Saturday, March 14, 2009

အာဂယောင်္ကျား


ဒီတော့ အလုပ်လုပ်နေခြင်းကိုက ငါအသက်ရှင်နေသေးကြောင်း သက်သေပြသလို ဖြစ်နေတာပေါ့ကွာ..တဲ့။

ကျွန်တော်တို့အဘက ဘ၀အများကြီးကြုံခဲ့ပါတယ်။ တအားကြမ်းတမ်းပြင်းထန်ပါတယ်။ သူ စစ်သားဖြစ်ခဲ့ဖူးတယ်။ ငြိမ်းချမ်းရေးလိုချင်တော့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုဘ၀ထဲမှာ သူပုန်လုပ်ခဲ့ဖူးတယ်။ ထောင်တွေ ကျခဲ့ဖူးတယ်။ ၀ရမ်းတွေပြေးခဲ့ဖူးတယ်။ သူ့ဘ၀ကကြမ်းတမ်းခက်ထန်မှု Action လမ်းတွေများတယ်။ အားလုံးကို သူက သတိဆိုတာနဲ့ကြည့်တယ်။ လူတွေရော၊ အလုပ်တွေမှာရော သတိကြီးစွာထားတယ်။ သူကိုယ်တိုင်လည်း အမြဲတမ်းဖျတ်လတ်နိုးကြားနေတယ်။ တပည့်တွေကိုလည်း သူက အဲဒီပုံစံရိုက်သွင်းထားပါတယ်။ ကျွန်တော်တို့သည် အဘရဲ့ တော်တော်ပြင်းပြင်းထန်ထန် Training ကိုရခဲ့တာပါ။ အဓိက အနည်းဆုံး အိပ်ရေးမ၀ဘူး။ ကျွန်တော်တို့လို အဘနဲ့အနီးကပ်နေတဲ့လူတွေရဲ့မျက်နှာက အမြဲတမ်း ပုံမှန်အိပ်ရေးမ၀တဲ့ မျက်နှာမျိုးဖြစ်နေတယ်။ အလုပ်တစ်ခုခုကို တောက်လျှောက်လုပ်နေရတယ်။ အဘလုပ်တဲ့ မူကလည်း သူ့မှာ နားချိန်ဆိုတာ သိပ်မရှိဘူး။ အိပ်နေတဲ့အချိန်တစ်နာရီလောက်ကလွဲပြီး ကျန်တဲ့အချိန်အားလုံးမှာ သူစာရေးတယ်။ ဗေဒင်ဟောတယ်။ ယတြာပေးတယ်။ တပည့်တွေကို ပညာသင်ပေးနေတယ်။ ဗဟုသုတဖြစ်ရာဖြစ်ကြောင်းတွေ ပြောနေတယ်။ ၂၄ နာရီမှာ ၂၃ နာရီလောက်ပါပဲ။ သူစာရေးတာကို ပျင်းလာပြီဆိုရင် ဒီပြင်တစ်ခုကို အာရုံပြောင်းလုပ်တယ်။ ဗေဒင်ဘက်လှည့်တာ ပျင်းတယ်။ မောသွားရင် နည်းနည်းဗဟုသုတဖြစ်တာကို ပြောတယ်။ အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလုပ်သွားခြင်းသည် နောက်အလုပ်တစ်ခုပြောင်းခြင်းသည် အရင်အလုပ်ကို နားခြင်းပဲ ဆိုတဲ့ ပုံစံမျိုးနဲ့ သူက လုပ်သွားတာ။

အဘဆရာကြီးမင်းသိင်္ခရဲ့ ငယ်မွေးခြံပေါက်သားတပည့်ရင်းလို့ ဆိုရမယ့် ဆရာဇင်ယော်နီရဲ့ မင်းသိင်္ခအကြောင်း ပြန်လည်ပြောကြားချက်အချို့ကို လျှပ်တပြက်ဂျာနယ်ကနေ ကောက်နုတ်မှတ်သားမိပါတယ်။ ဆောင်းပါးကို ဖတ်ရင်းနဲ့ ၂၀၀၂ ခုနှစ် ဇွန်လရဲ့ မိုးရေစက်တွေကြားက ပညာသင်ကာလနေ့ညများကို အောင့်မေ့ သတိရမိပါတယ်။ တနေကုန် ဗေဒင်ဟော၊ ယတြာပေး၊ တပည့်တွေ ပညာသင်ပေး၊ ဧည့်သည်လက်ခံတွေ့နဲ့ မနားမနေအလုပ်တွေလုပ်၊ ညရောက်တော့လည်း တအောင့်လေးမှေးရုံလောက် အိပ်ပြီး ညဥ့်နက်သန်းခေါင် စာထရေးတဲ့ အဘပုံရိပ်တွေ ပြန်မြင်ယောင်လာမိပါတယ်။ ငါက ငါဖာသာ နားနားနေနေ နေမိတာတောင် အောင်မာ..မင်းက တသက်လုံးကြိုးစားရုန်းကန်လာခဲ့ပြီး အခုမှ ဇိမ်ရစ်နေတယ်ပေါ့လေ ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်ရှက်မိတာနဲ့ အလုပ်နဲ့လက်မပြတ်အောင် လုပ်နေမိတော့တာပါပဲ။ အလုပ်မရှိဘဲ ဒီတိုင်း ထိုင်နေမိရင် အသက်မဲ့နေသလို ခံစားမိတယ်ကွာ။ ဒီတော့ အလုပ်လုပ်နေခြင်းကိုက ငါအသက်ရှင်နေသေးကြောင်း သက်သေပြသလို ဖြစ်နေတာပေါ့ကွာ..တဲ့။ ၀ထ္ထုတစ်အုပ်မှာ အဘပြောပြတဲ့စကားတစ်ခွန်းပါ။ ကလေးဘ၀တည်းက သင်ဆရာ၊ မြင်ဆရာတစ်ဦးဖြစ်ခဲ့တဲ့အဘကို ဒီနေရာကနေ လက်အုပ်မိုးကန်တော့လိုက်ပါတယ်။ အဘရောက်ရာဘ၀မှာ ငြိမ်းချမ်းပါစေ။

အဘနဲ့ ပက်သက်လို့ ရေးခဲ့တဲ့ ပို့စ်အဟောင်းနှစ်ခုပါ။ လူတစ်ချို့က ပုတ်ခတ်လို့ မဆုံးနိုင်တဲ့ အာဂယောင်္ကျားတစ်ယောက်အကြောင်း စိတ်ဝင်စားရင် လေ့လာသွားနိုင်ပါတယ်။

ပြီးတော့လည်း ပြီးတာပါပဲ

မှတ်မှတ်ရရ မင်းသိင်္ခ



9 comments:

khin oo may said...

မင်းသိခ်စာအုပ်တွေ ဖတ်တယ် အရမ်းဘဲ။ သူ့ရဲ့ ပါဝါ ကတော့မြင့်လွန်းပါတယ်။

တက်လူငယ် said...

ကျနော် အရမ်းလေးစားအားကျခဲ့တဲ့ လူတစ်ယောက်ပေါ့ဗျာ။

ယောကျာ်းပီသတဲ့လူတစ်ယောက်ပါပဲ။

ပိုစ့်အတွက်ကျေးဇူးပါ။

minn said...

ကိုရောင်း ၈မ်ရေ ရောက် ခဲ့ တယ် ကျနော့်ကို ယောက်ျားနီတိ သင်ပေး ခဲ့ သူတွေ ထဲမှာ ဆရာကြီး ပါတယ် ဒီ ဘက် ခေတ် ခလေးတွေကို ကြုံရင် ယောက်ျားနီတိ ပြန်သင်ပေး လိုက် စမ်း ပါ နော် ကျေးဇူး ပါ ဗျာ

upasaka said...

ကိုရမ်းဂန် ရောက် လာတယ် သတိရတယ် ယောက်ျား ပီသတဲ့ ယောက်ျား တွေ ကို ဆရာကြီးမွေး ထုတ်နိုင် ခဲတာ ကို လေး စားနေတယ်လေ။

JulyDream said...

အတော် အအိပ်နည်းတာပဲ။ တစ်နေ့ကို ၁ နာရီပဲ အိပ်တယ်ဆိုတော့ အားပါးပါး... အဲဒီလို နေမှာတော့ ကျန်းမာရေး ချူချာပြီပေါ့။ ဘ၀စုံခဲ့တာကိုတော့ ကြားဖူးတယ်။

Andy said...

ဒါကြောင့် ဆားပုလင်းနှင်းမောင်တို့ စနေမောင်မောင်တို့ ပေါ်လာနိုင်တာပေါ့ဗျာ

မိုးမောင်(HappyCloud) said...

ဘယ်သူတွေ ဘာပဲပြောပြော.. ဆရာမင်းသိင်္ခရဲ့ လုံ့လနဲ့ ဥာဏ်ပညာကတော့ လေးစားထိုက်တယ်။ ရှားပါးပုဂ္ဂိုလ်ပါပဲ။

Yegyi said...

ကျွန်တော်ငယ်ငယ်ကဆို ဆားပုလင်းနှင်းမောင် အသဲစွဲပေါ့။

တားမြစ် ထားသော... said...

အနက်ရောင်စကားလုံး။ စနေနံနဲ့နှစ်။ အာဂအမျိုးသား။
ဖတ်ရှုခံစားသွားကြောင်းပါ။

သုခမိန်(E-Journal)