Tuesday, July 21, 2009

နေကြတ်ပြီး နောက်ဝယ်...

အထူးသဖြင့် သမိုင်းတစ်လျှောက်လုံးမှာ ထင်ရှားစွာ ပေါ်ပေါက်လာခဲ့တဲ့ စီးပွားရေးကျဆင်းမှုကြီးဟာ မနှစ်က နေကြတ်အပြီး ဗုဒ္ဒဟူးဂြိုဟ် နောက်ပြန်သွားခဲ့တဲ့ စက်တင်ဘာလမှာ စတင်ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။

မနှစ်က ၂၀၀၈ သြဂုတ်လ ၁ ရက်နေ့မှာ ကနေဒါ၊ ဂရင်းလန်း၊ ရုရှ၊ တရုတ်နိုင်ငံဘက်တွေကနေ နေကြတ်ခြင်းကို မြင်တွေ့ခဲ့ရပြီး ဒီနှစ် ၂၀၀၉ ဇူလိုင် ၂၂ ရက်နေ့မှာတော့ ၂၁ ရာစုရဲ့ အချိန်အကြာဆုံး နေအပြည့်အ၀ကြတ်ခြင်းကို မြန်မာနိုင်ငံအပါအ၀င် အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ အာရှနိုင်ငံအတော်များများကနေ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

၂၀၀၈ ၊ သြဂုတ်လ တစ်ရက်နေ့ နေကြတ်တုန်းက တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာနိုင်ငံက နာမည်ကျော် ဗေဒင်ဆရာ၊ စာရေးဆရာကြီး မင်းသိင်္ခကွယ်လွန်သွားခဲ့ပါတယ်။ သြဂုတ်လ တစ်ရက်နေ့ နေကြတ်ပြီး နောက်ပိုင်းကနေ အခု လာမယ့်နေကြတ်ခြင်း မတိုင်မီ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းမှာတော့ ကမ္ဘာတစ်ဝှမ်း စီးပွားရေးဆုတ်ယုတ် ကျဆင်းလာတဲ့ စီးပွားပျက်ကပ်၊ နိုင်ငံတကာမှာ အလျင်အမြန်နဲ့ ပျံ့ပွားနေတဲ့ လူတုပ်ကွေး ကူးစက်ရောဂါ ဆိုတဲ့ ထင်ရှားတဲ့ ဖြစ်ရပ်တွေနဲ့အတူ ရှရှား-ဂျော်ဂျီယာစစ်ပွဲ၊ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲ၊ အိန္ဒိယ မွန်ဘိုင်းမြို့လယ်ခေါင် အကြမ်းဖက်မှု၊ သီရိလင်္ကာက ပြည်တွင်းစစ်ပွဲ၊ ထိုင်းနိုင်ငံက အနီအ၀ါတွေရဲ့ နိုင်ငံရေး မတည်ငြိမ်မှုများ၊ မြောက်ကိုရီးယားက ဒုံးပျံစမ်းသပ်မှုများ ဖြစ်ပွားခဲ့တာ တွေ့ရှိရပါတယ်။

အထူးသဖြင့် သမိုင်းတစ်လျှောက်လုံးမှာ ထင်ရှားစွာ ပေါ်ပေါက်လာခဲ့တဲ့ စီးပွားရေးကျဆင်းမှုကြီးဟာ မနှစ်က နေကြတ်အပြီး ဗုဒ္ဒဟူးဂြိုဟ် နောက်ပြန်သွားခဲ့တဲ့ စက်တင်ဘာလမှာ စတင်ဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ ဒီလိုပဲ ၀က်တုပ်ကွေးအဖြစ် စတင်ခဲ့ပြီး အခုအခါ ကမ္ဘာအနှံ့ ပြန့်ပွါးနေတဲ့ လူတုပ်ကွေးရောဂါဟာ ကြာသပတေးနဲ့ နက်ပကျွန်းဂြိုဟ် အပူးမှာ ဖြစ်ပွားသွားတာ တွေ့ရပါတယ်။

ဒီနေရာမှာ မြန်မာနိုင်ငံသား နက္ခတ်ဗေဒင်ပညာရှင်တစ်ဦးဖြစ်ပြီး BBC မှာ နှစ်သစ်ကူးဟောကိန်းတွေ တင်ဆက်ပေးခဲ့တဲ့ ဆရာဘဲလားလေဘာတီရဲ့ မနှစ်က နေကြတ်ပြီးနောက်ပိုင်း နိုင်ငံတကာရေးရာ ဟောကိန်းများ ဘယ်လောက် မှန်ကန်မှု ရှိခဲ့တယ်ဆိုတာ ဒီနေရာကနေ သွားရောက် လေ့လာဖတ်ရှုနိုင်ပါတယ်။

မနက်ဖြန်မှာတော့ ဇူလိုင် ၂၂ နေအပြည့်အ၀ကြတ်ခြင်း ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ အနာဂတ် ဟောကိန်းများကို လေ့လာတွေ့ရှိသလောက် ရေးသွားပါဦးမယ်။ မြန်မာပြည်မှာတော့ ဒီလို ရှားပါးမြင်ကွင်းကို မိုးရွာနေရင် မြင်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ၂၁ ရာစုရဲ့ အချိန်နာရီအကြာဆုံး နေလုံးဝကြတ်မှု ဖြစ်စဉ်နဲ့ အတူ နေကြတ်အပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ နက္ခတ်ဗေဒင်ပညာရှင်များရဲ့ ခန့်မှန်းချက်များကို လေ့လာပြီး တဆင့်တင်ပြသွားဦးမှာပါ။


7 comments:

myatnoe said...

ဆရာသမား အချိန် အချိန် လုပ်ပါဦး အွန်လိုင်းမှာတွေ့ရင်အချိန်ပြောပါ..

ဂျပန်ကောင်လေး said...

အွန်... ဒါမျိုးလေးတွေ စိတ်ဝင်စားတယ်ဗျ.. ငယ်ငယ်ကလည်း ကြားဖူးတယ်... ကြယ်တံခွန်တွေ့ရင် အပြောင်းအလဲရှိတယ် ဘာညာပေါ့နော်.. တကယ်ကို စိတ်ဝင်စားတယ်.. ဒီ့ထက်သိတာရှိရင်လည်း ပြောပြပါဦးနော်...း)

Andy said...

ဘာ....ဘာတွေဖြစ်ကုန်ကြဦးမှာလဲဟင်... ဘုရားဘုရား

heartmuseum said...

ကိုရောင်ဂန်းရေ...... မအားပေမယ့် ဆရာသမား ဆီတော့ ရောက်ဖြစ်တယ်...ဟဲ...ဟဲ..... နေကြတ်ပို့စ်ကို မျှော်နေပါ့မယ်လေ.....

flowerpoem said...

မနက်ဖြန်ဘယ်အချိန်လည်း ကိုYoungGun

မဆုမွန် said...

မနက်ဖန် နေကြတ်မှာကို စောင့်ကြည့်ဦးမယ် ကျေးဇူး

အိမ် said...

ဖတ်မှတ်သွားပါတယ်ဗျာ။ ကျနော်တို့ ဆီကေ/ရာ မြင်ရလားဟင်