Friday, October 2, 2009

ဝါအကျွတ်မှာ ဘ၀ပြောင်းမယ့်သူများသို့


ကျွန်တော် လေ့လာဖူးတဲ့ နက္ခတ်ပညာမှာတော့ ဇာတာချင်းတိုက်ဆိုင်စစ်ဆေးတဲ့ နည်းကသာ အကောင်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။

သီတင်းကျွတ်ပြီ..ဟေ့ ဆိုတာနဲ့ကို ပန်းနုရောင်ဖိတ်စာလေးတွေက ဟိုဒီပျံဝဲလို့ ရောက်ရှိလာကြပါပြီ။ ဒီလိုအခါသမယမှာ အသက်သုံးဆယ်ကျော်လို့မှ လူပျိုကြီးနဲ့ အပျိုကြီးဘ၀ကနေ မကျွတ်မလွတ်ဖြစ်နေရရှာသူတွေကတော့ သူများတွေက ကမ်းတဲ့ဖိတ်စာလေးတွေကို မချိတင်ကဲကြည့်ပြီး၊ မညားဖြစ်တဲ့ ငယ်ရည်းစား အပြစ်တင်ရ မလိုလို၊ သူ့ထက်အရင် ဘ၀ပြောင်းသွားတဲ့ ငယ်ချစ်ဟောင်းကိုပဲ သေချင်းဆိုးကြီးလို့ ဆဲရေးတိုင်းထွာရမလိုလိုနဲ့ ပြောရရင် ရူးသလို၊ ပေါသလိုနဲ့၊ မျက်စိကိုမှိတ် အံကြိတ်နေကြမယ် ထင်ပါတယ်။

ဒါပေမယ့် သစ္စာတရားကို ဦးထိပ်ပန်ပြီး၊ နှစ်ကိုယ်တူချစ်သမျှကို ဂဟေနှက်ရအောင်ပဲ ဖြစ်ဖြစ်၊ အိမ်က အတင်းကာရော ညားရင်ပြီးရော ပေးစားလို့ပဲ ဖြစ်ဖြစ်၊ ဘုမသိဘမသိ ရူးကြောင်မူးကြောင်နဲ့ တခါတည်း မှားမိတာပါ ဆိုပြီးတော့ပဲ ဖြစ်ဖြစ်..အိမ်ဆိုတဲ့ ထောင်ထဲ ကျတော့မယ်၊ ကျအံ့ဆဲဆဲ၊ ကျလုနီးနီး ဖြစ်နေတဲ့ မောင်မယ် ညီအစ်ကို မောင်နှမများ၊ ဘော်ဒါရောင်းရင်းများအတွက် အွန်လိုင်းပေါ်မှာ ရောက်ရှိပြီးဖြစ်တဲ့ ကျွန်တော့် နောင်တော်ကြီးတွေရဲ့ အိမ်ထောင်ရေးဆိုင်ရာ ဗေဒင်ဆောင်းပါးများ၊ သိမှတ်ဖွယ်များကို တစ်ဆင့်ခံ တင်ပြပေးလိုက်ပါတယ်။

မဟာဘုတ်ပညာ၊ ပက္ခတ်နဲ့ အိမ်ထောင်ရေး ( ကွန်ပြူဗေဒသုခုမ )

အင်္ဂါဂြိုဟ်နှင့်အိမ်ထောင်ရေး ( ကွန်ပြူဗေဒသုခုမ )

အိမ်ထောင်ရေး အဆင်ပြေချင်သူများ အတွက် ( မြန်မာ့ရိုးရာဗေဒင်နှင့် နက္ခတ် )

ဘ၀ဆက်တိုင်း ပေါင်းဖက်ချင်လျှင် ( မြန်မာ့ရိုးရာဗေဒင်နှင့် နက္ခတ် )

အထက်ပါ ဆောင်းပါးတွေမှာ ဖတ်ရှု၊ တွက်ချက်စိစစ်ရင်း နှစ်ယောက်ပေါင်းလို့ တဲက တိုက်ပေါ် ခပ်ပျော်ပျော် ဖြစ်မလား၊ မရှိရတဲ့အထဲ ငပိကလည်း ပြဲ ဆိုသလို၊ နူရာဝဲစွဲ လဲရာသူခိုးထောင်း ဖြစ်မလား၊ သူနဲ့ ယူလို့ ဘူမလား၊ သူ့နဲ့ပေါင်းလို့ ကောင်းမလား၊ အဲလို မေးခွန်းလေးတွေကို ဒီဆောင်းပါးတွေမှာ အဖြေရှာနိုင်မယ်လို့ ယူဆပါတယ်။ ကျွန်တော်ကတော့ ဘာမှ ရေးဖို့ အစီအစဉ် မရှိပါဘူး။ ဆရာတွေက ပြည့်ပြည့်စုံစုံနဲ့ တင်ဆက်ပေးပြီးသားပါ။

ကျွန်တော် လေ့လာဖူးတဲ့ နက္ခတ်ပညာမှာတော့ ဇာတာချင်းတိုက်ဆိုင်စစ်ဆေးတဲ့ နည်းကသာ အကောင်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဇာတာကလည်း မရှိတာ၊ ပျောက်သွားတာက များလို့ ဘယ်သူမှ ဇာတာချင်း မတိုက်ပေးခဲ့ဖူးပါဘူး။ ကိုယ့်ဖာသာလည်း မတိုက်ပါဘူး။ ဇာတာချင်း တိုက်ဆိုင်ရင် ဟိန္ဒိုနက္ခတ်ဗေဒင်မှာ အချက်ပေါင်း ၁၂ ချက်နဲ့ တိုက်ဆိုင်ရမှာ ဖြစ်ပြီး မော်ဒန်နက္ခတ်ပညာမှာတော့ လဂ်၊ စန်း၊ တနင်္ဂနွေနဲ့ အဓိကဂြိုဟ်ကြီးတွေ အချင်းချင်းမြင်ယှဉ်မှုကို သုံးသပ်ပါတယ်။ ရှုပ်ပါတယ်ဗျာ။ ကိုယ်က ဂွတ်ဒ်တယ်ထင်ရင် သူနဲ့ ဒူးလိုက်တာပေါ့ဗျာ။ တစ်ယောက်မကောင်း၊ တစ်ယောက်ပြောင်းပေါ့ ဘာခက်တာ မှတ်လို့။ ရန်းဂန်းရဲ့ ချစ်လှစွာသော ကုံရာသီဖွားလေးကတော့ သူ့ကို လက်ထပ်မယ်ဆိုရင် လယ်အရင် ထွန်ပြရမယ်တဲ့ဗျာ..။

9 comments:

မိုးမောင် said...

ကဲ.. ရန်ဂန်းရေ... စဉ်းစားမနေနဲ့ လုပ်လိုက်တော့~~~ လုပ်လိုက်တော့ဟေ့ :D

flowerpoem said...

KO YoungGun ပဲတွက်ပေးပါတော့ :P

အောင်ဒီကန် said...

လယ်ထွန်တာကကော ယတြာပဲလားဟင်

ရွှေပြည်သူ said...

ကိုယ်နဲ့ မဆိုင်လှပေမယ့် ဗဟုသုတ ဖတ်သွားပါတယ် အစ်ကို YoungGun ရေး))

Anonymous said...

တို.လည်းယူခါနည်းပြီဆိုတော့ တွက်ကြည့်ရတော့မယ်ထင်တယ်။ ငှဲ ငှဲ ငှဲ။

Anonymous said...

အမေပေးတဲ့ လယ် တစ်ကွက်ကို ထွန်တတ်အောင် ကျိုးစားလိုက်ပါအုံးမယ်

JulyDream said...

Young Gun ကို ရွှေပြည်သူက အစ်ကို ခေါ်ရင် ငါတော့ အစ်ကိုကြီး ခေါ်ရမယ့် ကိန်းပဲ...

သူကို့ လယ်ထွန်ခိုင်းတယ်ဆိုတော့ ငါ့ကိုများ ကောက်စိုက်ခိုင်းရင် ခါးညောင်းရချည်ရဲ့ကွယ်... ကျွတ် ကျွတ်...

အိမ် said...

ဆရာရယ် ဘဝပြောင်းမဲ့သူများဆိုလို့ လန့်သွားတာပဲဗျာ... အဲလိုတော့ မနောက်ပါနဲ့ဆရာရယ်... သူလုပ်တာနဲ့ ကိုယ့်မှာ မိန်းမတောင် မယူရဲသလောက်ကို ဖြစ်ကရော..။

အိုးဝေအောင် said...

ယောက်ျားလယ်ထွန်
မိန်းမကောက်စိုက်
သိပ်လိုက်တဲ့ကာရံ
ဟန်ချက်ညီတဲ့အဓိပ္ပါယ်
ကူးယူမှတ်သားသွားပါတယ် ညီငယ်နဲ့ညီမငယ်။