Monday, September 28, 2009

အခမဲ့က သုံးလ..သုံးလပဲတဲ့ဗျာ

ဥာဏ်ပူဇော်ခပဲ ဆိုဆို၊ ပညာကြေးပဲပြောပြော၊ ဟောပြောခပဲ တောင်းတောင်း ပေးသင့်သလောက် ပေးရတော့မှာပေါ့။

ဟောဗျာ ..အွန်လိုင်းပေါ်က အခမဲ့ဗေဒင်ဆိုတဲ့ ဆိုဒ်ကြီးက အခမဲ့ မဟုတ်တော့ပြန်ဘူးတဲ့။ ဒီတစ်ပတ်ထုတ် Time To Time ဂျာနယ်မှာ ပါလာပြန်ပြီ။ သုံးလအတွင်းသာ အခမဲ့ မေးမြန်းနိုင်ပြီး နောက်ပိုင်းကျတော့ ဒန်တန့်တန်ပေါ့ဗျာ။ ဗေဒင်မေးမယ့်သူတွေက မွေးနေ့ခုနှစ်၊ မွေးချိန်၊ မွေးရပ်ဒေသ စတဲ့ အချက်အလက်တွေကို ဖြည့်စွက်ပေးရမှာ ဖြစ်ပြီး ဗေဒင်ဟောစာတမ်း ပြန်ပို့ပေးနိုင်အောင်လို့ ကိုယ့်အီးမေးလ်ကို ထားခဲ့ရမှာ ဖြစ်ပါတယ်တဲ့။ မေးခွန်း ၁၂ မျိုးရှိပြီး အဲဒီထဲက ၃ ခုကို မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။ မေးပြီး တစ်ရက်အကြာမှာ ပြန်ဖြေမယ်လို့ သိရပါတယ်။ ဝက်ဘ်ဆိုဒ်လိပ်စာကတော့ ပထမနဒီဆိုဒ် အတိုင်းပါပဲ။

အော်..နဒီဗေဒင်ဆရာတွေကလည်း အာဟာရသိဒ္ဓိ ပြီးမြောက်နေသူတွေ မဟုတ်လေတော့ ၃ လပဲ အခမဲ့ဟောပေးနိုင်မှာပေါ့။ နောက်ပိုင်းကတော့ ဥာဏ်ပူဇော်ခပဲ ဆိုဆို၊ ပညာကြေးပဲပြောပြော၊ ဟောပြောခပဲ တောင်းတောင်း ပေးသင့်သလောက် ပေးရတော့မှာပေါ့။ ကောင်းပါတယ်။ ကောင်းပါတယ်။ ကောင်းပါတယ်။ ပြသာနာကတော့ မွေးချိန်ပါပဲ။ မွေးချိန်အတိအကျ မှတ်မိတဲ့သူ သိမ်းဆည်းထားသူက နည်းတော့ နဒီဗေဒင်မေးမယ့်သူတွေ နည်းနည်းဂွကျမယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့... အွန်လိုင်းပေါ်မှာ ဆရာစုံ၊ ပညာအစုံနဲ့ ဗေဒင်ပညာတွေ ဖူးပွင့်ဝေဆာလာကတော့ ကြိုဆိုရမှာပါပဲ။ တစ်လွဲတွေ မလုပ်ဖို့၊ ဗေဒင်မေးသူဆီက လောဘတကြီး ဂွင်မဖန်ဖို့ပဲ အရေးကြီးပါတယ်။ Welcome Nadi !!!

4 comments:

Anonymous said...

ဥာဏ်ပူဇော်ခကိုအီးမေးလ်ကတစ်ဆင့်ပေးရမှာလား

YoungGun said...

သားမသိပါဘူးဂျို့..။ သူတို့ဆီသာ လှမ်းမေးလိုက်ကြပါဂျို့..။

dr.tin bo bo said...

ဆရာဦးထွန်းလင်းမှာလည်း သနားစရာပါ။ ပညာလည်း သင်ပေးရသေး။ တပည့်တွေ တစ်အုပ်တစ်မကြီးလည်း တာဝန်ယူထားရသေး။ ဒီတော့ လည်း ရေရှည် ဘယ် ဖရီးပေးနိုင်ပါ့မလဲဗျာ။

ိdr.tin bo bo said...

ကိုရန်းဂန်း ရေ

အခု ဘလော့ဂ်ဒီဇိုင်းလေး မိုက်တယ်ဗျာ။ ဘယ်သူ့လက်ရာလဲဗျ။ ကိုယ့်ဟာကိုယ် လုပ်တာလား။