Tuesday, July 7, 2009

ဒီနေ့ လကြတ်မယ်


ဘာပဲဖြစ်ဖြစ် လကြတ်မှာကို ရှင်းရှင်းလင်းလင်းမြင်ရမယ့် အရပ်ဒေသမှာတော့ စိတ်လှုပ်ရှားစရာ မြင်ကွင်းတစ်ခုကို မြင်ခွင့်ရတော့မှာပါ။

ဇူလိုင် ၇ ရက်နေ့၊ ဒီနေ့ဟာ ဘလော့လောကမှာပဲ ခင်မင်ခွင့်ခဲ့တဲ့ ကိုဂျူုလိုင်အိပ်မက်ရဲ့ မွေးနေ့ ဖြစ်သလို၊ ဒီနှစ်ရဲ့ ဒုတိယအကြိမ်မြောက် လကြတ်မယ့်နေ့လည်း ဖြစ်ပါတယ်။ လောင်ဂျီူကျု၊ လတ္တီကျုအနေအထား ဘာညာကွိကွတွေအရ လကြတ်မှာကို ကျွန်တော်တို့ မြန်မာပြည်ကနေ မြင်ရမှာ မဟုတ်ပါဘူးတဲ့။ မိုးရာသီလည်း ဖြစ်နေလို့ မြင်ခွင့်ရတာတောင် မြင်ရမှာလည်း မဟုတ်ပေါင်။

ရှေးခေတ် လောကီပညာတွေမှာတော့ လကြတ်ချိန်မှာ အစွမ်းထက်ဆေးဝါးတွေ၊ အစီအရင်တွေ ပြုလုပ်လေ့ရှိတယ်လို့ မှတ်သားဖူးပါတယ်။ ဗေဒင်ပညာမှာတော့ လမင်းဟာ လူတွေရဲ့ စိတ်နှလုံးကို စိုးမိုးထားသလို၊ ငွေကြေးကိုလည်း ဖော်ညွှန်းတဲ့အတွက် လကြတ်နေတဲ့နာရီမိနစ်ပိုင်းလေးမှာ တချို့တွေက အစီအရင်တွေ မနိုင်မနင်းဖြစ်၊ မှော်ပေါက်ပြီး ရူးကြောင်ကြောင်တွေ ဖြစ်သွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် လကြတ်မှာကို ရှင်းရှင်းလင်းလင်းမြင်ရမယ့် အရပ်ဒေသမှာတော့ စိတ်လှုပ်ရှားစရာ မြင်ကွင်းတစ်ခုကို မြင်ခွင့်ရတော့မှာပါ။ လိုက်ဖတ်ကြည့်သမျှတော့ အခု လကြတ်မယ့်မြင်ကွင်းကို အမေရိကတိုက် အနောက်မြောက်နဲ့ တောင်ပိုင်းတွေမှာ မနက်မလင်းမီ မြင်တွေ့နိုင်ပြီး သြစတြေးလျတိုက်ကတော့ ညနေကနေ မမှောင်မီအထိကြား မြင်ရမယ်လို့ ဆိုပါတယ်။

လာမယ့် ဇူလိုင် ၂၂ ရက်နေ့ နေအပြည့်အ၀ကြတ်မယ့် မြင်ကွင်းကိုတော့ ကျွန်တော်တို့ အာရှဒေသနဲ့ မြန်မာနိုင်ငံကနေ ဘွင်းဘွင်းကြီး ( မိုးမရွာရင် ) မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ ကဲ..ဘာဖြစ်မလဲ။ နက္ခတ်ပညာရှင်ကြီးတွေ တွက်ကြချက်ကြ..ဟောကြ ပြောကြပါတော့ဗျို့။

3 comments:

lefobserver said...

Hello from GREECE!!!
Could you visit my blog http://lefobserver.blogspot.com/, in order that the flag of your country, will be added to the index of my visitors?
Thank you in advanced.

Andy said...

ဆြာရမ်းလဲတွက်လေဗျာ...

မင်းအိမ်ဖြူ said...

ဆရာက မတွက်ဘူးလားဗျ