Wednesday, September 23, 2009

အွန်လိုင်းပေါ်က အခမဲ့ဗေဒင်

အွန်လိုင်းပေါ်က မြန်မာ့ဗေဒင်လောကကြီးအတွက် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ အင်အားတောင့်တင်းလာမှာ အမှန်ပါပဲ။

အခု စက်တင်ဘာလကုန်က စတင်ပြီး၊ http://www.naditunlin.com မှာ အွန်လိုင်းဗေဒင် မေးမြန်းနိုင်မယ်လို့ သိရပါတယ် ဆရာ၊ ဆရာမ ၁၂ ဦးကနေ အခမဲ့ ပြန်လည် ဖြေကြားပေးမှာဖြစ်ပြီး အွန်လိုင်းကနေပဲ ဟောစာတမ်းများကို ပြန်လည်ပေးပို့မှာ ဖြစ်ပါတယ်။

နဒီနက္ခတ်ဗေဒင်သင်တန်း ကျောင်းအုပ်ကြီး ဦးထွန်းလင်းနဲ့ သူ့တပည့်တွေက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ထဲက စွယ်တော်မြတ်စေတီတန်ဆောင်းမှာ အပတ်စဉ် စနေနေ့ မနက် ၉ နာရီကနေ ၁ဝ ခွဲအတွင်း ဗေဒင်ဟောပြောမှုကို ခေါင်းစဉ်ပေါင်း ၁၂ ခုနဲ့ ဟောပြောဖြေကြားသွားမှာ ဖြစ်ပါတယ်။ အဲဒီ ခေါင်းစဉ် ၁၂ ခုထဲကနေ ရွေးချယ်ပြီး နှစ်ပတ်ကြိုတင် ကမ်းလှမ်းရင် ဆရာ၊ ဆရာမတွေက ပြန်လည်ဖြေကြားပေးမယ်လို့ ဆိုပါတယ်။

ဒီသတင်းကတော့ ဒီနေ့ထုတ် 7Days News Journal မှာ ပါတဲ့ သတင်းပါ။ ဒီသတင်းကို ဖတ်ပြီး အွန်လိုင်းပေါ်ကနေ ဗေဒင်မေးချင်နေတဲ့ ပြည်ပရောက် မြန်မာများအတွက် အစာကြေ၊ ရင်ချောင်၊ စိတ်ကျေနပ်စေမယ့် သတင်းလို့ ယူဆပါတယ်။ ဒီသတင်းကနေ ကျွန်တော် သတိထားမိလိုက်တာလေး တစ်ခုလည်း ရှိပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ နဒီ..နဒီနဲ့ အိန္ဒိယဗေဒင်ကိုမှ ဒယ်ဒီပါပါးဖားသားဖေဖေ ခေါ်ထားတဲ့ နဒီဆရာကြီးဦးထွန်းလင်းလည်း မြန်မာ့ရိုးရာအင်္ဂဝိဇ္ဇာ ဗေဒင်ပညာကို ချစ်ရှာပါလားလို့..။ ကြည့်လေ..။ ဟောပြောမှုတွေ စတင်မယ့်အချိန်အခါက စနေနေ့ တတိယအခါ၊ အင်္ဂဝိဇ္ဇာတိုင်မှာ သူ့မွေးနံစနေက တိုင်ထိပ်မှာ အခန့်သားရောက်နေမယ့် အခါကို ရွေးချယ်ထားတာ တွေ့ရပါတယ်။

ဆရာအကြည်တော့်လေသံနဲ့ ပြောရရင်တော့ မည်သို့ဆိုစေကာမူပေါ့။ အွန်လိုင်းပေါ်က မြန်မာ့ဗေဒင်လောကကြီးအတွက် ဟုတ်သောရှိ၊ မဟုတ်သော်ရှိ၊ အင်အားတောင့်တင်းလာမှာ အမှန်ပါပဲ။ ဗေဒင်အလကားမေးလို့ရမယ် ဆိုတော့ကာ မေးမယ့်လူတွေလည်း ပါးစပ်တပြင်ပြင် ရှိနေမှာ ဖြစ်သလို၊ ဖြေရမယ့်ဆရာသမားတွေလည်း မုတ်ဆိတ်တသသ၊ လည်ကတုံးတပြင်ပြင်နဲ့ ဟန်ရေးပြနေမယ်လို့ မြင်ယောင်မိကြောင်းပါ။

8 comments:

Anonymous said...

နဒီ အမလဲ သူဆီမှာမေးခဲ့ဖူးသေးတယ်။

Anonymous said...

0 (Tun Lin)
4 ( A Nyunt -Rahu - 12 questions and Taw Rin *0-4)
1
--
3
--
6
2 (money)
5


Becuase of top position (0) Htun lin, root position 2(Money) has side effect. Thus, he will have to do with free consultation.

Why he set 12 questions?

During 9:00-10:30, it is bawma table, where 4 reaches business development position.
4 =Rahu =12,
Rahu(4/8) is also friend with Saturday (0)and positive element with Mars (3).

Getting top postion is not always the right thing to do.

lets see consequences of 2 (Monday) when he starts his seminar.

Anonymous said...

If he is willing to distribute for astroligical knowledge, should choose 5 for top postions regardless of his nan (0).

5 (knowledge)
2
6
--
1
--
4
0
3

0r

1
5 (knowledge)
2
--
4
--
0
3
6

or

4
1
5 (knowledge)
--
0
--
3
6
2

Anonymous said...

လူရှိန်အောင်ဝင်ဖောလိုက်ဦးမယ်
နေ့ အရ- အမည်ပေါ်ပညာဂြိုလ်စီးပြီး ငွေကိုပယ်တဲ့အတွက်
အခါအရ- အမည်ပေါ်ပညာဂြိုလ်စီးပီး ငွေကိုပယ်တဲ့အတွက် နင်းကြမ်းအခိုက်လွတ်လို ဆောင်ပန်းန၀င်းနံ အားကောင်းလာပါမယ်။ ဒါကြောင့် ပရိတ်သတ်အခြေခံတဲ့ပညာဒါနလုပ်ငန်းဟာ ကောင်းကျိုးပြုပါမယ်။
ကျန်တာတွေပြောလိုက်ရင် ရောသမမွှေဖြစ်ကုန်မှာစိုးလို့ ဒီလောက်နဲ့ ပဲ ၀င်ဖောတာကို ကျေနပ်ကြပါ။

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ပထမဆုံးရောက်လာပီး မွှေနှောက်ဖတ်နေပါပြီ။
အကျိုးရှိ အသုံးဝင်တဲ့ ပို့စ်လေးတွေပါဘဲ

Anonymous said...

ကောင်းပါတယ်ကောင်းပါတယ်

susu said...

ပညာပေးတာကောင်းတာပေါ့။ အလကားမို.လို.ပိုကောင်းတယ်။

Anonymous said...

Hello. Often the Internet can see links like [url=http://www.whitehutchinson.com/aboutus/]Buy cialis without prescription[/url] or [url=http://www.rc.umd.edu/bibliographies/]Buy cialis without prescription[/url]. Is it safe to buy in pharmacies such goods?