Tuesday, March 24, 2009

Lulin ကြယ်တံခွန်ဟောကိန်း


လက်ရှိပြိုလဲနေတဲ့ ရွှေ၊ အိမ်၊ မြေယာ ဈေးကွက်တွေဟာလည်း ကျဆင်းဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

မကြာသေးမီက မြန်မာနိုင်ငံထုတ် First News ဂျာနယ်ပါ မြန်မာ့နက္ခတ်ပညာရှင် ဆရာဘဲလားလေဘာတီ ( ခေတ္တ USA ) ရေးသားတဲ့ ကြယ်ပြာလူလင်ကြယ်တံခွန်ကြောင့် ကမ္ဘာကြီးဘာဖြစ်လာဦးမလဲ ဆိုတဲ့ ဆောင်းပါးကို ဆရာ့ခွင့်ပြုချက်ရတဲ့တွက် အကျဉ်းချုပ် ပြန်လည်ဖော်ပြပေးချင်ပါတယ်။ ဆရာ့ဆောင်းပါး အကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

နှစ်သန်းနှစ်ဆယ်လောက်မှာမှ ကမ္ဘာကိုတစ်ကြိမ်ဖြတ်သန်းလေ့ရှိတဲ့ ကြည်ပြာရောင်အဆင်းရှိတဲ့၊ လူလင်ဆိုတဲ့ ကြယ်တံခွန်ဟာ ဖေဖော်ဝါရီလ ၂၇နဲ့ ၂၈ ရက်တွေမှာ ကမ္ဘာနဲ့အနီးဆုံး မိုင်ပေါင်း ၃၈ သန်းအကွာကနေ ဖြတ်သန်းသွားခဲ့ပါတယ်။ အဲဒီလိုဖြတ်သန်းရာမှာလည်း သိဟ်ရာသီက စနေဂြိုဟ်နဲ့ မာဃနက္ခတ်တွေနဲ့ ယှဉ်ပြီးဖြတ်သန်းသွားခြင်းဖြစ်ပါတယ်။ အခုလို ကြယ်တံခွန်နဲ့ စနေ၊ မာဃနက္ခတ်တွေနဲ့ ယှဉ်သွားတဲ့အတွက် ၂၀၀၉ မေလကနေ ၂၀၁၀ ဧပြီလအတွင်းမှာ ကမ္ဘာကြီးဟာ သဘာဝဘေးအန္တရာယ်ကြီးများစွာနဲ့ ရင်ဆိုင်ရနိုင်သလို၊ တရုတ်၊ ရုရှ၊ အမေရိကန်က အဏုမြူရေငုပ်သင်္ဘောတွေ၊ ဂြိုဟ်တုတွေ ပျက်စီးဆုံးရှုံးတာ၊ ကြယ်တံခွန်ဟာ စစ်ကို လှုံ့ဆော်တဲ့အတွက် စစ်မက်အင်္ဂါကြီးထွားလာရာကနေ စစ်ပွဲကြီးတစ်ခု ဖြစ်တည်လာနိုင်တာ၊ ဟီလာရီကလင်တန်ဖြစ်စေ၊ သမ္မတအိုဘားမားဖြစ်စေ နူတ်ထွက်လိုစိတ်ပြင်းပြတဲ့အထိ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကိုင်တွယ်ရခက်ခဲလာမှာ၊ နှစ်ပေါင်း ၂၃၂ နှစ်တိုင် Super Power ဖြစ်ခဲ့တဲ့ အမေရိကန်ရဲ့ နေ၀င်ချိန်ကို ရောက်ရှိစေမှာ၊ လက်ရှိကျဆင်းနေတဲ့ စီးပွားပျက်ကပ်က ထင်ထားတာထက် ဆိုးရွားပြီး နာလန်ထူဖို့ ခဲယဉ်းမှာ၊ အိုဘားမားရဲ့ ဂုဏ်သိက္ခာတွေ ကျဆင်းလာမှာ၊ ဆိုတဲ့ စတဲ့ နိုင်ငံတကာရေးရာဟောကိန်းတွေကို ဆရာဘဲလားလေဘာတီက ဟောကြားထားပါတယ်။

လက်ရှိပြိုလဲနေတဲ့ ရွှေ၊ အိမ်၊ မြေယာဈေးကွက်တွေဟာလည်း ကျဆင်းဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကြယ်တံခွန်ကြောင့် ကမ္ဘာပတ်လမ်းကြောင်းထဲကို ဥက္ကာပျံတွေ ၀င်ရောက်လာနိုင်သလို လကမ္ဘာဆီကိုလည်း ဥက္ကာပျံတွေ ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအတွက်တော့ ထင်ရှားတဲ့ အကယ်ဒမီ မင်းသားမင်းသမီးတွေ၊ ဒါရိုက်တာကြီးတွေအနေနဲ့ ကျန်းမာရေး၊ အသက်အန္တရာယ် ရှိလာနိုင်သလို ဂုဏ်သိက္ခာကျဆင်းရတဲ့ အဖြစ်မျိုးလည်း ဖြစ်လာနိုင်တယ်လို့ ဟောကြားထားပါတယ်။ သမိုင်းဝင်စေတီတော် တစ်ဆူဆူကနေ ရောင်ခြည်တော်လွှတ်တာ၊ မကြံစဖူး သမိုင်းအမွေအနှစ်တွေ တူးဖော် ရရှိတာမျိုးလည်း ဖြစ်လာမယ်လို့ ဟောထားပါတယ်။

ဆရာဘဲလားလေဘာတီဟာ မြန်မာလူမျိုးနက္ခတ်ပညာရှင်တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၈ သြဂုတ်လတစ်ရက်နေ့ နေကြတ်ခြင်းနဲ့အတူ ဖြစ်ပွားလာနိုင်တဲ့ ကမ္ဘာ့ရေးရာများကို ကြိုတင်ဟောကိန်း ထုတ်နိုင်ခဲ့ပါတယ်။ ဥပမာ၊ ရုရှား၊ ဂျော်ဂျီယာစစ်ဖြစ်ပွားတာ၊ ပါကစ္စတန်သမ္မတ မူရှာရက်၊ နူတ်ထွက်တာ၊ အမေရိကန်နဲ့ရုရှားက ဂြိုဟ်တုချင်းဝင်တိုက်မိတာ၊ စတဲ့ ကမ္ဘာရေးရာဟောကိန်းများကို အချိန်ကာလနဲ့တကွ မှန်အောင်ဟောကိန်းထုတ်နိုင်ခဲ့ပါတယ်။ ဆရာဘဲလားလေဘာတီရဲ့ ဆိုဒ်မှာ သူ့ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ကမ္ဘာရေးရာ ဟောကိန်းများကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။

5 comments:

masumon said...

ကမ္ဘာ့ငြိမ်းချမ်းရေးကို ကိုင်တွယ်ရ ခက်လာမှာ..ကို အစိုးရိမ်ဆုံးပါပဲ....

နှင်းပွင့်ဖြူလေး said...

အိမ်ခြံမြေဈေးကျတုန်းမှာ ၀ယ်ထားမှ.... :P

flowerpoem said...

ဈေးကျတုံး ၀ယ်ထားရင်ကောင်းမလား ကို younggun ထပ်ကျအုံးမယ်ဆို စောင့်အုံးမယ် ဟီး၂

pandora said...

ကမ္ဘာကြီးက ကျန်းမာရေး မကောင်းသေးဘူးပေါ့နော်
ယတြာခြေလို့ မရဘူးလား

Anonymous said...

Sr...
Ps say me, my date of birth : 23-8-1958(Sat Day)
April to May within month condition [ good or bed?]
My mail no :(1) nls.naylinsoe@gmail.com
(2) spo2007@ walla.com
Thank Regurds
WPO