Monday, October 26, 2009

မဟုတ်ပါဘူး ဆိုနေမှ (၂)

Planet X ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ... Uranus, Neptune နဲ့ Pluto တွေက ကျွန်တော်တို့ ကမ္ဘာကို ပျက်လုမတတ် ကိုင်လှုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပါပဲ။

၂ဝ၁၂ ကမ္ဘာပျက်မယ်တဲ့။ ဟဲ့ ပေါက်ကရလေးငါးခြောက်ဆယ် မဟုတ်က ဟုတ်က ၊ ဟုတ်လဲ ဟုတ်ဘဲနဲ့ လာပြန်ပြီ နောက်တစ်ခါ။ မဟုတ်ပါဘူးဆိုနေမှ..ကို စီးရီးနဲ့ ရေးထုတ်ရမလို ဖြစ်နေပြန်ပြီ။ ပထမတစ်ခါတုန်းကလဲ သြဂုတ်လထဲမှာ အင်္ဂါဂြိုဟ်ကြီးကို လလောက်ကြီး မြင်ရမယ်၊ လနှစ်စင်းထွန်းလင်းသလို ကောင်းကင်မှာ မြင်ရမယ်ဆိုပြီး တစ်ကမ္ဘာလုံး အုန်းအုန်းကျွက်ကျွက် လွဲခဲ့ပြီးပြီ။ အခုလည်း ၂ဝ၁၂ ဒီဇင်ဘာ အော်.. ကိုယ်လဲ ဘုရားဖြစ်မယ့် အုတ်နီခဲလေး မဟုတ်ရှာတော့ ဘာသာရေးရှုထောင့်အရ မငြင်းချင်ပါဘူး။ အခု ဒီပို့စ်ကလည်း ကိုယ်တိုင်ရေး မဟုတ်ပါဘူး။ တတ်သိနားလည်သူတစ်ဦးက မနှစ်တည်းက ရှင်းပြပြီးသားကို သတိမေ့နေကြလို့ လက်တို့လိုက်တဲ့ အနေနဲ့သာ တစ်ဆင့်ပြန်တင်ပြလိုက်တာပါ။

ကဲ..ကျွန်တော်တို့ရဲ့ လေးစားအပ်ပါသော ကိုခွန်းရေ ဘယ်ချောင်မှာ သွားအိပ်နေလဲဗျာ။ ကိုခွန်းဆိုတာ Myanmar Astronomy ဆိုတဲ့ ဗေဒင်မဟုတ်တဲ့ အာကာသသိပ္ပံပညာကို အားထုတ်တင်ပြထားတဲ့ သူတစ်ဦးပါ။ ဘလော့မှာ သူစာမရေးဖြစ်တာ အတော်ကြာနေလို့သာ ဒီကိစ္စကို ပြန်မရေးပြဖြစ်တော့တာလို့ ထင်ပါတယ်။ အစ်ကိုခွန်းရေ.. အစ်ကိုတို့တွေ ရေးသားခဲ့တဲ့ ၂ဝ၁၂ ကမ္ဘာပျက်ကိန်းက အခုမှ ထစန်းပွင့်နေတယ်ဗျ။ အစ်ကို ရှင်းပြထားတဲ့ လင့်ခ်တွေဆီပဲ ကျွန်တော်ပြန်ညွှန်းလိုက်ပါ့မယ်။ ကျွန်တော်ကတော့ မသိပါဘူး။ အစ်ကို ခရေစေ့တွင်းကျ၊ နှိုက်နှိုက်ချွတ်ချွတ် အားထုတ် လေ့လာထားတဲ့ ဒီအကြောင်းအရာကို ပို့စ်တစ်ခုချင်း အလိုက် ကျွန်တော့်ကို ပြန်ညွှန်းခွင့်ပြုပါ။ ၂ဝ၁၂ မှာ ကမ္ဘာပျက်မယ်လို့ ဂယောင်ချောက်ခြားဖြစ်နေသူများ၊ ငါတော့ မကြောက်ဘူးလို့ ဟန်လုပ်နေသူများ၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆိုပြီး ရှိသမျှ ဇရက်မင်း စည်းစိမ်ယူနေသူများ သတိလေးထားနိုင်ဖို့ ကိုခွန်းရဲ့ ပို့စ်တွေဆီ ညွှန်းလိုက်ပါတယ်။ သေသေချာချာသာ သွားဖတ်လိုက်ကြပါတော့ဗျာ။

၂ဝ၁၂ မှာ တကယ်ပဲ ကမ္ဘာ ပျက်မှာလား ???

ကမ္ဘာပျက်မည့်နေ့ နှင့် ပက်သက်၍ ကျနော့် အမြင်

အဲဒီ ပို့စ်နှစ်ခုမှာ ပညာရှင်တစ်ဦးဖြစ်တဲ့ ကိုခွန်းက အသေအချာ ရှင်းပြပြီးသား ဖြစ်ပါတယ်။ ဘလော့မှာ သူရှင်းပြခဲ့တာ တစ်နှစ်ပြည့်လောက်မှာပဲ အခုလို ကောလာဟလတွေ အုံနဲ့ကျင်းနဲ့ကို ထပ်ထွက်လာတာ ဖြစ်ပါတယ်။ သူ့ရဲ့ ရေးသားချက်နဲ့အတူ ဝင်ရောက်ရေးသားတင်ပြထားတဲ့ မှတ်ချက်ပေးသူတွေရဲ့ အမြင်တွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။

ဒီနေရာမှာ ကိုခွန်းလောက်တောင် မလေ့လာ၊ မအားထုတ်ဘဲ၊ ရမ်းအုပ်လိုက်တဲ့ ဆရာတစ်ဦးရဲ့ အင်တာဗျူးဖြေကြားချက်ကို သွားဖတ်နိုင်ပါတယ်။ လူသိများ၊ ထင်ရှားသူ၊ တစ်ချို့က အဟုတ်ကြီး မှတ်ထားသူတစ်ဦးအနေနဲ့ ဒီလို လူများသိချင်တဲ့ အကြောင်းအရာတစ်ခုကို ဖြေကြားသွားပုံက အာဟ..အာဟ လို့ ရယ်ချင်ပက်ကျိဖြစ်လောက်အောင် ဖြစ်မိပါရဲ့။ ဒါလား ပညာရှင်..အော် ပညာရှင်လို့ အာမေဋိတ်မိပါတယ်။ ကျွန်တော်ကတော့ ဘာမှကို သေချာမသိပါဘူး။ မသိလို့ ရမ်းလဲ မအုပ်ရဲပါဘူး။ လူအတော်များများ သိချင်နေတဲ့ ကိစ္စတစ်ရပ်အပေါ် လက်လွတ်စပယ် မဖြေချင်ဘူး။ ဖြေနိုင်တဲ့ စွမ်းအားလည်း မရှိပါဘူး။ နောက်ဆုံးပြောနိုင်တာလေး တစ်ခုကတော့ Planet X ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ... Uranus, Neptune နဲ့ Pluto တွေက ကျွန်တော်တို့ ကမ္ဘာကို ပျက်လုမတတ် ကိုင်လှုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပါပဲ။ အားလုံး ချင့်ချိန်ယုံ၊ ချင့်ယုံကြပါလို့ မဟုတ်ပါဘူး ဆိုနေမှ နံပါတ် ၂ ကို မချစ်မနှစ်သက်စွာနဲ့ ဘီယာမူးဆတ်ဆတ်နဲ့ ရေးသားလိုက်ရပါတယ်။

11 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကျေးဇူး ညီလေးရေ။

မိုးခါး said...

း)
လင့်တွေဆီသွားဖတ်လိုက်ပါဦးမယ်း)

နေ့အိပ်မက် said...

လင့်သွားဖတ်ပြီးပြီ တကယ်စံဇာဏီဘိုဖြေထားတာမှ ဟုတ်ရဲ့လားတောင် ထင်ရတယ်..

Anonymous said...

ကမ္ဘာပျက်မယ်ဆိုတဲ့ ဖြစ်ရပ်ကြီးက မှန်သည်ဖြစ်စေ မဖြစ်နိုင်တော့ရင်ပဲဖြစ်ဖြစ် ဘယ်လိုမှခံစားမှုမရှိအောင် လူတိုင်းလူတိုင်း(ဗုဒ္ဓဘာသာဝင်) ကျင့်ကြံနေထိုင်နိုင်ရင်တော့ အကောင်းဆုံးသာဖြစ်နိုင်ပါတယ်...လူ့ပတ်ဝန်းကျင်ကြီးပျက်စီးနေရင်(လူတွေရဲ့ စိတ်ထား၊အကျင့်၊စရိုက်)ဘာဂြိုလ်ပဲတိုက်တိုက်၊ ဘယ်လောက်ပဲဆွဲဆွဲ မှမဟုတ်ပါဘူး သဘာဝအန္တရယ်မျိုးစုံက အမြဲလက်လျိုနေမှာပါ...အဝေးကြီးကြည့် စရာမလိုပါဘူး ကိုယ့်နိုင်ငံတွင်းမှာကို လက်ရှိဖြစ်ပျက်နေလျက်ရှိပါတယ်...လူရယ်လို့ဖြစ်ခွင့်ရနေတယ်ဆိုတာကို သိပြီးကျေနပ်လိုက်ပါ သေချင်းတရားကြုံမယ်ဆိုတာကို သိရင်လဲ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပီဆိုတာကို ပီတိဖြစ်နေလိုက်ပါ...ကျေးဇူးတင်ပါတယ်ဗျာ

Anonymous said...

ကျနော်အမြင်ကိုပြောရရင်တော့ တစ်ယောက်စကားကို တစ်ယောက်က ချဲ့ကား ပြီးပြောသွားကြတာပါ။ မယုံဘူးလို့တော့မဟုတ်ပါဘူး။ ကမ္ဘာပျက်မယ်ဆိုတာကို တော့မယုံပါဘူး။ ဒါပေမယ့် ကမ္ဘာကြီးတဖြည်းဖြည်း လူသားတွေကြောင့် ပျက်စီး လာတာကိုတော့ ယုံပါတယ်။ ကျနော်တိုဗုဒ္ဓဘာသာဝင်တွေ အသိတရားနဲ့ ရှေး ဘုရားဟောကျမ်းတွေကို သေသေချာချာ စဉ်းစားလေ့လာသင့်တယ် (ဖြစ်နိုင်ရင် ပေါ့)။ နောက်ဘုရားတစ်ဆူပွင့်ဖို့ကျန်သေးသလို ကုလားနဲ့ငါးအရုပ်ရေးဖို့လည်း ကျန်သေးတယ်လေ။ ဒါတွေက အချိန်တိုတိုလေးနဲ့တော့ မဖြစ်နိုင်သေးပါဘူး။ နောက် နှစ်၅၀ လောက်လိုပါသေးတယ်။ နောက်ဆုံးပွင့်မယ့်ဘုရားက နိပေါလ်က လူငယ်သူတော်စဉ်လေးဖြစ်နိုင်တယ်လို့ ကျနော်ထင်တယ်(အမြင်ပေါ့)။ သူ့ရဲ့ ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေကို ကျနော် အင်တာနက်မှာဖတ်ခဲ့ရတယ်။ ဒါကတစ်ပိုင်းပေါ့။ နောက်တစ်ခုက အိမ်မက် ၁၆ ချက်ကိုတော့ ကြားဖူးမယ်ထင်တယ်။ ကမ္ဘာကြီးပူလာတာ၊ ရာသီဥတုတွေဖောက်ပြန်လာတာ၊ လူငယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး ကလေးမွေးလာတာ၊ လူတွေများလာလို့ ငတ်ငတ်ပြတ်ပြတ် ဖြစ်လာနေကြတာ။ ဒါတွေကိုစပ်စပ်ကြည့်ရင်တော့ ကမ္ဘာပျက်မှာ သိပ်မလို တော့ဘူးလို့ကျနော်ထင်တယ်။ ဘာပဲပြောပြောလေ ဘယ်သူပျက်ပျက် ကိုယ်မပျက်စေနဲ့ပေါ့ဗျာ။ ကျနော်ကတော့ ၂၀၁၂ ဟာကမ္ဘာပျက်မယ့်နှစ် မဟုတ်ပေမယ့် ကမ္ဘာရာသီဥတုတွေ အလွန်အကျွံ စတင်ဖောက်ပြန်လာမယ့် နှစ်လို့တော့ ကျနော်မြင်တယ်။ ကျေးဇူးပါဗျာ။

မိုးမောင် said...

ဒီပိုစ့်နဲ့ ပက်သက်ပြီး သဘောတူ ကျေနပ်ပါကြောင်း...။

ဝက်ကလေး(Mother Land) said...

မဖြစ်နိုင်ဘူးလို့ပဲထင်မိပါတယ်...စိတ်ကိုသာအဓိကထားကြဖို့ပဲလိုပါတယ်...ကမ္ဘာပျက်တာကနောက်မှပါ...မြတ်စွာဘုရားဟောထားသလို “ကွေးသောလက်မဆန့်ခင်၊ဆန့်သောလက်မကွေးခင်” ဆိုတာကိုလဲသိကြမှာပါ...လူဆိုတာသေမျိုးတွေချည်းပါပဲ...ဒါကိုဘယ်သူမှမလွန်ဆန်နိုင်ကြပါဘူး...ကိုယ့်ကိုယ်ကိုတရားသာပေါက်အောင်ကြိုးစားကြပီးတော့ဘာမဟုတ်တဲ့အတွေးတွေကောလဟာလတွေကိုဖျောက်ပစ်လိုက်ကြပါစို့လား....၀က်ကလေး(Mother Land)

Anonymous said...

သဘောတူပါတယ်ဗျာ.

Yadanar said...

သူ့ရှုထောင့်နဲ့သူပါ...

၂၀၁၂ မှာကမ္ဘာမပျက်ဖူးဆိုတဲ့သူတွေ
၂၀၁၂ မှာကမ္ဘာပျက်မည်ဆိုတဲ့သူတွေ
သူတို့အတွက် ပြောစရာစကားက တစ်ခုတည်းပါ...
"စောင့်ကြည့်လိုက်ပါ" :)

ရမ်းအုပ်တွေ ရမ်းတုတ်တွေ လူသားအချင်းချင်းပြောမနေပါနဲ့။
တန်ဖိုးရှိအောင်နေလိုက်စမ်းပါ။ :)

Anonymous said...

အော်.. ဒွတ်ခ.. ဒွတ်ခ။ ဒိဌိကလည်း တစ်မှောင့်။

aungninewin said...

နေရမှာလားသေရမှာလားဆိုတာတော့ကြိုမသိနိုင်ပါဘူး...
အခုကျနော်ရှာဖွေရသမျှမှာတော့မဖြစ်နိုင်ဘူးဆိုတဲ့ဘက်မှာဘာအထောက်အထားမှမရှိသေးဘူးဆိုတာပဲတွေ့နေရပါတယ်...မှန်ပါတယ်..နောက်ဘုရားတဆူပွင့်ဖို့ကျန်သေးတာ
မှန်ပါတယ်...ဒါပေမဲ့ဘုရားတဆူနဲ့တဆူကြားမှာဘာတွေ
ဖြစ်ခဲ့လဲပြန်တွေးကြည့်ပါ....ကမ္ဘာမပျက်သေးဘူးဆိုတာ
လက်ခံလို့ရပေမဲ့လူတွေမျိုးတုံးမှာကိုတော့လက်ခံလို့ရစေ
ချင်ပါတယ်....ကျန်တာတွေဖယ်လိုက်ပါ....
၁...ဒီနေ့ကမ္ဘာမှာဘာတွေဖြစ်နေလဲ.......
၂...ဒိုင်နိုဆောလိုသတ္တ၀ါတွေဘာကြောင့်မျိုးတုံးခဲ့တာလဲ.....
င်္ံ3...နှစ်ပေါင်3း6၀၀ပြည့်တိုင်းကမ္ဘာမှာဘာတွေဖြစ်ခဲ့လဲ...
၎...အတ္တလန္တိတ်မြို့တော်ကြီးတခုလုံးကိုဘယ်အရာကမြေအောက်ပို့ခဲ့တာလဲ....
၅..1983တုန်းကတွေ့ခဲ့တဲ့ဂြိုဟ်ကြီးက၂၀၁၀မှာမရှိပါဘူးလို့ငြင်းနေတဲ့နာဆာရဲ့သဘောထားကရောဘယ်လိုလဲ...သူတို့ပဲကြေငြာခဲ့တာနော်..
အားလုံးဟာအဖြေမရှိတဲ့မေးခွန်းတွေပါ....
တကယ်လို့ဖြေနိုင်တဲ့လူရှိရင်ကျနော်ဆိုဒ်တခုထောင်ပြီး
၂၀၁၂မှာဘာမှမဖြစ်နိုင်ဘူးဆိုတာနေတိုင်းကြေငြာပေး
မယ်....
ဖြစ်စေချင်လို့တော့မဟုတ်ပါဘူး....
ဖင်ပိတ်ငြင်းနေကြမဲ့အစားဖြစ်လာခဲ့ရင်လူတွေကိုဘယ်လိုကယ်တင်နိုင်မလဲဆိုတာစဉ်းစားပေးကြပါလားဗျာ...