Friday, August 21, 2009

အူကြောင်ကျား စိန်ခေါ်သံများသို့

ကျွန်တော်လို မလောက်လေး မလောက်စား ဗေဒင်ဝါသနာရှင် လူငယ်တစ်ဦးရဲ့ မဆိုစလောက် ဗေဒင်ဟောသက် ကာလလေးအတွင်းမှာလည်း အစွန်းနှစ်ဖက်ရောက်တဲ့ လူနှစ်မျိုးကို ဟောရင်းပြောရင်း သတိထားမိခဲ့ပါတယ်။

ဗေဒင်ဆိုတာ ခုနှစ်အတိအကျ မပြောနိုင်တဲ့ ရှေးပသေဏီတည်းက ရှိခဲ့တဲ့ ပညာရပ်ပါ။ လူ့ဘောင်အတွက် အတိုင်းအတာတစ်ခုထိ အားကိုးစရာဖြစ်လို့ ၂၁ ရာစုအထိ သက်တမ်းရှည်ကြာခဲ့တဲ့ ပညာ ဖြစ်ပါတယ်။ ဗေဒင်ပညာနဲ့ ဆင်းရဲသူကို ချမ်းသာအောင်၊ချမ်းသာသူကိုဆင်းရဲအောင်လုပ်လို့မရပါဘူး။ ဗေဒင်ဟာဘ၀ကို ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတာ အကြံပေးတဲ့ပညာသာဖြစ်ပါတယ်။

ယတြာကတော့ ဆေးနဲ့ တူပါတယ်။ နာကျင်မှုသက်သာအောင် ဆေးကထိန်းသလို ကံဆိုးမှုသက်သာအောင် ထိန်းပေးတာဖြစ်ပါတယ်။ ဗေဒင်ဆရာက ထီပေါက်အောင်၊ ချမ်းသာအောင်၊ ကြွေးကျေအောင် လုပ်ပေးတဲ့တန်ခိုးရှင် မဟုတ်ပါဘူး။ လိုအင်ဆန္နပြည့်ဝဖို့ ဆိုတာထက် နည်းလမ်းတစ်ခုကိုသိချင်လို့ ချဉ်းကပ်တာက ပိုနည်းလမ်းကျပါတယ်။

ဒါကတော့ မြန်မာတိုင်းမ် ဂျာနယ်ကြီးမှာ အပတ်စဉ် ဟောစာတမ်းတွေ တင်ဆက်နေတဲ့ ဆရာမြတ်သစ်(မန္တလေး) ရဲ့ ဗေဒင်ပညာအပေါ် သူ့အမြင် သုံးသပ်ချက် ဖြစ်ပါတယ်။ ကျွန်တော်လို မလောက်လေး မလောက်စား ဗေဒင်ဝါသနာရှင် လူငယ်တစ်ဦးရဲ့ မဆိုစလောက် ဗေဒင်ဟောသက် ကာလလေးအတွင်းမှာလည်း အစွန်းနှစ်ဖက်ရောက်တဲ့ လူနှစ်မျိုးကို ဟောရင်းပြောရင်း သတိထားမိခဲ့ပါတယ်။

ပထမတစ်မျိုးကတော့ ဗေဒင်ပညာကို လိုတိုင်းတရတဲ့ ပညာ၊ ဗေဒင်ဆရာကို တန်ခိုးရှင် ပျောက်စေဆရာလို ထင်မြင်ကိုးကွယ်တဲ့ လူမျိုး ဖြစ်ပြီး နောက်တစ်မျိုးကတော့ ဗေဒင်ပညာဆိုတာ ဘုရားဟော မဟုတ်တဲ့၊ ဘုရားမကြိုက် သံဃာမကြိုက်၊ တရားတော်နဲ့ မညီတဲ့ ပညာ၊ ဗေဒင်ဆရာဆိုတာ ငရဲကို အော်တိုမစ်တစ် ကျမယ့် သာသနာဖျက် အရည်းကြီးလက်သစ်တွေလို့ စွပ်စွဲပုတ်ခတ်တဲ့ လူစားမျိုး ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဗေဒင်ပညာကို မြေလျှိုးမိုးပျံစေမယ့် ပညာလို့ ပါးစပ်အဟောင်းသားလေးနဲ့ လက်အုပ်လေးချီပြီး ကိုးကွယ်ယုံကြည်သူတွေအတွက် ဗေဒင်ဆရာဆိုတာဗျာ..ခင်ဗျားတို့ရှေ့မှာသာ ဘုရားစင်ရှေ့မိန့်မိန့်ကြီးထိုင်၊ ကန်တော့ပွဲကြီး တစ်ကားကားနဲ့ လုပ်နေပေမယ့် ညကျ မိန်းမရှိတဲ့ ခြင်ထောင်ထဲ ဒိုင်ဗင်ပစ်ဝင်သွားတဲ့ ပုထုဇဉ်ပါပဲ လို့ ခပ်သောသောလေး ရှင်းပြလို့ ရပါတယ်။ ဗေဒင်ပညာဆိုတာကလည်း သူ့အတိုင်းအတာနဲ့သူသာ မှန်ကန်၊ အစွမ်းပြနိုင်တဲ့ ပညာတစ်ခုပါ။ အလုံးစုံကို မသိနိုင်၊ အကုန်လုံးကို မပြောနိုင်ပါဘူး လို့ ၀န်ခံပါတယ်။ ဒါပေမယ့်..ဒါပေမယ့်ပေါ့လေ...

ဒုတိယတစ်မျိုးဖြစ်တဲ့ ဗေဒင်ဆိုတာ ဘုရားဟောမဟုတ်၊ ဗေဒင်ဆရာဟာ လူယုတ်မာ၊ ငရဲကျမယ့်ကောင် စသဖြင့် အာပုပ်နံ့ထောင်းထောင်းနဲ့ စော်ကားလို့ မ၀နိုင်တဲ့ လူတွေကျတော့ ကျွန်တော်က လေမရှည်တော့ပါဘူး။ တရားဟောချင်ရင် တခြားကို ကြွပါလို့ပဲ စပ်ဖြဲဖြဲလေးနဲ့ ပြောလိုက်ရပါတယ်။ အဲလို လူမျိုးတွေကို ရာဇ၀င်တွေ၊ ကျမ်းကြီးကျမ်းခိုင်တွေ ခါးကြားထိုးပြီး မငြင်းချင်တော့ပါဘူး။ ဗေဒင်ပညာကို ပညာလို့ မမြင်ဘဲ သူ့ဖာသာ ဖြူစင်ဝင်းလက်နေတဲ့ အမြင့်မြတ်ဆုံး ဘာသာတရားနဲ့ နှိုင်းယှဉ်ရန်ဖြစ်ခိုင်းတဲ့ လူတွေကရော ငါးပါးသီလတောင် လုံကြလား။ ဗေဒင်ပညာက ဘုရားဟောနဲ့ မညီဘူးဆို ဘယ်ပညာတွေကရော ဘုရားဟောနဲ့ ညီနေကြလဲ။ မမေးချင်တော့ဘူး။ မဖိုက်ချင်တော့ဘူး။ ပြောတဲ့ ပါးစပ်တွေသာ ပြဲသွားမယ်။ ဖြဲတဲ့ အပေါက်တွေသာ ကွဲသွားမယ်။ ဗေဒင်ဆရာတွေက နိုင်ငံတကာမှာ မျိုးဆက်သစ်များစွာနဲ့ ရှင်သန်နေဦးမှာ ဖြစ်သလို၊ ဗေဒင်ပညာကလည်း သူတို့ တီ၊ တွတ်၊ ကျွတ်၊ ဆတ်မက အောင်ပွဲခံနေဦးမှာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။

ဟုတ်ကဲ့၊ ရန်းဂန်းဆိုတာ လူသားတစ်ယောက် ဖြစ်ပါတယ်။ ဗေဒင်ပညာကို ပညာနဲ့တူအောင် လိုက်စားနေသူတစ်ဦး ဖြစ်ပါတယ်။ ဖွန်လဲကြောင်ပါတယ်။ အခွန်လည်း ဆောင်နေပါတယ်။ မယုံဘူးလို့ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ မမှန်ဘူး လို့လည်း ချက်နဲ့လက်နဲ့ ဝေဖန်သွားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က SEX ကိစ္စအနံ့တောင် မကင်းသေးဘဲ၊ ဆရာလို သမ္ဘာလိုနဲ့ စော်ကားလာတာ၊ တရားလာဟောတာကိုတော့ လက်ခံမှာ မဟုတ်ဘူး။ အဲလိုကောင်တွေကို ပြိုင်ဆဲဖို့လည်း ၀န်မလေးဘူး။ ပြိုင်ဖြဲဖို့လည်း ရယ်ဒီပဲ။ ဟုတ်တယ်လေ..။ ရန်းဂန်းဆိုတာ လူပီသတဲ့ လူငယ်တစ်ယောက်ပဲ။ ပညာနဲ့လူ လိုအပ်တဲ့အခါ တစ်သားတည်းကျမယ်။ မလိုအပ်တဲ့အခါ တစ်ကွဲတပြားနဲ့ ခြားနားထားမယ်။ ဘုရားစေတီပေါ်တက် ကုသိုလ်ပြုတဲ့အခါ ပြုတယ်။ အုတ်ခဲကျိုးနဲ့ လှမ်းပစ်တတ်ဖို့လည်း လေ့ကျင့်ထားတယ်။ မျက်နှာကို တံထွေးနဲ့ လှမ်းထွေးဖို့လည်း ၀န်လေးမှာ မဟုတ်ဘူး။ ကဲ..Cbox နဲ့ Gtalk တွေကနေ ကြားနေရတဲ့ စိန်ခေါ်သံများအတွက် ရန်းဂန်းက အသင့်ပါပဲလို့။

13 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကျနော်အမြင်ကတော့ အင်တာနက်ပေါ်မှာ အချိန်ကုန်ခံပြီး စာရေးကြတာဟာ
ပုဂ္ဂိုလ်ရေး အောင်မြင်လိုမှုထက် စေတနာက ပိုများကြတယ်လို့တော့
ထင်ပါတယ်၊ စာဖတ်ပရိသတ်ဆိုတာ အနေအထား အမျိုးမျိုးရှိနိုင်တယ်လေ၊
ဒါကြောင့် ဘန်းသင့်တာ ဘန်းပါ၊ delete လုပ်သင့်တာ လုပ်ပါ၊ တစ်ယောက်ယောက်နဲ့ သော်လည်းကောင်း၊ ရာခိုင်နှုန်းများများနဲ့သော်
လည်းကောင်း သဘော မတိုက်ဆိုင်လို့ ဒေါသ မဖြစ်ပါနဲ့၊ လုပ်စရာရှိတာကို
ဆက်လုပ် စေချင်ပါတယ်၊ အားပေးလျက်ပါ ....
ခင်မင်စွာဖြင့်

Anonymous said...

အပေါ်က ပြောသွားတာကို အပြည့်အ၀ကို ထောက်ခံပါတယ်...
လုပ်စရာရှိတာကိုသာ ဆက်လုပ်ပါ...အားပေးနေပါတယ်...

mie nge

Anonymous said...

ဂရုမစိုက်ပါနဲ့ ကိုယ်လုပ်စရာရှိတာတာဆက်လုပ်ပါ



MN

Anonymous said...

ခင်ဗျားကပါ..ဆွပေးတိုင်းဆက်ပြီးပါမယ်ဆိုရင်လည်း..ချကြဗျား။ စာရေးတာချဖို.ဆိုလည်းလုပ်..

Ko Paw said...

ကျနော်ထင်တာကတော့ အဲဒီလူတွေ အရောရောအထွေးထွေး ပြောကြတာလို့ ထင်ပါတယ်။

ဗုဒ္ဓက ရဟန်းတွေ ဗေဒင်တွေ ဘာတွေ တွက်ပြီး ဒကာဒကာမတွေဆီက လာဘ်လာဘ ရအောင် ကြံဆောင်မှာစိုးလို့ ရဟန်းတွေ ဗေဒင်မတွက်ရလို့ ၀ိနည်းမှာ သတ်မှတ်ခဲ့တာတချက်ရယ်၊ နောက်ပြီး ဂြိုဟ်နေဂြိုဟ်ပြောင်း၊ ဆိုးအကောင်းသည် အကြောင်းမဟုတ်၊ ကိုယ်နှုတ်နှလုံး စောင့်သုံးတည်လျှင် ကောင်းသောနက္ခတ်နှင့် ယှဉ်ပေသည် ဆိုတဲ့ ဗုဒ္ဓစကား တချက်ရယ်ရှိပါသည်။ အဲဒီအကြောင်းကို ကွဲကွဲပြားပြားရှင်းမပြဘဲ ဘုရားဟောနဲ့ မညီဘူးလို့ ပြော ရမ်းသမ်းပြောတာမျိုး ဖြစ်နိုင်ပါတယ်။

ကျနော်ကတော့ ဗေဒင်လက္ခဏာနဲ့ ပတ်သက်လို့ ဆရာသော်တာဆွေ ပြောတာတခုကို သဘောကျမိတယ်။ ဆရာက ဗေဒင်ဟာ ကမ္ဘာကျော် အမဲလိုက်သေနတ်ဖြစ်တဲ့ ၀င်ချက်စတာရိုင်ဖယ်နဲ့ တူသတဲ့။ အဲသည်သေနတ်ကို ကမ္ဘာပေါ်မှာ ရှိတဲ့ မုဆိုးတော်တော်များများ သုံးကြသတဲ့။ သုံးတဲ့နေရာမှာ တော်တဲ့ မုဆိုးရှိသလို ရှော်တဲ့ မုဆိုးလည်းရှိသတဲ့။

အဲဒီသေနတ်သုံးတာခြင်းအတူတူ မုဆိုးအရည်အချင်းကို လိုက်လို့ မှန်တဲ့အခါ ရှိသလို လွဲတဲ့အခါလည်း လွဲတတ်သတဲ့။

ဗေဒင်လည်း အလားတူပဲတဲ့။ အဲသည် ပညာရပ်ကို သုံးသူတွေထဲမှာ တော်သူရှိသလို ရှော်သူလည်း ရှိနိုင်တာပဲတဲ့။ အသုံးပြုသူရဲ့ အရည်အချင်းပေါ်လိုက်လို့ မှန်တဲ့အခါ ရှိသလို လွဲတဲ့အခါလည်း ရှိနိုင်တာပဲတဲ့။

ဆိုလိုတာက ဗေဒင်ကို ပညာရပ်တခုအနေနဲ့ လက်ခံပါတယ်။ နောက်တခု အင်တာနက်ပေါ်မှာ ဖတ်ဘူးတာက.... လူတွေဟာ ဘယ်အရာမဆို ၀ိသေသလက္ခဏာလေးတွေကို ဂရုစိုက်ကြည့်ရှုတတ်ရင် ရှေ့ဘာဖြစ်မယ်ဆိုတာကို သိနိုင်တယ်တဲ့။ ဥပမာ.. ဆရာဝန်ဟာ လူတယောက်မှာ ဖြစ်နေတဲ့ လက္ခဏာတွေ နှလုံးခုန်နှုန်း၊ သွေးတိုးနှုန်းတွေကြည့်ပြီး ဒီလူရဲ့ ကျန်းမာရေးကို ကြိုတင်ခန့်မှန်းနိုင်သလို (အဲဒီနေရာမှာလည်း မှားတဲ့အခါ လည်းရှိကောင်းရှိမှာပေါ့)... မိုးလေ၀သပညာရှင်များဟာလည်း အဲသည်လို ပတ်ဝန်းကျင်က အချက်အလက်တွေ (လေဖိအား၊ အပူချိန်စတာတွေ)ကို ကြည့်ရှုပြီး ဖြစ်လာတော့မယ့် မိုးလေ၀သအခြေအနေကို ကြိုတင်ဟောကိန်းထုတ်နိုင်သတဲ့။

ဗေဒင်ပညာရှင်များဟာလည်း အဲသည်အတိုင်းပဲ အချို့သောအဖြစ်အပျက်ကလေးတွေကို အသေးစိတ်ကအစ အာရုံထားတဲ့အခါ အနာဂတ်မှာ ဖြစ်လာတော့မယ့် အရာလေးတွေကို မှန်အောင် ဟောကိန်းထုတ်နိုင်ပါသတဲ့။ ဘယ်လောက်မှန်တဲ့ ရာခိုင်နှုန်းများသလဲဆိုတာ ဟောတဲ့လူရဲ့ အရည်အချင်းပေါ်မှာတော့ တည်တာပေါ့။ မိုးလေ၀သပညာရှင်တွေတောင် ရွာရန် ရာခိုင်နှုန်းဘယ်လောက်ဆိုပြီး ပြောရသေးတာမို့လား။

သည်တော့ သည်ပညာရပ်ကို လူတွေအပေါ်မှာ လိမ်လည်လှည့်ဖျားဖို့ မသုံးသရွေ့တော့ အပြစ်ကင်းပါတယ်လို့ ကျနော်ယူဆပါတယ်။

Anonymous said...

အားပေးတယ် ..ကိုယ်မှန်တယ်ထင်ရင်.
ကလောင်နဲ့ ပဲ..တိုက်တိုက်..လူချင်းပဲ.ချချ
အားပေးတယ်..နဒီ..လဲ..မဟုတ်မခံမို့ ပါ..

နဒီမိုးညို

BlackDevil said...

လိုအပ်လာရင် လုပ်ရလိမ့်မယ် .. C Box တိုက်ပွဲတွေ ဆင်နွဲချင်သူတွေကို လက်ဆောင်ပေးချင်ရင် လွယ်လွယ်လေးပါ။ :P :P လက်နက်ပုန်းလေးတွေ ထုတ်သုံးလိုက်ပေါ့ ။ :P :P

YoungGun said...

ကိုပေါလားတော့ မသိဘူးဗျ။ နောင်ကြီး ဆွေးနွေးပြောဆိုသွားတာတွေ အတွက် ကျေးဇူးအထူး တင်ပါတယ်။ နောင်ကြီးဆိုသွားသလို လူတွေအပေါ် လိမ်လည်လှည့်ဖျားနေတဲ့ ဆရာအမည်ခံ ငါးခုံးမတွေကြောင့် အစတည်းက ဘုရားဖြစ်မယ့် အုတ်နီခဲလေးတွေက ဝေဖန်ရှုတ်ချလို့ မဆုံးနိုင်တဲ့ ဗေဒင်ဟာ အခုဆို အပုပ်နံ့တွေကြားကပဲ မနည်းရုန်းထွက် ရှင်သန်နေရပါတယ်။ တကယ်စစ်မှန်တဲ့ ပညာရှင်တွေကြောင့်သာ ရပ်တည်နေနိုင်တာပါ။ ရှည်ရှည်ဝေးဝေး အလေးနက်ထား ပြောပေးသွားတာ ကျေးဇူးတင်ပါတယ်ဗျာ။

မြစ်ကျိုးအင်း said...

အရည်အချင်းရှိတဲ့ပညာရပ်မို့လို့ ဒီလောက်အထိ တည်တံ့နေတာပေါ့
လူတွေမလိုအပ်တဲ့အရာတွေ ဆိုတာ ဒီကမ္ဘာပေါ်က ပျောက်သွားတတ်ပါတယ်။
ဆက်လျှောက်ပါကိုယ့်လူ။
အကောင်းဆုံးကတော့ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ပြတာပဲ။
ဝေဖန်သံဆိုတာ အချိန်တခုကုန်ရင် ရပ်သွားပါတယ်။
လူငယ်ပီသတဲ့ သဘောထားလေးကို သဘောကျမိတယ်။

Andy said...

ဗေဒင်ပညာဆိုသည်မှာ မမှန်ပါက ယခုထက်ထိမတည်တံ့နိုင်။ ထို့အတူ ဗေဒင်သည် အာလာဒင်မီးခွက်ဖြစ်ပါက လောကဓံတရားရှစ်ပါး ဆိုသည်မှာလည်း မရှိနိုင်။

အဲ့ဒီသဘောတရားကို ခြေခြေမြစ်မြစ်မသိတဲ့သူတွေနေမှာပါ ကိုရောင်ဂန်းရယ်။

Dream said...

ဗေဒင်ပညာက ဟိုးရှေးပဝေသဏီ ထဲကပေါ်ပေါက်ခဲ့တာပါ။ အားပေးပါတယ်...ကိုယ်သန်ရာသန်ရာပေါ့။ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်ပဲလေနော့်။

မှန်တယ်ထင်ရင် ဒူးတာဒူး... ရဲဘော်

TNS said...

ကိုရန်းဂန်း
မှတ်မှတ်ရရ ကွန်မန့် မရေးဘူးပေမယ့် ဒီဘလော့ဂ်ကိုတော့ ခဏခဏ
ရောက်လာဘူးပါတယ်..။
ရေးတဲ့ ပို့ စ်တိုင်းကိုလဲ လေးလေးနက်နက် ဖတ်ပါတယ်..။
ပညာရပ်တိုင်းဟာ တန်ဘိုးရှိပါတယ်...။
တန်ဘိုးမဲ့ သောပညာတိုင်းဟာ နှစ်ပရိစ္ဆေဒ ကြာလာတာနဲ့ အမျှ ပျောက်ကွယ်သွားစမြဲပါ...။
ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသားကို “ ဘုရားစစ်စစ် ဧကန်ဖြစ်မယ်” လို့ 
ဟောပြောခဲ့ တာလဲ ဒီပညာပါဘဲ..။
ဘုရားရှင်က ဗေဒင်ပညာကို မပါယ်ခဲ့ ပါဘူး..။
လောကီလွတ်ကြောင်းတခုအနေနဲ့ ဘဲ ဟောခဲ့ပါတယ်..။
ဆက်လုပ်ပါ...။
ရုပ်ရှင်ဝေဖန်ရေးစာရေးသူတိုင်း..
ရုပ်ရှင်ကားကောင်းတခု မရိုက်နိုင်ပါဘူး..
ပန်းချီဝေဖန်ရေးလုပ်သူတိုင်း ပန်းချီမဆွဲတတ်ပါဘူး..
...........
...........
အများကြီးပါ..။
အလကားရလို့ ဘေးက ပြောမယ်ဆိုရင် ဘုရားရှင်တောင် အကဲ့ ရဲ့ မလွတ်ခဲ့ပါဘူး...။
ပညာရပ်တိုင်းဟာတန်ဘိုးရှိပါတယ်..
ဝေဖန်ကဲ့ ရဲ့ မှုတွေကို ဂရုစိုက်နေရင် ကိုယ့်အချိန်တွေနဲ့ ကိုယ့်ပညာရေး နောက်ကျပါတယ်..။
အားပေးလျှက်ပါ..။

အိမ် said...

အင်း.. ဘယ်လိုပြောရမလဲ... ကျနော်ဖတ်ဖူးတဲ့ စာအုပ်မှာတော့ ဗေဒင်ဆိုတာ ဘုရာ မပွင့်ခင် ကထဲက ရှိခဲ့တာလို့ ဖတ်မှတ်ဖူးပါတယ်... ဖတ်ဖူးတာကို ပြောတာနော် ရန်လာမရှာနဲ့ ဘယ်စာအုပ်လဲလို့ လာမမေးနဲ့ မသိတော့ဘူး ဖတ်ဖူးတာ ကြာပြီဗျ။ ကျနော့်အထင် တခုပြောရရင်တော့..... ထင်တာနော် အသေအချာမသိဘူး ဟောသူအနေနဲ့ ပြောရရင်တော့ သူ့ရဲ့ ပညာပေါ် အခြေခံပါတယ် သူဘယ်လောက်တတ်သလဲ၊ သူဘယ်လောက်သိသလဲ၊ ဒီအပေါ်မှာ မူတည်ပြီး မှန်သည် မှားသည် ကွာခြားသွားတယ် ထင်ပါတယ်။ ဒီလိုပဲ အဟောခံအနေနဲ့ကလဲ ဟောပြောသူ ဘယ်လောက်ပဲ အကောင်းဟောပြောနေပါစေ သူကိုယ်တိုင်က တလွဲတွေ လျှောက်လုပ်နေရင်တော့ ဘာမှ ဖြစ်လာမယ် မထင်ပါဘူး။ ကြားဖူးတဲ့ ပုံပြင်တပုဒ်ကိုပြောပြမယ် အတိုချုပ်ပေါ့ သူဌေးကြီးနဲ့သူဌေးမမှာ သားတယောက်ဖွားတယ်။ အဲဒီသားကိုမွေးတော့ သူဌေးကြီးက အတော်ဆုံး အတတ်ဆုံး ဗေဒင်ဆရာ ခေါ်ပြီးသူ့သားရဲ့ အနာဂတ်ကို ဟောပြောခိုင်းတယ်။ ဗေဒင်ဆရာ တွက်ချက်ပုံအရ ဒီသားဟာ ရွှေထီးဆောင်းရမယ်လို့ အဖြေထွက်ပါသတဲ့ အဲဒီကစပြီး သူဌေးလင်မယားဟာ သူတို့သာက ရွှေထီးဆောင်းမဲ့သူဆိုတာသိပြီး ဘာပညာမှ မသင်ပေးဘဲ သားကိုရွှေပေါ်မြတင် ထားပါတယ်။ ဒီလိုနဲ့ အချိန်တန်တော့ သူဌေးလင်မယားလဲသေ သူဌေးသားလဲ ကြီးပြင်းလာပါတယ်
သူဌေးသားဟာ လူပေါင်းမှားလို့ ပျက်စီးပြီး ရှိတဲ့ အမွေတွေလဲ ကန်ုပြီး ဘိန်းစားဖြစ်သွားပါတယ်။ ဒီလိုနဲ့ လမ်းဘေးရောက်ပြီး တနေ့မှာ သေအံ့မူးမူးဖြစ်ပြီး လမ်းဘေးမှာ လဲနေပါတယ်။ အဲဒီမှာ ဘုရင်ကတိုင်းခန်းလှည့်တာနဲ့ သွားတိုးတော့ ဘုရင်က ဒီသူငယ်လေးဟာ ဘယ်သူလဲ၊ ဘယ်ကလဲလို့ မင်းချင်းတွေကို မေးမြန်းတာပေါ့။ မင်းချင်းတွေက ဒီသူငယ်ဟာ အ၇င်က သူဌေးသားလေး တယောက်ပါ ပညာမသင်၊လူပေါ်ကျော့ လုပ်ပြီး ခုတော့ လူပေါင်းမှားလို့ ဘိန်းစားဖြစ်ပြီး လမ်းဘေးရောက်ရတာပါလို့ လျှောက်သတဲ့။ ဒီတော့ ဘုရင်ကြီးလဲ သူငယ်လေးကို သွားကြည့်ပြီး စိတ်ထဲ သနားလာတာနဲ့ ..ကဲ မင်းချင်းတို့ သူငယ်လေးဟာ သေအံ့မူးမူး ဖြစ်နေပြီ ဒီတော့ သူမသေခင်လေးမှာ အရိပ်အောက်မှာ အေးအေးချမ်းချမ်းနဲ့ သေဆုံးပါစေလို့ ပြောပြီး သူ့ရဲ့ရွှေထီးကို ခဏတာပေးဆောင်းလိုက်ပါတယ်။ အဲဒီမှာ သူငယ်လေးဟာ ရွှေထီးကို တချက်မော့ကြည့်ပြီး ဆုံးပါးသွားပါတယ်... ဒါပါပဲ... ဆိုတော့ သဘောပေါက်မယ် ထင်တာပဲဗျာ ... မပေါက်ရင်တော့ ကျနော်လဲ မသိတော့ဘူးဗျာ