Tuesday, June 30, 2009

ကြားဖူးနားဝ Black Magic


အောက်လမ်းပညာက အဆိုးဆုံး လုပ်ရပ်ကတော့ ကျွန်တော်တို့ရဲ့ တုနှိုင်းမဲ့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ် ပုံတော်ကို သူတို့ခြေဖ၀ါးမှာ အပီအပြင်ကို ဆွဲသားထားခြင်းပါပဲ။

Black Magic ဆိုတာနဲ့ မလေးရှားစုန်းကား၊ ယိုးဒယားအောက်လမ်းကားတွေထဲက အရိုးခေါင်းတွေ၊ လူခနွာကိုယ်ထဲက အူအသည်းတွေ၊ ဆံပင်ချည်ထွေးတွေ၊ သွေးသံရဲရဲတွေ၊ ကိုးရိုးကားယားနဲ့ သင်္ချိုင်းက ထလာတဲ့ မိစ္ဆာကောင် ဖုတ်ကောင်တွေကို ပြေးမြင်ယောင်မကြည့်လိုက်ပါနဲ့ဦး။ အနက်ရောင်မှော်ပညာဆိုတာ သူတပါးကို ကိုယ်ရောစိတ်ပါ ထိခိုက်ကြေမွသွားအောင်လုပ်တဲ့၊ စိတ်အနှောက်အယှက်ပြုရုံအဆင့်ကနေ အသက်ဇီဝိန်ကြွေသည်အထိ ပြုစားစီရင်နိုင်တဲ့ အောက်လမ်းပညာအတတ်လို့လည်း ခေါ်ကြပါတယ်။ မြန်မာလူမျိုးအတော်များများကတော့ အောက်လမ်းပညာသည်ဆို ဝေါင်ဝေါင်ရှေးလို့ ဝေးဝေးရှောင်၊ မျက်နှာတောင်စေ့စေ့ မကြည့်ရဲခဲ့ကြဘူးလို့၊ ရွံကြောက်ကြီးဖြစ်လွန်းလို့ ရွာသူကြီးအားကိုးနဲ့ အဲဒီပညာသည်တွေကို ရွာပြင်မောင်းထုတ်ထားတတ်ကြတယ်လို့ လူကြီးသူမတွေက ပုံပြင်ဒဏ္ဍာရီတစ်ပုဒ်သဖွယ် ပြောပြခဲ့ဖူးပါတယ်။

ကျွန်တော့်အသက် နှစ်ဆယ်ကျော်လာတဲ့အထိ အောက်လမ်းပညာသည်ဆိုတာ အပြင်မှ နှစ်ခါလောက်ပဲ မြင်ဖူးခဲ့ပါတယ်။ လောကီအတတ်တွေကိုလေ့လာမိတော့ အဲဒီအောက်လမ်းမှာ အင်မတန်နာမည်ကြီးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ခုနှစ်စဉ်တိုက်ဆိုတာကိုလည်း ကြားဖူးခဲ့ပါတယ်။ မြင်တွေ့ဖူးတဲ့ အောက်လမ်းသမားတွေသုံးတဲ့ အင်းချပ် Magic Square တွေကလည်း သာမန်နဲ့မတူ ထူးခြားနေပါတယ်။ ဘီလူးပုံ၊ အမြီးအမောက်မတည့်တဲ့ ကိုယ်လက်အင်္ဂါမစုံတဲ့ မိန်းမယောကျာင်္းပုံတွေနဲ့ အင်းပေါ်မှာပါ ပုံဆွဲပြီး စီရင်ကြတယ်လို့လည်း မှတ်သားဖူးပါတယ်။ သူတို့အစွမ်းတွေ မြှင့်တင်ရာမှာ မီးနေသည်အိမ်အောက်ဝင်ထိုင်နေတာ၊ အိမ်သာအညစ်ကြေးတွေနားနေတာ၊ ရုတ်တရတ်သေသွားလို့ အစိမ်းသေသေတယ်ဆိုတဲ့ မသာအလောင်းကို ပြန်ဖော်ပြီး ဖုတ်သွင်းပစ်တာ၊ စတဲ့ သင်္ချိုင်းနားက မခွာတဲ့ ကျင့်စဉ်တွေကို ကျင့်ကြတယ်လို့ ဆိုပါတယ်။ ပြောရရင်တော့ ကြက်သီးထစရာ ကောင်းသလို မသတီစရာလည်း ကောင်းပါတယ်။

အောက်လမ်းပညာက အဆိုးဆုံး လုပ်ရပ်ကတော့ ကျွန်တော်တို့ရဲ့ တုနှိုင်းမဲ့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ် ပုံတော်ကို သူတို့ခြေဖ၀ါးမှာ အပီအပြင်ကို ဆွဲသားထားခြင်းပါပဲ။ ဆွဲထားတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်က သူတို့ဟာ တစ်ဘ၀သာ စံမယ့်သူတွေလို့ ၀န်ခံပြောဆိုတာတောင် ကျွန်တော်တော့ သူတို့ကိုယ်စား မတွေးရဲလောက်အောင် ဖြစ်ခဲ့ဖူးပါတယ်။

မြန်မာပြည်မှာတော့ အဲဒီအောက်လမ်းအတတ်နဲ့ပက်သက်တဲ့ ကျမ်းစာအုပ် မရှိသလောက်ကို ရှားပါးပြီး ထွက်ပေါ်ခဲ့ဖူးတဲ့ မဟာသရဖူကိုးစောင်တွဲကျမ်းနဲ့ ကဝေသာရကျမ်းတွေမှာတော့ အနည်းအကျဉ်းလောက် ပါတယ်လို့ သိရပါတယ်။ ဖတ်ဖူးတဲ့ မဟာသရဖူကျမ်းမှာတော့ အာဠာဝလ၊ ပုဏ္ဍက၊ သူရသာတီမှော်တွေသာ အဓိကပါဝင်ပြီး အထက်မကျ၊ အောက်မကျတဲ့ ကျမ်းသာဖြစ်ပါတယ်။ ကဝေသာရကျမ်းကတော့ မဖတ်ဖူးသေးတော့ အတတ် မပြောနိုင်သေးပါဘူး။

လူကြီးသူမတွေ၊ ဆရာသမားမိဘတွေကတော့ ဒီပညာတွေဟာ လောကအကျိုးလူတွေအကျိုးကို ဘာမှ မပေးစွမ်းတဲ့အပြင် လူကိုပါ အပါယ်ငရဲလားစေမယ့် အကုသိုလ်ဖြစ်စေတဲ့ ပညာတွေမို့လို့ ရှောင်ကျဉ်ရမယ်လို့ ဆိုဆုံးမထားပါတယ်။ ဒါပေမယ့် ဒါပေမယ့်ပေါ့လေ။ အသုံးမချကောင်းတဲ့ပညာသာ ရှိမယ်။ မသင်အပ်တဲ့ မလေ့လာအပ်တဲ့ပညာမရှိလို့ ခံယူထားတဲ့ ကျွန်တော်ကတော့ သင်ပေးမယ့်သူရှိရင် သင်ဦးမှာဖြစ်ပါတယ်။ လမ်းစရသလောက်လည်း လေ့လာဖြစ်ပါတယ်။ ဘလော့ဂါတွေထဲက တတ်ကျွမ်းနားလည်သူများရှိရင်လည်း သင်ကြားပေးဖို့ တောင်းဆိုလိုက်ပါတယ်။ သင်ပေးမယ်ဆိုရင်လည်း တပည့်ခံဖို့ အသင့်ဖြစ်ပါတယ်။ ပြီးမှ ဆရာရော တပည့်ပါ ပြာပူပူနင်းပြီး ငရဲကို အတူတူဆင်းကြတာပေါ့။ လောလောဆယ်မှာတော့ မြန်မာပြည်ရဲ့ အောက်လမ်းအတတ်ပညာ၊ တနည်းအားဖြင့် အနက်ရောင်မှော်ပညာကို အသားပေးရေးသားထားတဲ့ အဲဒီ ကဝေသာရကျမ်းကြီးကို အခွင့်ရေးရတိုင်း ရှာဖွေနေဆဲ ဖြစ်တာမို့ ရရှိထားသူများရှိရင်လည်း လက်တို့ အသိပေးပါလို့ ဒီနေရာကနေ တောင်းဆိုချင်ပါတယ်။


22 comments:

luminnkhaung said...

အောက်လမ်းပညာက အဆိုးဆုံး လုပ်ရပ်ကတော့ ကျွန်တော်တို့ရဲ့ တုနှိုင်းမဲ့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ် ပုံတော်ကို သူတို့ခြေဖ၀ါးမှာ အပီအပြင်ကို ဆွဲသားထားခြင်းပါပဲ။ ဆွဲထားတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင်က သူတို့ဟာ တစ်ဘ၀သာ စံမယ့်သူတွေလို့ ၀န်ခံပြောဆိုတာတောင် ကျွန်တော်တော့ သူတို့ကိုယ်စား မတွေးရဲလောက်အောင် ဖြစ်ခဲ့ဖူးပါတယ်။


ဒီ လို ဟာမျိုး ကျနော်တွေ့ ဖူးတယ် ဗျ တကယ် လည်း အစွမ်း ထက် လွန်းတယ် အဝေးက နေ လူသတ်တဲ့ပညာရှင်မကြီးဗျ နာ မယ် တော့ မပြော ပါ ရစေနဲ့ အခုသီလရှင် ဘနဲ့ အရိုး ထုတ်သွားတယ်..နောင်တရဟန် တူ ပါတယ် ကျနော်ဒီအကြောင်း ကို အခန်းဆက်ဝတ္ထုရေးချင်နေတယ် ဗျာ သနားကြေကွဲ စရာကောင်း လွန်း လို့။

Anonymous said...

အောက်လမ်းပညာ သင်ချင်လား အဲဒါဆို ကမ်းနားလမ်းကိုသါားလေ ဆ၇ာရဲ့ ဟားဟား။
နောက်တာပါဗျာ စိတ်တော့ ဝင်စားစရာပဲဗျ သိရင်လဲ မျှပါဦး သိချင်တာတွေ အများကြီးပဲ။ လူများကို ပြုစားသင့် ပြုစားရအောင်ပါ အဟီးဟီး လုပ်ဗျာနော ဖတ်ဖူးတာပေါ့

akaraung said...

အကိုရေ ဝေသာရကျမ်:က ဘုရား စောင်းတန် မှာ ဝယ်လိုရတယ်;
ကဝေသာရ ကျမ်: ကအထက်လမ်:/အောက်လမ်:ရောနေပါတယ်,
ရေ: တဲ့ဆရာတော် ခင်ကြီ:ဖျော် ကတောဘယ်လမ်: လဲမသိဘူး,,,,:D

ကျွန်တော်မှာ the key of solomon the king ဆိုတဲ အောက်လမ်: စာအုပ် တော ရှိတယ်ဂျပန် လိုရေ ထားတာ ဘာသာပြန် ပေ: မဲ့သူရှိရင်ပြောပိုလိုက်မယ်;
ကျွန်တော် လဲ witch magic , black magic ကော် လေ့လာနေပါတယ်မြန်မာမှာ တကယ်စွမ်: တဲ့အောက်လမ်:ကော်အထက်လမ်: ကော် မတွေ ဖူသေးဘူး အကိုရှာလိုတွေ ရင် ပြောနော်တူ တူ သွားသင်ရ အောင်

saiaung said...

အကိုရေ ဝေသာရကျမ်:က ဘုရား စောင်းတန် မှာ ဝယ်လိုရတယ်;
ကဝေသာရ ကျမ်: ကအထက်လမ်:/အောက်လမ်:ရောနေပါတယ်,
ရေ: တဲ့ဆရာတော် ခင်ကြီ:ဖျော် ကတောဘယ်လမ်: လဲမသိဘူး,,,,:D

ကျွန်တော်မှာ the key of solomon the king ဆိုတဲ အောက်လမ်: စာအုပ် တော ရှိတယ်ဂျပန် လိုရေ ထားတာ ဘာသာပြန် ပေ: မဲ့သူရှိရင်ပြောပိုလိုက်မယ်;
ကျွန်တော် လဲ witch magic , black magic ကော် လေ့လာနေပါတယ်မြန်မာမှာ တကယ်စွမ်: တဲ့အောက်လမ်:ကော်အထက်လမ်: ကော် မတွေ ဖူသေးဘူး အကိုရှာလိုတွေ ရင် ပြောနော်တူ တူ သွားသင်ရ အောင် :D

saiaung said...

ဆရာဦးကျော်ရင် ရေ: ထားတဲ့ သျှိုပညာ စာအုပ် ကအောက်လမ်:ပါ
လေ့လာ ချင်ရင် ပေးမယ်လေ

dr.tin bo bo said...

ကိုရမ်းဂန်းလေး ရေ
အောက်လမ်းပညာတော့ မယုံမရှိလေနဲ့။ ကျွန်တော်ကိုယ်တိုင် အလုပ်ခံရ ဘူးတယ်။ ဗေဒင်ဆရာတစ်ယောက်ကလုပ်တာလေ။ ကံကောင်း လို့ အသိစောပြီး အသက်မသေခဲ့ရတာ။ ဒီပညာတွေ လေ့လာ တာကိုတော့ အားမပေးချင်ဘူး။ ဗေဒင်ပညာတောင်မှ ဘုရားမကြိုက်တဲ့ ပညာပါ။ အောက်လမ်းဆိုတာတော့ ကမ်းကုန်နေပြီ။ မလေ့လာချင်ပါနဲ့ဗျာ။
Dr.Tin Bo Bo

YoungGun said...

ကိုစိုင်းအောင်ရေ... ဆော်လမွန်စာအုပ်တော့ လူကြုံရှိရင် ထည့်ပေးစေချင်ပါတယ်။ ဂျပန်လိုထက် အင်္ဂလိပ်လို စာအုပ်ဆိုရင်တော့ ပိုအဆင်ပြေမှာပါ။ ဂျပန်လိုဆိုရင်တော့ ထားပါတော့။ ဆရာတင်ဘိုဘိုခင်ဗျား...အောက်လမ်းဆိုတဲ့ အနက်ရောင်လောကီပညာကို လုံးဝယုံကြည်ပါတယ်။ ဆရာ့အသိပေးမှုကိုလည်း လက်ခံပါတယ်။ ဒါပေမယ့် လမ်းက တစ်ဝက်ရောက်လာတော့ ဆက်ဆုံးအောင်လျှောက်လိုက်ပါဦးမယ်။ ကျေးဇူးတင်ပါတယ်။

Heartmuseum said...

စိတ်ဝင်စားစရာတော့ ကောင်းသားဗျ။ ဥာဏ်မမှီလို့ အထက်လမ်းကော အောက်လမ်းပါ သိတ်နားလည်လို့ မရဘူးဗျ။

မေဇင် said...

ကြောက်စရာကောင်းတယ်..။ စိတ်ဝင်စားစရာလဲ ကောင်းတယ်..။ ဗေဒင် ကိုစိတ်ဝင်စားလို့ လင့်ခ် လေးယူသွားတယ်နော်..။

မဆုမွန် said...

ကျွန်မကို ဗေဒင်တွက်ပေးပါလား ရှင်..ဒီတစ်သက် အိမ်ပြန်ရပါ့မလားဆိုတာလေး သိချင်လို့ပါ

ဗီလိန် said...

ဒါတင်မကသေးပါဘူး။ ကျနော့ ဘန်နာမှာ ရှိတဲ့ Lord Voldemort ရဲ့ အောက်လမ်းပညာကိုလည်း ထည့်ပြောဦးလေ။ :) စိတ်ဝင်စားတယ်ဗျာ။ အသစ်သိတာ၊ လေ့လာမိတာရှိရင် ထပ်ရေးပါဦး။

ရွှေပြည်သူ said...

စိတ်ဝင်စားစရာ ကြောက်စရာကောင်းပါတယ် ကို YoungGun ရေ။ မြတ်စွာဘုရားပုံတော်ကို အဲလိုလုပ်တာ ကြားဖူးပေမယ့် ခုမှတိတိကျကျ သိရတော့တယ်။ တဘဝပဲစံမယ်ဆိုတာ သိရက်နဲ့ ဘာကြောင့် မိုက်နေကြပါလိမ့်နော်...

Anonymous said...

ကံ ကံ ၏ အကျိုး ကို ယုံ ကြည် သူ အနေနဲ့ ဒီလို အရာ တွေ ကို မယုံ ကြည်ပါ။ ဗုဒ္ဓဘာ သာ ဝင် တွေ က ဒီလို ပြော နေကြ တာ မယုံ နိုင် စရာ ပါ။
သေချာ အောင် လေ့ လာ ကြည့် ပါ တယ် ဆို ရင် ဒီ စကား လေး ကို မမေ့ သင့် ပါဘူး။ ပညာ ရှိ ဆို တာ ပြေး ကြည့် ဖို့ မလို ပါ။ ကွေး သော လက် မဆန့် ခင် ၊ ဆန့် သော လက် ကို မကွေး ခင် နောင် သံသရာ ပါမယ် အရာ တွေ ကို သာ အား ထုတ် သင့် ပါတယ်။ အကျိုး မရှိ ဘူး
ထင် လျှင် အချိန်ကုန် မခံ ချင် ပါနှင့်။ မိမိ၏ အဖိုး တန်သော စွမ်း အား နှင်
အချိန် ကို လို အပ် နေသော နေရာ များ ၌ အသုံး ချ စေ ချင် ပါသည်။
ခင်မင်စွာ အကြံ ပြု ပါသည်။

YoungGun said...

အမည်မဖော်လိုသူခင်ဗျား သာဓုပါဗျာ သာဓု..သာဓုလို့ ခေါ်လိုက်ပါတော့မယ်။ ကံ ကံ၏ အကျိုးကို မြတ်နိုးယုံကြည်သူ တစ်ဦးအနေနဲ့ နောင်သံသရာအထိ ပါမယ့်အရာတွေကို ဆက်အားထုတ်ပါဦးမယ်။ သံသရာဆိုတာ နိဗန်နဲ့ တစ်သားတည်းများ ဖြစ်နေမလားတော့ မသိဘူးဗျာ.။ သံသရာဆိုတာ ရှိနေမှတော့ အချိန်ဆိုတာကလည်း ကုန်မခန်း၊နိုင်တဲ့အရာလို့ ယူဆတဲ့အတွက်..ဟုတ်ကဲ့။ ဆက်မိုက်လိုက်ပါဦးမယ်။ အမည်မသိပုဂ္ဂိုလ်ကြီးပဲ ကီးဘုတ်မနှိပ်ဘဲ နိဗန်ရွှေပြည် ရက်တိုတိုနဲ့ ဒိုးနိုင်ပါစေသော်ဝ်..။

Anonymous said...

kya daw doe mandalay tine htae ka mogoke doe moe mate doe mhar out lan pyin nyar so da yan ko name kyi par tal .... myar taw arr pyint shan lu myo ... mine tar lu myo twe par ... ti chin yin dot twar kyi p hle lar ng par tal

KK said...

အောက်လမ်းပညာက မတတ်တာ ကိုယ့်အတွက် အန္တရာယ်ကင်းမယ်ထင်တယ်။ တတ်ပြီး အသုံးချမိရင် ပြန်မထိခိုက်စေချင်လို့ပါ။ ကိုယ်သိပ်မုန်းတဲ့ ရန်သူအပေါ်မှာဆို ငါ တစ်ဘဝခံ ဖြစ်ရင် ဖြစ်ပေ့စေ၊ သူ့ကို လုပ်ရပြီးရောဆိုပြီး လုပ်မိတတ်တယ်။ နောက်ဘဝဖြစ် နောက်ဘဝမှ ရှင်းမယ်ဆိုတဲ့ ဒေါသနဲ့ အခုဘဝမှာ မလုပ်မိစေချင်လို့ပါ။ သူ့အစီအရင်တွေကလဲ ရွံစရာ အညစ်အကြေးတွေ၊ ဘုရားပုံကို မအပ်မရာ ပြုရတာတွေဆိုတော့ တော်တော် ရွံဖို့ ကြောက်ဖို့ ကောင်းတယ်။ ဘုန်းကံနိမ့်မယ့် အလုပ်ကို မလုပ်စေချင်ဘူး။
ပုထုဇဉ်ဆိုတော့ ဒီပညာ တတ်ထားရင် ဒေါသနဲ့ အမှားမလုပ်မိဘူးလို့ မိမိကိုယ်မိမိ အာမမခံနိုင်ကြဘူး။

Anonymous said...

ကဝေသာရကျမ်း ကို ဘုရားဇောင်းတန်းက
ဆရာ( ညောင်ဦး)သန်းဝင်း ဆီမှာရှာကြည့်နိုင်ပါတယ်
သူငယ်ချင်းတယောက်ဆီမှာရှိပါတယ်။
ကျနော်ငှါးတော့မပေးပါ
သင်ခွင့်ရရင်ကျနော်လဲသင်ချင်ပါတယ်

Terry j Lewis said...

ကဝေသာရ ကျမ်း
ကို လိုချင်တဲ့ မိတ်ဆွေ တွေ ဒီမှာ Download နိုင်ပါတယ်ဗျာ
https://docs.google.com/file/d/0ByoybHO2EueJa1NFcWpxaXFXZ3c/edit

Welcome to ShweEainThuLay Computer & Mobile Service Center.

(https://www.facebook.com/5hw3341n7hul4y)

kyawmin aung said...

Hi

Myo Htut Aung said...

Link တင်ပေးပါ

Myo Htut Aung said...

ပေးပါ လေ့လာချင်ပါတယ်linkလေးတင်ပေးပါ downloadဆွဲလို့ရအောင်

TRUST said...

ဗားမဲ့ဗားတမော့ကျမ်းကပိုကောင်းပါတယ်။လိုက်ရှာပြီးလေ့လာကြည့်ပါ။ရှိတယ့်လူတွေdownload link တင်ပေးပါ။