Monday, April 27, 2009

မြန်မာ့ဆန်းဗေဒင်က မိုးကြိုးဟောကိန်း

ကျွန်တော် တွေးမိသလောက်ကတော့ သောကြာဆိုတဲ့ ရေနောက်ဓာတ်မနဲ့ တနင်္လာဆိုတဲ့ ကျောက်မြေဓာတ်ဖို ဆိုတာရယ်၊ သောကြာနဲ့ တနင်္လာဟာ နက္ခတ်ဗေဒင်မှာ မိုးရွာသွန်းမှုကို ဖော်ညွှန်းတဲ့ ပရိယာယ်တွေ ဆိုတာရယ်ပါပဲ။

ဌာနကောင်းမှာရှိတဲ့ သောကြာကို ဆန်းကျင်တဲ့ တနင်္လာက ကပ်ပြီး သက်မဲ့ဖြစ်ရင် မိုးကြိုး ခမယ်။ ဌာနဆိုးက သောကြာကို ဆန်းကျင်ကြီးက တနင်္လာကပ်ရင် မိုးကြိုးအပစ်ခံရမယ်လို့ ရှေးမြန်မာဆန်းကျမ်းဗေဒင်ဟောကွက် ဥပဒေသမှာ လေ့လာဖူးပါတယ်။ ဒီလို မိုးကြိုးခမယ် အပစ်ခံရမယ် ဆိုတဲ့ ဟောကွက်မျိုးကို လက်လှမ်းမီသလောက်ပြောရရင် နက္ခတ်ဗေဒင်မှာတင် မကပါဘူး။ မဟာဘုတ်၊ အင်္ဂဝိဇ္ဇာစတဲ့ မြန်မာ့ရိုးရာဗေဒင်ပညာတွေမှာတောင် မတွေ့မိပါဘူး။ ဒါဟာ ဆန်းကျမ်းပညာရဲ့ အဆင့်မြင့်ဥပဒေသတစ်ခု ဖြစ်ပါတယ်။ သောကြာနဲ့ တနင်္လာအတွေ့ ၊ တစ်နည်းပြောရရင် သောကဆိုတဲ့ ဌာနပမာဏရန်၊ အတွင်းရန်တွဲကို ဌာနဆိုးပြီး ဆန်းကျင်တဲ့သဘော ပေါင်းစပ်လိုက်တော့ ဘာလို့များ အခုလို မိုးကြိုးပစ်တဲ့ ကိန်းမျိုး ထွက်ပေါ်လာရသလဲ ဆိုတာကတော့ ပညာရှင်အဆင့်တွေသာ သိနားလည်မယ်ထင်ပါတယ်။

တခါတုန်းက ရာဟုသက်ရောက်နေတဲ့ တနင်္ဂနွေသားတစ်ယောက်၊ နိစ်ကြီးမှာ သောကြာရှိနေပြီး၊ ဆန်းကျင်လေးဖြစ်တဲ့ တနင်္လာက လာကပ်ချိန်မှာ မိုးကြိုးအနီးကပ်ပစ်ချသွားတာကို မြင်လိုက်ရတယ်လို့ မှတ်တမ်းတင်ခဲ့ပါတယ်။ သူ့မျက်စိရှေ့မှာတင် မိုးကြိုးထိမှန်လို့ ပြတ်ကျလာတဲ့ဝိုင်ယာကြိုးက မီးပွားစတွေ အနီးကပ်ကို ကြုံလိုက်ရပါတယ်။ လူကိုတော့ မထိခိုက်ခဲ့ပါဘူး။

ကျွန်တော် တွေးမိသလောက်ကတော့ သောကြာဆိုတဲ့ ရေနောက်ဓာတ်မနဲ့ တနင်္လာဆိုတဲ့ ကျောက်မြေဓာတ်ဖို ဆိုတာရယ်၊ သောကြာနဲ့ တနင်္လာဟာ နက္ခတ်ဗေဒင်မှာ မိုးရွာသွန်းမှုကို ဖော်ညွှန်းတဲ့ ပရိယာယ်တွေ ဆိုတာရယ်ပါပဲ။ ရှေးပညာရှင်တွေရဲ့ မိုးကြိုးပစ်ကိန်း အမြင်ယူဆချက်ကို လေ့လာသင်ယူခွင့်သာ ရချင်စမ်းပါတယ်။ တတ်သိနားလည်သူများ ရှိရင်လည်း ဘာ့ကြောင့် ဒီလိုဆက်စပ်ယူဆသွားတယ်ဆိုတာ ရှင်းပြစေလိုပါတယ်။ စကားမစပ်၊ မြန်မာစကားတွေမှာ မဟုတ်တာ လုပ်ထားရင် ဘုရားစူး မိုးကြိုးပစ် ဆိုပြီး ကျိန်ကြတာဆိုတော့ ဘယ်လောက် မဟုတ်တာ လုပ်လုပ်၊ မိုးကြိုးအပစ်မခံရတဲ့ သူတွေကို ကြည့်ပြီး ဒါသည်လည်း ပညာယူရန် ကျန်သေးသည့် အရာများပါတကားလို့ စဉ်းစားမိပါတယ်။

2 comments:

တားမြစ် ထားသော... said...

ဘုရားစူး မိုးကြိုးပြစ်တော့ မပါပဲပြောပါမယ်၊ ခုမှလာဖတ်မိတယ်။ ကောင်းတဲ့ ပိုစ့်တွေပါပဲ။

သုခမိန်(E-Journal)

Anonymous said...

မိုးကြိုးပစ်၇တဲ့အကြောင်းကို သိချင်၇င် သကြားမင်းကြီးကို သွားမေးဗျ။ တစ်ခါတစ်လေတော့လည်း သူ့လက်က မတဲ့လေတော့ ကြားထဲက လူတွေ အထိနာတာလည်း ၇ှိလောက်တော့ သေသေချာချာ ပြောချင်မှ ပြောမှာဗျ။