Thursday, August 27, 2009

အော်...လက္ခဏာ


လက္ခဏာပညာဆိုတာ အရမ်းကျယ်ပြန့်လို့ပါ။ သင်္ကေတလေးတစ်ခု တွေ့တာနဲ့ ဒုန်းဖိ နင်းကန်ဟောချလို့ရတဲ့ ပညာမဟုတ်ဘူးဆိုတာလေး ရင်ထဲ သိမ်းထားပေးပါလို့။

ကျောင်းသားဘ၀တုန်းက ကျွန်တော့်ဆီ ဗေဒင်တွက်ပေးပါဦးလို့ လာမေးသူတွေရဲ့ ၆၀ ရာနှုန်းလောက်ဟာ လက္ခဏာလေးပါ ကြည့်ပေးပါဦးလို့ အဆစ် တောင်းတတ်လေ့ရှိတာကို တွေ့ရပါတယ်။ ဒီတော့ ဘယ်ရမလဲ၊ ကျွန်တော်က ဗေဒင်လောက်ပဲ နည်းနည်းတွက်တတ်တာပါ။ လက္ခဏာကို မကျွမ်းကျင်ပါဘူး။ သာမန်လူထက် ပိစိညှောက်လေးပဲ ပိုသိတာပါလို့ တောင်းပန်လွှတ်ရပါတယ်။

တစ်ချို့ကျတော့ ပိုဆိုးတယ်။ ဗေဒင်လေး ကြည့်ပေးပါဆိုပြီး မွေးသက္ကရာဇ်မပေးဘဲ၊ လက်ဖ၀ါးကြီး ထိုးပေးလာတော့ ကျွန်တော့်မှာ အဲဒီလက်ဝါးထဲ မုန့်ဖိုးပဲ ထည့်ပေးရမလို၊ ပါးပဲ ထိုးပေးလိုက်ရမလို ဖြစ်သွားမိတယ်။ ဒါပေမယ့် အဲလို လက်ဖ၀ါးလေးထိုးပေးသူ အများစုက ကောင်မလေးတွေချည်းဆိုတော့ ကျွန်တော်က အင်းအဲ လုပ်နေချိန်မှာပဲ ကြားထဲကနေ သူငယ်ချင်းတွေက ငါလဲ လက္ခဏာကြည့်တတ်ပါတယ်ဟ ..ပေးစမ်း အဲဒီလက်ကို..ဆိုပြီး အသားယူကိုင်သွားကြပါလေရော။

အခုတစ်လော နက္ခတ်ဗေဒင်ကျမ်းတွေ၊ မြန်မာ့ရိုးရာဆန်းကျမ်းစာအုပ်တွေ မဖတ်ဖြစ် မထိဖြစ်ဘဲ၊ အပျင်းကြောက အရပ်ထက် ရှည်ကျနေလို့ သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးထားတဲ့ လက္ခဏာအဘိဓာန်ကျမ်းဆိုတဲ့ စာအုပ်လေးတစ်အုပ် ဖတ်ဖြစ်ပါတယ်။ အဲဒီထဲကနေ သာမန်လူတွေ လွယ်လင့်တကူ ကောက်ချက်ချ ယူဆနိုင်တဲ့ လက္ခဏာနည်းစနစ် အတိုအထွာလေးတွေ ဝေမျှလိုက်ပါတယ်။ အော်..သေချာမှာချင်တယ်ဗျာ။ ဒီအချက်တွေကိုချည်း တရားသေကိုင်ပြီး မယူပါနဲ့။ သူများလည်း စိတ်ညစ်အောင် သွားမပြောပါနဲ့၊ လက္ခဏာပညာဆိုတာ အရမ်းကျယ်ပြန့်လို့ပါ။ သင်္ကေတလေးတစ်ခု တွေ့တာနဲ့ ဒုန်းဖိ နင်းကန်ဟောချလို့ရတဲ့ ပညာမဟုတ်ဘူးဆိုတာလေး ရင်ထဲ သိမ်းထားပေးပါလို့။

- လက်+ကြီးတဲ့သူတွေက အသေးစိတ်လုပ်ရကိုင်ရတာ ၀ါသနာပါပြီး လက်သေးသူတွေက အလုပ်ကြီးအကိုင်ကြီးတွေ၊ စီမံကိန်းကြီးတွေကိုသာ လုပ်ချင်တဲ့ သူတွေ ဖြစ်နေပါသတဲ့။

- နူးညံ့ပျော့ပျောင်းတဲ့ လက်ဖ၀ါးတွေက စိတ်ထားသိမ်မွေ့၊ ဆွဲဆောင်လွယ်၊ စိတ်ယိုင်လွယ်သူတွေ ဖြစ်ပြီး လက်ဖ၀ါးမာသူတွေက စိတ်ဓာတ်မာကျောသူ၊ လက်တွေ့ကျသူ၊ ဇွဲကောင်းသူတွေ ဖြစ်နေပါတယ်တဲ့။

- လက်ဝါးပါးပါးလေးတွေက အားငယ်သိမ်ငယ်တတ်သူ၊ လက်ဝါးထူထဲသူတွေက လူကြမ်းစိတ်ကြမ်း ခပ်ပေပေသမားတွေ ဖြစ်တတ်ပါသတဲ့။

- လက်ဖ၀ါးအလယ်ခွက် ချိုင့်နေသူတွေကတော့ သတိထားရပါမယ်။ (ပိန်တာ ၀တာနဲ့မဆိုင်ပါဘူး) ကျန်းမာရေး၊ စီးပွားရေး တစ်ခုခု ထိုးကျသွား၊နိုင်ပါတယ်။ ဘ၀တစ်ချိန်ချိန်မှာပေါ့။

- တကယ်လို့ တမင်လုပ်တာမဟုတ်ဘဲ လက်တွေကို ဒီတိုင်း အလေ့အကျင့်ထားမိနေရင်
လက်ချောင်းတွေကို ဆုပ်ထားရင် လျှို့ဝှက်လုပ်ကိုင်တတ်သူ၊ လက်တွေကို တမင်လှုပ်ရှားနေရင် သတိဝီရိယကောင်းသူ၊ လက်ပိုက်ထားလေ့ရှိသူက စိတ်တည်ငြိမ်တဲ့သူ၊ လက်ဖ၀ါးအချင်းချင်း ပွတ်သပ်နေသူက ကြောင်သူတော် ကြွက်သူခိုး၊ လက်တွေ နောက်ပစ်လေ့ရှိသူက သတိကြီးလွန်းသူ၊ ပစ္စည်းအသေးမွှားလေးတွေကို လိုက်ကိုင်တွယ်နေသူဆိုရင် လတ်တလောမှာ စိတ်လှုပ်ရှားနေသူ တွေ ဖြစ်ပါတယ်တဲ့။

- ထူထဲ တုတ်ခိုင်တဲ့ လက်ချောင်းပိုင်ရှင်ဆိုတာ ရုပ်ဝါဒီဆန်သူ၊ ပျော့ပျောင်းတဲ့ လက်ချောင်းတွေက အပေါင်းအသင်းဆံ့ပြီး ကျရာနေရာ တည့်အောင်နေတတ်သူ၊ တင်းမာဖြောင့်စင်းတဲ့ လက်ချောင်းတွေက ဇွဲသတ္တိကောင်းသူ..တွေ ဖြစ်ကြပါသတဲ့။

ကဲ..ဒီလောက်ပဲ အမြည်းကျွေးချင်ပါတယ်။ ဒီထက် ၀ါးချင်ရင်တော့ လက္ခဏာကျမ်းတွေ ပေပွနေအောင် ထုတ်ထားပြီး ဖြစ်ပါတယ်။ ၀ယ်သာဖတ်ကြည့်ပါတော့။ ကျွန်တော်ကတော့ ကိုယ့်စိတ်ထဲ စူးခနဲ ဖြစ်သွားလောက်တဲ့ ဥပဒေသတွေ၊ နည်းလမ်းတွေကိုတော့ တစ်ဆင့် တင်ပြသွားပါဦးမယ်။ အော်..လက္ခဏာ .. မချစ်ပေမယ့် အောင့်ကာနမ်းနေရင်းက နမ်းရင်းနဲ့ ချစ်သွားတာကိုတော့ ကိုယ်လဲ မတတ်နိုင်တော့ပါဘူးကွာ။



10 comments:

Anonymous said...

အပျင်းကြောက အရပ်ထက်ရှည်ကျနေတယ် ဆိုတာကို သဘောကျသွားပါတယ်....

mie nge

flowerpoem said...

မှတ်သားသွားပါတယ် Ko Young Gun

saiaung said...

လက်ရိုး/လက်ဆန်: ဗေဒင် ပညာ နဲ လက္ခဏာပညာ ဆက်စပ်မှူကို လေ့လာပါ
စိတ်ဝင်စားဖိုကောင်းပါတယ်၊နတ်ခတ်၊မဟာဘုတ်၊တွေကြည်ပြီ:လက္ခဏာမှာပါတဲ့ လိုင်းတွေကိုသိနိုင်ပါတယ်

အိမ် said...

အဟေဟေ.... ဆြာရမ်းသန်းကတော့ လုပ်ပြီဗျာ...။
အောက်ကရေးထားတာတွေကို ဖတ်ရူသွားပါတယ်ဗျား...။

YoungGun said...

ကိုစိုင်းအောင်ရေ လက်ရိုး မပြောနဲ့ လက်ဆန်းမှာတောင် လိုက်လို့ မမီသေးတော့ လက္ခဏာနဲ့ ဆက်စပ်မှုကိုပါ ထပ်လေ့လာရမယ်ဆိုရင် ကျနော်လည်း တခါတည်းပဲ ရူးသွားမလား မသိပါဘူးဗျာ။ လောလောဆယ် လက္ခဏာကျမ်းတွေ ဖတ်နေတာ ဖော်လို့မဆုံးတဲ့ ဆန်းကျမ်းကို လန့်လာလို့ အပျင်းပြေအလွယ်တကူ အဖြစ် ဖတ်မိနေတာပါ။ ကျေးဇူးတင်ပါတယ်။

ပန်းခရမ်းပြာ said...

ဒီပို့စ်ကို ဖတ်လိုက် ကိုယ့်လက်ဝါးကို ဖြန့်ကြည့်လိုက်နဲ့ ငါဘယ်လိုလူလဲဆိုတာ သိသွားပြီ။

အနမ်း said...

ဆရာကြီးရမ်းကိုဘယ်မှာလာပင့်ရမလဲ??? ။ လက္ခဏာကြည့်ချင်၊ ဗေဒင်တွက် ချင်တဲ့ သူတွေရှိနေလို့ ။ ဈေးတော့လျှော့ပေးနော်း)

JulyDream said...

အကုန်လုံးကို အပတ်တကုတ် လေ့လာမိပြီး ရူးသွားတော့လည်း တမျိုးကောင်းသလားလို့... တားရော့ခ်ကဒ်မှာတော့ အရူးကဒ်က ခရီးလမ်းဆုံးလို့ ပြောနေသလားပဲဗျ။

www.zawhtay.com said...

ပညာရေးလမ်းကြောင်းကဘယ်နေရာကိုပြောတာလဲသိခင်းပါတယ်

www.zawhtay.com said...

ပညာရေးလမ်းကြောင်းကဘယ်နေရာပါလဲသိချင်းပါတယ်