပါတယ်။ ဒီလို သုံးရက်သုံးကြိမ်မျိုးဟာ ဖြစ်တောင့်ဖြစ်ခဲ ၁၁ နှစ်မှာ တစ်ကြိမ်သာ ဖြစ်တတ်ပါတယ်။

ဒီနှစ်မှာ အဲလိုရက်မျိုးက ပြီးခဲ့ဖေဖော်ဝါရီလ ၁၃ ရက်နေ့ရယ်၊ မတ်လ ၁၃ ရက်နေ့ရယ်၊ နောက်ထပ် လာမယ့် နိုဝင်လာလ ၁၃ ရက်နေ့ရယ် သုံးရက်ကြီးများတောင် ဖြစ်ပါတယ်။

ကဲ.. ၁၃ ရက်နဲ့ သောကြာအကြောင်းလေး နည်းနည်းတော်ကီပစ်လိုက်ရအောင်။

ရာဇ၀င်ထဲက ပြင်သစ်ဧကရာဇ်ကြီး နပိုလီယံနဲ့ အမေရိကန်သမ္မတဟောင်း ဟားဗတ်ဟူးဗားတို့ဟာ အဲဒီ ၁၃ ရက်သောကြာကို ကြောက်တဲ့သူတွေလို့ သိရပါတယ်။ အဲလိုပဲ သမ္မတရုစဗဲ့ဟာလည်း ဘယ်လမဆို ၁၃ ရက်နေ့မျိုးမှာ ခရီးထွက်ဖို့ စိုးရွံ့ရှောင်ရှားသူ ဖြစ်သလို ညစာတည်ခင်းဧည့်ခံရင်လည်း ၁၂ ယောက် အထိသာ ဖိတ်လေ့ရှိပါတယ်။

Friday 13 လို့ အမည်ပေးခဲ့တဲ့ ဗြိတိသျှရေတပ်သင်္ဘောတစ်စီး ဟာ သောကြာနေ့ကျတဲ့ ၁၃ ရက်နေ့မှာပဲ စတင်ရေချထွက်ခွာခဲ့လိုက်တာ နောက်ဘာသတင်းမှ အစအနပြန်မရတော့ဘူးလို့ ဆိုပါတယ်။

၎ ရက်၊ ၁၁ လ၊ ၁၉၇၀ ခုနှစ် 4+11+70= 13 ဂဏန်းရတဲ့ အပိုလို ၁၃ ဟာ ဧပြီလ ၁၃ ရက်နေ့မှာပဲ ပေါက်ကွဲပျက်စီးသွားခဲ့ပါတယ်။

၁၉၉၃ ခုနှစ်၊ ဗြိတိန်နိုင်ငံရဲ့ လေ့လာမှုတစ်ခုမှာ ၆ ရက်နေ့ သောကြာနဲ့ ၁၃ ရက်နေ့သောကြာနှစ်ရက်ကြားက မတော်တဆယာဉ်တိုက်မှုနဲ့ ယာဉ်ကြောပိတ်ဆို့မှု ကိန်းဂဏန်းပမာဏတွေကို နှိုင်းယှဉ်တဲ့အခါ ၁၃ သောကြာနေ့မှာ ယာဉ်ကြောပိတ်ဆို့မှုက ပိုနည်းပေမယ့် ယာဉ်မတော်တဆမှုကြောင့် ဆေးရုံရောက်လာတဲ့ လူနာအရေအတွက် ပိုများနေတယ်လို့ ဆိုပါတယ်။

၁၃ ရက်၊ သောကြာအကြောင်း လေ့လာမိသလောက်၊ ဖတ်ဖူးသလောက်၊ မှတ်မိသလောက် ရေးသားလိုက်ပါတယ်။ ဒီထက်မက တိုက်ဆိုင်မှုများစွာလည်း ရှိပါသေးတယ်။ လောလောဆယ်တော့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါမယ်။ တော်ကြာ ၊ ၁၃ ရက်သောကြာနေ့မှာ ဘယ်မှမသွားဘဲ အိမ်ထဲအောင်းနေကြမှာစိုးလို့။ အော်.. ဒီစာစုလေးနဲ့ ပက်သက် ဆက်စပ်မှုရှိနိုင်တဲ့၊ ဆရာဒေါက်တာတင်ဘိုဘိုရဲ့ လေးဂဏန်းဆောင်းပါးကို တခါတည်းလင့်ခ်ချိတ်ပေးလိုက်ပါတယ်။

7 comments:

may16 said...

ကို YoungGun ၁၃ ရက်နေ့အကြောင်းကို မှတ်သွားပါတယ် ၁၃ က Unlucky No လို့တော့ပြောတာကြားဘူးပါတယ်.

Anonymous said...

ကျနော်က ၁၃ ကို အလွန်သဘောကျတာဗျ ဘာလို့လဲတော့ မသိဘူး။ ဖတ်မှတ်သွားပါတယ်ဗျာ

ရွှေပြည်သူ said...

ဘယ်လောက်ပဲ အစွဲအလမ်းမထားဘူး ဆိုပေမယ့် ၁၃ရက် သောကြာဆိုရင် တွန့်သွားမိတာတော့ အမြဲပါပဲ။ ရုံးတက်စရာရှိတော့လည်း ရှောင်လို့ မရပြန်ပါဘူး... ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ် ကို YoungGun ရေ...

Dream said...

13ဂဏန်းက မကောင်းဘူးလို့ လူတွေတော်တော်များ များ ဘာကြောင့်ပြောနိုင်ရတာလဲ... ဗုဒ္ဓနဲ့ ပတ်သတ်ရင် ၁၃ ဂဏန်းဟာ အင်မတန် အကျိုးပြုတဲ့ ဂဏန်းလေးပါ.... .ဒါကလည်း အရင်က ကိုယ်ကိုယ်တိုင်က ၁၃ ကို အမြင်မှားနဲ့ မကောင်းမြင်ခဲ့တုန်းကပေါ့... စာအုပ်တအုပ်ကို ဖတ်လိုက်ရပြီးနောက်မှာမှ ၁၃ ဂဏန်းဟာ အင်မတန် ကောင်းမွန်တဲ့ ဂဏန်းဖြစ်တယ်ဆိုတာကို သိလိုက်ရတယ်..

၁၃ ဂဏန်းနဲ့ ၁၃ဂဏန်း သမား ဖြစ်ရတာကို ဂုဏ်တောင်ယူမိသေးတယ်... :P :P

အဟဲ... မက်မက်ကလည်း ၁၃ သမား ဖြစ်နေတာလေ။ အရင်ကလည်း သူများတွေလို မကောင်းဘူးလို့ ထင်ခဲ့တာပေါ့။ ဒါပေမယ့် စာအုပ်တအုပ်မှာ ၁၃ ဂဏန်းရဲ့ အာနိသင်နဲ့ ဗုဒ္ဓဖြစ်စဉ်မှာ ၁၃ ဟာမပါမဖြစ်တဲ့ ဂဏန်ကောင်းတစ်ခု ဖြစ်နေတာကို ဖတ်ရတော့ ဂုဏ်ယူမိတယ်ဗျ...

ဖော်ပြပေးတာ ကျေးဇူးပါဦးဥိးေ၇

YoungGun said...

မက်မက်ရေ ဒို့ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆရာတာရာမင်းဝေတို့ဟာ နာမည်ကျော် ၁၃ ဂဏန်းသမားတွေပေါ့ကွယ်။ ၁၃ နဲ့သောကြာဘယ်လိုပေါင်းဖက် အကြောင်းဆက်ပြီး ကံဆိုးမိုးမှောင်တွေ ယူဆောင်လာလဲတော့မသိပါဘူး။ ၁၃ ဆိုတာကတော့ အင်မတန်အစွမ်းထက်တဲ့ ဂဏန်းဆိုတာ လက်ခံပါတယ်။

အိုးဝေအောင် said...

ကော်ပီ ခပ်သောက်သွားတယ်။ကျေးဇူးပါ ဘလော့ဂ်ဂါ ။

MieMie said...

ဆယ့်သုံးနှစ်ရက် ကတော့ ပြီးသွားပြီ ဆိုတော့ နောက်ဆုံးတခု ကိုဘဲ ရင်ခုန်စွာ စောင့်မျှော် တော့မယ် .. ကိုရန်းဂန်း ( ရွေးကောက်ပွဲကလည်း
နိုဝင်ဘာ ရ ရက် ဆိုတော့ လ ချင်းတူတယ် .. )


mie nge