Monday, August 17, 2009

အစဆွဲထုတ်လိုက်တယ်

ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ထဲက မသိမသာနဲ့ မြုပ်နေတဲ့ အချက်လက်တွေကို သီးသန့်ထပ်ဆင့် တင်ပြလိုက်ပါတယ်။ ဒီအချက်တွေကို ယုံကြည်ဖို့ မဟုတ်ပါဘူး မတိုက်တွန်းပါဘူး။ လွတ်လပ်စွာ စဉ်းစားတွေးခေါ်မှုကို စိန်ခေါ်ထားတဲ့ စာတွေမို့လို့ တင်ပြရခြင်းသာ ဖြစ်ပါတယ်။

စဉ်းစားစရာ သခင်ယေရှုမွေးနေ့

လူအတော်များများက ဒီဇင်ဘာ ၂၅ ရက်နေ့ကို သခင်ယေရှုရဲ့ မွေးနေ့လို့ ပြောကြပါတယ်။ ဒါပေမယ့် ဂန္ဒာရီကျမ်းတစ်အုပ်မှာတော့ ယေရှုခရစ်မွေးတာ မေလထဲမှာလို့ ဆိုပါတယ်။ တကယ်တော့ ဒီဇင်ဘာ ၂၅ ရက်နေ့ ခရစ်တော်မတိုင်ခင် ကိုးကွယ်ခဲ့ကြတဲ့ မစ်သရာနတ်ဘုရားရဲ့ မွေးနေ့ ဖြစ်ပါတယ်။ မစ်သရာ နတ်ဘုရားဟာ အဲဒီနေ့မှာ မွေးပြီး အဲဒီနေ့မှာပဲ သေတယ်လို့ ယုံကြည်ကြပါတယ်။ မစ်သရာဟာ သေပြီးတဲ့နောက် ကျောက်ဂူထဲမှာ အလောင်းကို ပိတ်လှောင်ခံထားရပြီး သုံးရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်လာခဲ့ပါတယ်။

၁၃ သောကြာ ဘာကြောင့်ဖြစ်

အနောက်တိုင်း လောကီဂမ္ဘီရပညာရှင်တွေက ၁၃ သောကြာ ( သောကြာနေ့နဲ့ ၁၃ ရက်နေ့တိုက်ဆိုင်တဲ့ နေ့ )ကို ဘာလို့ကြောက်ကြတာလဲ ဆိုတော့ ဆော်လမွန်ဝတ်ကျောင်းတော်ထဲက ယေရှုခရစ် သိမ်းဆည်းထားတဲ့ ပစ္စည်းတွေနဲ့ လျှို့ဝှက်ချက်တွေကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့ရှိပါတယ်။ သူတို့ကို ၀တ်ကျောင်းတော် မြင်းစီးသူရဲကောင်းများ (Knights Templar) လို့ ခေါ်ပါတယ်။ သူတို့ဟာ ဘုရားကျောင်းပျက်ထဲက မြင်းဇောင်းမှာ အခြေချပြီး မြင့်မြတ်တဲ့မြေကို ကာကွယ်ကြတယ်။ နောက်ပိုင်းမှာ စတုတ္တမြောက် ဖိလစ်ဘုရင်က သူတို့ကို သတ်မိန့်ထုတ်ပြန်ပြီး ၁၃၀၇ အောက်တိုဘာ ၁၃ ရက်နေ့ သောကြာနေ့မှာ တိုက်ခိုက် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီကနေ စတင်ပြီးတော့ ၁၃ ရက် သောကြာနေ့ဟာ ကံမကောင်းဘူးဆိုတဲ့ အယူအဆ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ( ကျွန်တော်လဲ ၁၃ သောကြာအကြောင်းကို ဟောသမှာ ရေးဖူးပါတယ် )

မိုနာလီဇာပန်းချီကား နောက်ခံလျှို့ဝှက်ချက်

မိုနာလီဇာဆိုတာ မိန်းမတစ်ယောက် မဟုတ်ပါဘူး။ အဲဒီပန်းချီကားဟာ လီယိုနာဒိုဒါဗင်ချီကိုယ်တိုင် သူ့ပုံတူကိုသူ မိန်းမအ၀တ်အစားတွေ ၀တ်ပေးပြီး အမျိုးသမီးပုံပေါက်အောင် ဆွဲထားတာပါ။ လီယိုနာဒို ဒါဗင်ချီဟာ တခါတခါ မိန်းမစိတ်ပေါက်နေတဲ့ Homosexual တစ်ယောက်ပါပဲ။ မိုနာလီဇာဟာ အများထင်ထားသလို၊ ဖရန်ဆက်စကို ဂျီယိုကွန်ဒါဆိုတဲ့ ကုန်သည်တစ်ဦးရဲ့ ဇနီး မဟုတ်ပါဘူး။ အဲဒီ မှတ်ချက်ကို ပေးသွားတဲ့ ဗာစရီဆိုတဲ့ ဝေဖန်ရေးဆရာဟာ သူ့တစ်သက်မှာ မိုနာလီဇာ ပန်းချီကားကို တခါမှ မြင်ဖူးခဲ့တဲ့လူ မဟုတ်ပါဘူး။

ဒါတွေဟာ ပန်းချီနဲ့ ပက်သက်တဲ့ ကိစ္စမဟုတ်ဘဲ ခရစ်တော်မပေါ်ခင်ခေတ်လောက်က ကိုးကွယ်ခဲ့တဲ့ ဘာသာရေးအယူအဆ ဟောင်းတွေ ပါ။ အဖိုဓာတ်ကို ကိုယ်စားပြုတဲ့ ဆိတ်ဦးခေါင်းနွားချို နှစ်ခုနဲ့ အီဂျစ်နတ်ဘုရား AMON၊ အမဓာတ်ကို ကိုယ်စားပြုတဲ့ အီဂျစ်နတ်ဘုရားမ L'ISA ...အဲဒီနှစ်ခုပေါင်းခြင်းကနေ A ကို MON နောက်ကိုပို့လိုက်တဲ့အခါ MONALISA မိုနာလီဇာ ဖြစ်လာပါတယ်။ အဖို အမဓာတ်နှစ်ခုပေါင်းစပ်ထားတဲ့ ဂမ္ဘီရ ပန်းချီကားဖြစ်ပါတယ်။

ခရစ်တော်ရဲ့ နောက်ဆုံးညစာ စားပွဲ ပန်းချီကား

ဒီပန်းချီကားကို သေချာလေ့လာကြည့်မယ်ဆိုရင် ယေရှုရဲ့ ညာဘက်မှာထိုင်နေတဲ့သူကို သေချာကြည့်ရင် မိန်းမတစ်ယောက်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ လျှို့ဝှက်ချက်တစ်ခုပါ။ တစ်ချို့စာအုပ်တွေမှာ အဲဒီမိန်းမကို မေရီမက်ဒါလင်လို့ ဖော်ပြကြပါတယ်။ ဒါဟာ ဘာသာရေးဆိုင်ရာ စော်ကားမှု တစ်ခုမဟုတ်ပါဘူး။ အနုပညာသင်္ကေတ သဘော သက်သက်ပါ ဖြစ်ပါတယ်။ ခရစ်တော် မပေါ်ခင် နှစ်ပေါင်းလေးထောင်လောက်က ရှိခဲ့တဲ့ စကြာဝဠာရဲ့ အခြေခံသဘောတရား ဖြစ်ပါတယ်။ လောကဆိုတာ အဖို၊ အမ၊ အလင်း အမှောင်၊ အပူအအေး ဆိုတဲ့ ဆန့်ကျင်ဘက်တွေ အစုံ ဒွန်တွဲ နေတယ်ဆိုတဲ့ ပင်မနိယာမ ဖြစ်ပါတယ်။

ဒီပန်းချီကားထဲက သခင်ယေရှုဟာ အကျီအနီရောင်နဲ့ အပေါ်က အပြာရောင်ဝတ်ရုံကို ခြုံထားပါတယ်။ ဘေးက အမျိုးသမီးကျတော့ အကျီအပြာပေါ်မှာမှ အနီရောင်ဝတ်ရုံကို ခြုံထားပါတယ်။ အဓိပါယ်ကတော့ ယင်နဲ့ယန်ဆိုတဲ့ ဆန့်ကျင်ဘက် ပေါင်းစည်းမှုပါပဲ။

၇၈၆ ရဲ့ အခြားတစ်ဖက်

အာရေဗျက ဆူဖီဂန္ဒရီပညာမှာ Abjab ဆိုတဲ့ လျှို့ဝှက်သင်္ကေတ ရှိတယ်။ သူတို့က ၁ ကို အလစ်၊ ၂ ကိုဂျက်၊ ၃ ကို ဂျင်၊ ၄ ကို ဒါလ်၊ လို့ ခေါ်ပါတယ်။ သူတို့မှာ အပေါ်ထောင်နေတဲ့ တြိဂံက ၇ ၊ အောက်စိုက်နေတဲ့ တြိဂံက ၈၊ ဒေါင့်အားလုံးပေါင်းခြင်းက ၆၊ အားလုံးပေါင်းလိုက်ရင် ၇၈၆ ဖြစ်လာပါတယ်။ ဒါဟာ စကြာဝဠာအတွေးအခေါ်ရဲ့ အခြေခံဂဏန်းပဲ ဖြစ်ပါတယ်။

အထက်က ဖော်ပြခဲ့တဲ့ အယူအဆတွေကတော့ ဆရာမင်းခိုက်စိုးစန်ရဲ့ သူရဲဘောကြောင်တဲ့ လူညံ့ဆိုတဲ့ ၀ထ္ထုစာအုပ်ပါ အချက်အလက်များ ဖြစ်ပါတယ်။ အချစ်ဝထ္ထု မဖတ်တာကြာလို့ ပြန်စမ်းလိုက်ပါတယ်ဆိုမှ ကိုယ်ဝါသနာပါတဲ့ လောကီပညာကို မျက်စောင်းပစ်ပြလိုက် လက်ညိုးထိုးပြလိုက်နဲ့ ရေးသွားတာဖတ်ရတဲ့အပြင် တခြားသော အယူအဆများပါ မြင်လိုက်ရပါတယ်။ မင်းခိုက်စိုးစန်လည်း ဆရာတာရာမင်းဝေလို နောက်ပိုင်းဝထ္ထုတွေမှာ Occult Science ဆိုတဲ့ ဂန္ဒရီသိပံပိုင်းကို ချဉ်းနင်းဖော်ထုတ်ရေးသားလာတာများလားလို့ စဉ်းစားမိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ထဲက မသိမသာနဲ့ မြုပ်နေတဲ့ အချက်လက်တွေကို သီးသန့်ထပ်ဆင့် တင်ပြလိုက်ပါတယ်။ ဒီအချက်တွေကို ယုံကြည်ဖို့ မဟုတ်ပါဘူး မတိုက်တွန်းပါဘူး။ လွတ်လပ်စွာ စဉ်းစားတွေးခေါ်မှုကို စိန်ခေါ်ထားတဲ့ စာတွေမို့လို့ တင်ပြရခြင်းသာ ဖြစ်ပါတယ်။

11 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကောင်းလိုက်တဲ့ ပို့စ်၊ အကောင်းဆုံးဆိုတဲ့ ပို့စ် တစ်ခုပဲ၊ ဒီလိုပို့စ်မျိုးတွေ
များများ ဖော်ပြနိုင်ပါစေ ညီလေးရေ။

ဖုန်းမြင့် said...

ဘာပဲပြောပြောကျေးဇူးတင်တယ်
ဒီပို့စ်ကို ...။

ko kyaw said...

ဒါဗင်ချီကုဒ် စာအုပ်ထဲက အကြောင်းအရာတွေကို မှီးထားတာတွေဖြစ်ပါတယ်

myatnoe said...

တကယ် ဗဟုသုတရတဲ့ ပို့စ်ပဲဟ..။

ငါကတော့ သောကြာ၁၃ ဂရုမစိုက်ပါဘူး..။ အယူမရှိ။

Anonymous said...

ဝေမျှပေးတာ ကျေးဇူးအထူးတင်ပါတယ်...

mie nge

ရွှန်းမီ said...

Dan Brown's Da Vinci Code ထဲကအချက်တွေနဲ့ ဆင်ပါတယ်။
.. မင်းခိုက်စိုးစံက ဘယ်ကရယ်လို့ ၀န်ခံမထားဘူးလား..
ဘာပဲဖြစ်ဖြစ် မဖတ်ရတာကြာပြီမို့ သူ့စာတွေ အခွင့်ရရင် ဖတ်ကြည့်ချင်ပါသေးတယ်..

နွေဆူးလင်္ကာ said...

အဲဒီစာအုပ်ကို ကြိုက်ပါတယ်။ အဲဒီထဲက မေးထားတဲ့ ဆယ်သိန်းတန် ပဟေဠိကိုလည်း ဖြေပြီး ပို့ထားတယ်။ ဆုရချင်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ဖြေထားတာ မှန်လားဆိုတာကိုတော့ သိချင်မိတယ်ဗျ။ အဲဒီအဖြေကို ဘယ်စာအုပ်မှာ ထည့်ထားလဲဆိုတာ မသိလိုက်ဘူး။ အစ်ကိုပဲ ဖြစ်နိုင်ရင် အဖြေလေးကို ရှာပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

မြစ်ကျိုးအင်း said...

သမိုင်းအချက်အလက်နဲ့ မတိုက်ရင်တောင် ဖတ်လို့တကယ်ကောင်းပါတယ်

နောက်ထပ် အဲလိုမျိုးလေးတွေ တင်ပေးပါအုံး

အနမ်း said...

အယ် ဘယ်လိုတွေဖြစ်ကုန်တာလဲဟင်!!!
အဲသလိုလား??? ဘာပဲဖြစ်ဖြစ် copy လုပ်သွားတယ်နော်။
အဆင်ပြေပျော်ရွှင်ပါစေ။

Minn said...

ကောင်းတယ်ဗျ
ဗဟုသုတ ရပါတယ်ဗျာ

မင်းအိမ်ဖြူ

Anonymous said...

မှတ်သားစရာပါပဲဗျာ... မသိဘူးဗျို့ အဲဒါတွေ အရင်က