Wednesday, May 20, 2009

၁၂ နှစ် တစ်ခါ ပူးလို့လာ


အနောက်တိုင်း နက္ခတ္တပညာအရ ဒီဂြိုဟ်ကြီးနှစ်လုံး ပူးယှဉ်မှုဟာ ဖိအားပြဿနာများစွာကို ဖြစ်ပေါ်စေသလို၊

ကြာသတေးဂြိုဟ်နှင့် နက်ပကျွန်းဂြိုဟ်တို့၏ ပူးယှဉ်မှုသည် ၁၂ နှစ် တစ်ကြိမ်သာ ဖြစ်လေ့ရှိသော်လည်း ၂၀၀၉ ခုနှစ်အတွင်း တစ်နှစ်တည်း သုံးကြိမ်ဆက်တိုက် ပူးယှဉ်ရန်ရှိကြောင်း၊ ယခု မေလ ၂၇ ရက်နေ့တွင် တစ်ကြိမ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် တစ်ကြိမ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ပူးယှဉ်မည် ဖြစ်ကြောင်း၊ အဆိုပါ သုံးကြိမ်ဆက်တိုက် ပူးယှဉ်မှုမျိုးကို နောင်လာမည့် ၂၀၄၇ နှင့် ၂၀၈၅ ခုနှစ်များမှသာ ကြုံတွေ့ရမည် ဖြစ်ကြောင်း ဒီတစ်ပတ်ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ပူးယှဉ်မယ့် ရာသီခွင်ဟာ နိရာယနစနစ်အရဆိုရင် ကုမ်ရာသီဖြစ်ပြီး သိဟ်ရာသီက စနေဂြိုဟ်နဲ့ အမြင်ယှဉ်ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နက္ခတ်ဗေဒင်အရ နောက်ထပ်ထည့်သွင်းထားတဲ့ ချီရွန်ဆိုတဲ့ ဂြိုဟ်အသစ်နဲ့လည်း ပူးမှာဖြစ်တဲ့အတွက် ဂြိုဟ်သုံးလုံးပူးခြင်း ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ကမ္ဘာကြီးမှာ၊ ကျနော်တို့ မြန်မာပြည်မှာ ဘာများ ထူးခြားလာဦးမလဲ ဆိုတော့ တစ်ခုခုတော့ တစ်ခုခုလာဦးမယ်လို့ပဲ မျှော်လင့်ရကြောင်းပါ။ ကြာသပတေးဂြိုဟ်ဟာ တိုးချဲ့အသစ်ထွင်ခြင်း၊ အကောင်းမြင်ဝါဒ၊ အပြုသဘောဆောင်ခြင်း၊ ကံကောင်းခြင်းများကို ဖော်ပြပြီး နက်ပကျွန်းဂြိုဟ်ကတော့ အိပ်မက်ဆန်၊ စိတ်ကူးယဉ်ဆန်၊ တီထွင်ဖန်တီးမှုတွေကို ကိုယ်စားပြုပါတယ်တဲ့။ အနောက်တိုင်း နက္ခတ္တပညာအရ ဒီဂြိုဟ်ကြီးနှစ်လုံး ပူးယှဉ်မှုဟာ ဖိအားပြဿနာများစွာကို ဖြစ်ပေါ်စေသလို၊ တခါတလေမှာတော့ အလားအလာကောင်းများစွာကိုလည်း ဖြစ်ပေါ်စေတတ်ပါသတဲ့။

ပြီးခဲ့တဲ့ ၁၂ နှစ်လောက်ကို ပြန်လှန်လှောကြည့်ရင် ကြာသပတေးနဲ့ နက်ပကျွန်းတို့ မကာရရာသီမှာ ပူးယှဉ်ခဲ့ဖူးတဲ့ ၁၉၉၇ ခုနှစ်မှာ အာရှငွေကြေးအကျပ်အတည်းကြီး ဖြစ်ပွားခဲ့သလို၊ ဟေးဘော့ဂ်အမည်ရတဲ့ ကြယ်တံခွန်ကြီးလည်း ညကောင်းကင်ယံမှာ မျက်မြင်ပေါ်ထွက်ခဲ့ဖူးကြောင်း တွေ့ရှိရပါတယ်။ ဒီနှစ်အစောပိုင်းကလည်း လူလင်ဆိုတဲ့ အပြာရောင်ကြယ်တံခွန်ကို မြင်ခဲ့ရအပြီးမှာ အခုလို ဂြိုဟ်ကြီးနှစ်လုံး အပူးကို ထပ်မံမြင်တွေ့ရခြင်း ဖြစ်ပါတယ်။ မည်သို့ ဆိုစေကာမူပေါ့ ဂြိုဟ်ကြီးတွေ အပူးအယှဉ်တိုင်းမှာ ကျနော်ဆုတောင်းမိတာက မြန်မာပြည်သာစေကြောင်းရယ်နဲ့ ….။

3 comments:

Andy said...

မြန်မာပြည်သာစေကြောင်းရယ်နဲ့...။ ရှေ့ဆက်လေဗျာ..။

Anonymous said...

မျှော်နေကြတာတော့ လူတိုင်းပဲဗျ... ဟိ

တားမြစ် ထားသော... said...

မြန်မာပြည်သာစေကြောင်းရယ်နဲ့...