Wednesday, April 22, 2009

စောင့်ကြည့်ရမယ့် ကြာသပတေး


၁၃၇၁ မှာ ဘာတွေ ဖြစ်မယ်ဆိုတာ စေ့စေ့တွေးလိုက်မိပါရဲ့.. ဒါပေမယ့် ရေးရေးလေးတောင် မပေါ်တော့ ဆရာ့ဆရာပညာရှင်တွေ ဖော်ထုတ်ဟောဆိုကြပါဦးလို့ ဒီနေရာကနေ တိုက်တွန်းမိပါတယ်။

၁၃၇ဝ တပေါင်းလပြည့်ကျော် ၁၅ ရက် အမွှာဝသီတိထိဟာ ကြာသပတေးနေ့မှာ ကုန်ဆုံးတဲ့အတွက် ၁၃၇၁ ခုနှစ်၊ ဝဿပတိ မင်းသမ္မတဂြိုဟ်ဟာ ကြာသပတေးဖြစ်လာပါတယ်တဲ့။ မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့ရဲ့ ဟောစာတမ်းမှာ ဖော်ပြထားပါတယ်။

၁၃၇၁ ခုနှစ်ကို စိုးမိုးတဲ့ သမ္မတဂြိုဟ်ဟာ ကြာသပတေးဖြစ်လာသလိုပဲ တိုက်တိုက်ဆိုင်ဆိုင် မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်ရဲ့ ကောဇာမဟာဘုတ်မှာ အထွန်းဌာနက အားအကောင်းဆုံးဂြိုဟ်ဟာ ကြာသပတေးဂြိုဟ်ကြီးပဲ ဖြစ်နေပြန်ပါတယ်။ အဲဒီအထွန်းဌာနက ကြာသပတေးဟာ မဟာဘုတ်ကသစ်အားရထားတဲ့ ဂြိုဟ်လည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မဟာဘုတ်ပက္ခကြိုးအရ ပုတိဌာနက စနေဂြိုဟ်ရဲ့ အမြင်ကိုလည်း ရန်သဘောနဲ့ အမြင်ခံထားရပါတယ်။

ကောဇာဂြိုဟ်အစီးနင်းအရဆိုရင်လည်း လတ်တလောရပ်တည်မှုအရစနေပိုင် မကာရရာသီမှာ ကြာသပတေးဂြိုဟ်ဟာ ရာဟု၊ကိတ်ဝင်ရိုးတန်းနဲ့ ကပ်ငြိနေပြီး နိစ်အဖြစ် အားနည်းနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကုမ်ရာသီထဲကို သီဟဇာဆိုတဲ့ အမြန်နူန်းနဲ့ ဝင်ရောက်တော့မှာလည်း ဖြစ်ပါတယ်။ ရိုးရိုးပြောရင်တော့ အသွားနူန်းမမှန် ဖောက်ပြန်တဲ့ သဘောပါပဲ။

ဒီတော့ကာ နှစ်ကိုစိုးမိုးတဲ့ ကြာသပတေးဂြိုဟ်ကြီးရဲ့ အနေအထား မမှန်၊ စနေဂြိုဟ်အမြင်ယှဉ်ခံထားရတဲ့ အခြေအနေကြောင့် ၁၃၇၁ မှာ ဘာတွေ ဖြစ်မယ်ဆိုတာ စေ့စေ့တွေးလိုက်မိပါရဲ့.. ဒါပေမယ့် ရေးရေးလေးတောင် မပေါ်တော့ ဆရာ့ဆရာပညာရှင်တွေ ဖော်ထုတ်ဟောဆိုကြပါဦးလို့ ဒီနေရာကနေ တိုက်တွန်းမိပါတယ်။

မှတ်ချက်၊ ကြာသပတေးဟာ ဘဏ်လုပ်ငန်း၊ ဘာသာရေး၊ ဆရာသမား၊ ပညာရှင်များ၊ ငွေကြေးဓန၊ အတွေးအခေါ်ပညာဥာဏ်၊ ချမ်းသာကြွယ်ဝမှုတွေကို စိုးမိုးပြီး စနေဂြိုဟ်ကတော့ ဆင်းရဲမွဲတေမှု၊ နှောင့်နှေးကြန့်ကြာမှု၊ လက်အောက်ခံပြည်သူများ၊ ဝမ်းနည်းဖွယ်သေဆုံးမှုများ၊ ရာဇဝတ်မှုများကို စိုးမိုးပါတယ်တဲ့။

2 comments:

flowerpoem said...

ကို younggun ရေ အလည်လာပါတယ်..

လင်းကြယ်ဖြူ said...

ကောင်းပါတယ်ခင်ဗျာ