Friday, September 4, 2009

ရတနာတြိ- နမာမိ

ဒီပို့စ်ကနေ ယူတတ်သူအဖို့ တစ်ခုမက ရသွားနိုင်သလို၊ ကျွန်တော်လဲ ပညာကို တစ်ဆင့်ဖြန့်ဖြူးရသော ကုသိုလ်များ ရရှိမယ်လို့ ယုံကြည်ပါတယ်။

ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက အားအားလျားလျားရှိတဲ့ လူငယ်ဘ၀မှာ ဂမ္ဘီရစာပေတွေ အတော်များများ ဖတ်ရှုဖြစ်ပါတယ်။ ဒီအထဲမှာ ကျွန်တော် တကူးတက စောင့်ဖတ်ရတဲ့ ဂမ္ဘီရဆောင်းပါးရှင်တချို့လဲ ရှိခဲ့ပါတယ်။ သူတို့ ဆောင်းပါးတွေဟာ စာမူခရရေး၊ ကိုယ့်နာမည်ကြီးရေးတွေထက် စာဖတ်ပရိသတ်ကို အစစ်အမှန် ဗဟုသုတတွေပဲ ပေးချင်ပြီး လုပ်စားလိုစိတ်လဲ မရှိတာကို သတိထားမိခဲ့ပါတယ်။ အဲဒီထဲက ဆရာနှစ်ဦးဖြစ်တဲ့ ဆောင်းပါးရှင် ဆရာလင်းရောင်တင်ရဲ့ စာမူတစ်ပုဒ်ကို မှတ်မှတ်ရရ ပြန်ဖော်ထုတ်ချင်ပါတယ်။


ဆောင်းပါးပါ လိုရင်းကတော့ အခု ကျွန်တော်တို့ ဗုဒ္ဒဘာသာဝင်တွေ အိမ်မှာ ကိုးကွယ်ဆည်းကပ် ပူဇော်နေတဲ့ ဗုဒ္ဒရုပ်ပွားတော်၊ ပုံတော်တွေဟာ ဗုဒ္ဒဘုရားရှင်ကိုယ်တော်မြတ်ကြီးတစ်ဦးသာ သီတင်းသုံးစံပယ်တော်မူနေတဲ့ ပုံတွေက များပါတယ်။ အထူးသဖြင့် ဓမ္မစကြာတရားဟော်တော်မူနေတဲ့ ပုံကို မတွေ့ရသလောက် နည်းပါတယ်။ တွေ့ရင်လည်း ဘုရားခန်းကျောင်းဆောင်ရဲ့ နောက်ဘက်နဲ့ ဘေးဘက်တွေမှာပါ ပူဇော်သမှု အနေနဲ့ ကပ်ထားတာ တွေ့ရပါတယ်။ ဆရာလင်းရောင်တင်ရဲ့ အယူအဆကတော့ မြတ်စွာဘုရားရှင်ရယ်၊ ပဉ္စ၀ဂ္ဂီငါးပါးရယ်။ ဓမ္မစကြာတရားတော်ရယ်။ သုံးမျိုးစလုံး ပါဝင်နေပြီး နေကလည်း အ၀င်၊ လကလည်း အထွက်၊ နေနဲ့လ နှစ်ပါးဆိုင်နေတဲ့ မြင်ကွင်း အစုံအလင် ပါတဲ့ ပုံတော်ကို (ဖြစ်နိုင်ရင်) ကိုးကွယ်ဆည်းကပ်ရင်၊ ဘာသာတရားအရ မထူးခြားလောက်ပေမယ့် ဂမ္ဘီရရှုထောင့်မှာတော့ အင်မတန်ထူးခြားတဲ့ စွမ်းအင်တစ်မျိုးဖြစ်တည်လာနိုင်တယ်ဆိုတာ ဖွင့်ဆိုရေးသားပြခဲ့ပါတယ်။

အဲဒီပုံတော်ကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဆီမီး၊ ပန်း၊ ရေချမ်းများကို (၃)ဂဏန်း အရေအတွက်တွေနဲ့ လှူဒါန်းပူဇော်ပြီး ဓမ္မစကြာနဲ့ အနတ္တလက္ခဏာသုတ်များကို ရွတ်ဖတ်ပူဇော်ပေးရမယ်လို့ ဆောင်းပါးမှာ ရေးသားထားပါတယ်။ ကျွန်တော်မှတ်မိသမျှက ဒီလောက်ပါပဲ။ ဘာသာရေးနဲ့ဂမ္ဘီရ ဘာမှတော့ မဆိုင်ပါဘူးလို့ ယူဆနိုင်ပါတယ်။ ထေရ၀ါဒလို့ ကြွေးကြော်နေသလောက် မဇ္ဖျူိမစိတ် မထားဘဲ ဆတ်ဆတ်ထိမခံနိုင်ရင် စီဘောက်စ်မှာပါ ၀င်ဆဲသွားနိုင်ပါတယ်။ ကျွန်တော်ကတော့ ရှုထောင့်တစ်ခုကနေ ပြန်လည်ဖော်ထုတ် တင်ပြပေးတာ ဖြစ်ပါတယ်။ မကျေနပ်လဲ လဲသေပေါ့ဗျာ။

ဒီဆောင်းပါးနဲ့အတူ တစ်ဆက်တည်းမှာပဲ ကျွန်တော် ဖတ်မိတာလေးထဲက ဗဟုသုတ တချို့နဲ့ ဒီကိစ္စကို တိုက်ဆိုင်မိပါတယ်။ ဘာသာရေးမှာ ရှေးအကျဆုံးလို့ ယူဆရတဲ့ အဇက်နဲ့ အီဂျစ်မှာ သူတို့ အထွဋ်အမြတ်ထားတဲ့ ဘုရား ၃ ဆူရှိပါတယ်။ အိုအီရစ်၊ အိုက်ဇစ်နဲ့ ဟောရပ်ဆိုတဲ့ ဘုရား ၃ ဆူ ပါ။ အဲဒီ ၃ ဆူကို တြိဂံပုံစံ သရုပ်တင်ပြီး ပိရမစ်တွေကိုတော့ တြိဂံလေးခုနဲ့ ပေါင်းစပ်ခဲ့ကြပါတယ်။ ဟောရပ်ဆိုတဲ့ ဘုရားရဲ့ သင်္ကေတဟာ တြိဂံထဲ မျက်လုံးတစ်လုံးထည့်ထားတဲ့ ပုံဖြစ်ပြီး ဒီနေ့ခေတ်သုံး အမေရိကန်ဒေါ်လာကျော်ဘက်မှာ မြင်တွေ့နိုင်ပါတယ်။

ဟိန္ဒူဘာသာဝင်တွေရဲ့ ရှေးဟောင်းရှက်တိဂိုဏ်း သင်္ကေတက တြိဂံဟာ ဘရာမန်၊ ဗိဿနိုးနဲ့ သီဝ ဘုရား ၃ ဆူကို ရည်ညွှန်းပါတယ်။ တြိဂံနှစ်ခု ပြောင်းပြန်ထပ်ပြီး သုံးတာကိုတော့ အနောက်တိုင်းမှာ ဒေးဗစ်စတားလို့ ခေါ်ပြီး ဟိန္ဒူတွေကတော့ ယန္တရလို့ ခေါ်ပါတယ်။ အဲဒီခြောက်မြှောင့်ကြယ်ဟာ ဖရီးမေဆင်ဂိုဏ်းက ထာဝရဘုရားရဲ့ သင်္ကေတအဖြစ်အသင်းထိပ်ဆုံးမှာ ရှိနေပါတယ်။

ဒါတွေကတော့ ကျွန်တော် ဆက်စပ်မိသလောက်နဲ့ ဖတ်မှတ်ဖူးသလောက် တွေးပြီး ရေးချလိုက်တာပါ။ ကျွန်တော်တို့ ဘဘုရားရှင်၊ သံဃာတော်ရယ်၊ ဓမ္မရယ်ကိုတော့ တခြားသော ဘာသာတရားတွေက ပုဂ္ဂိုလ်တွေ၊ အယူအဆတွေနဲ့ ဒွေးရော ယှက်တင်စိတ်မရှိပါဘူး။ ကိုယ့်ဥာဏ်တစ်လက်မလောက်ရဲ့ အပြင်ဘက်မှာ အဆုံးမဲ့သော အနန္တအတွေးအခေါ် ပညာတွေက စွင့်ကားပွင့်လန်းနေတာကို မသိကျိုးကျွံလုပ်နေလို့ မရဘူးဆိုတာလေး သတိရမိလို့ ဒီစာကို ရေးဖြစ်လိုက်တာပါ။ ဒီပို့စ်ကနေ ယူတတ်သူအဖို့ တစ်ခုမက ရသွားနိုင်သလို၊ ကျွန်တော်လဲ ပညာကို တစ်ဆင့်ဖြန့်ဖြူးရသော ကုသိုလ်များ ရရှိမယ်လို့ ယုံကြည်ပါတယ်။ အားလုံး မင်္ဂလာပါ။

3 comments:

flowerpoem said...

ဗဟုသုတရပါတယ် ကို YoungGun ရေ အိမ်မှာ မရှိသေးဘူး ပဉ္စ၀ဂ္ဂီငါးပါးနဲ့ ပုံတော်ကို ၀ယ်ယူပူဇော်ပါ့မယ်ရှင်

ညခင်း said...

ညခင်း တို့အိမ် ဘုရားခန်းလေးက ပဉ္စ၀ဂီငါးဦးနှင့် ဓမ္မစကြာ တရားဦးဟောကြားနေပုံလေးဖြစ်ပါတယ်။ အဘိုးရဲ့ အိုင်ဒီယာလေးပါ
နေ၀င်လထွက်မှာ မြတ်စွာဘုရား တရားဦးဟောကြားနေပုံကို နောက်ခံပန်းချီးဆွဲပြီးတော့ ကို သရုပ်ဖော်ထားတာပါ။ အဲဒိဘုရားခန်းပုံစံကို ပူဇော်လိုသူ မိတ်ဆွေများကို လည်း ပြုလုပ်လှူဒါန်းဖူးပါတယ်။
ကိုရောင်ဂန်းပြောတဲ့ အတိုင်းလေးဆို ကုသိုလ်လည်းရ...၀မ်းလည်းဝ ဆိုတာမျိုးလိုဖြစ်တာပေါ့။

ခင်မင်စွာဖြင့်

Anonymous said...

သောက်မြင်ကပ်တာ တော.မဟုတ်ဘူးဗျ.....ဘုရားသာသနာကို တဖြည်းဖြည်းနဲ.မူရင်းကိုလူတွေကမသိကြတော.ဘူး..အဓိက ဗုဒ္ဒဆိုတဲ.မဟာလူသား(ကျွန်တော်တို.ဘုရား) ဘာပြောသွားလဲ..ဘာတွေဆုံးမသွားလဲ ဆိုတာတွေကိုအဓိကမထားကြတော.လို. ဘာသာရေးမှေးမှိန်သွားတာဗျ...ခင်ဗျားရေးတဲ.ဗေဒင် ဆိုတာလည်း..အဲ.ဒီပုံတော်တွေထိုင်ရှိခိုး..ကုသိုလ်တွေရ လာဘ်တွေပွင်. ထူခြားပြီး စီးပွါးတက်..နဲ. သောက်ဆေးကို လိမ်းဆေးလုပ်နေတာတွေပဲဗျာ......ဗုဒ္ဒသင်ကြားခဲ.တဲ.ဟောခဲ.တာတွေက လူတွေကိုမသိတာကိုသိအောင်ကျင်.ကြံဖို...ထိုင်ရှိခိုးပြီး လူ.စည်းစိမ် နတ်စည်းစိမ်ကုသိုလ်တွေရပြီးတောဒီစက်ဝိုင်ထဲမှာတရစ်ဝဲဝဲလည်ဖို. မဟုတ်ဘူး...အကြံပေးတာပါ..ဘာသာတရားဗုဒ္ဒဘာသာနဲ.ယှဉ်ပြီးရေးမယ်ဖတ်ကြမယ်ဆိုရင် အရမ်း အန္တရယ်ကြီးလွန်းတယ်.