Saturday, November 7, 2009

အို..ဘားမားလို့ ဟောခဲ့သည်

စောင့်ကြည့်ရမှာကတော့ သမ္မတသက်တမ်း လေးနှစ်အတွင်းမှာ.. အိုဘားမား..ရယ်လို့ နိုင်ငံတကာက အံ့ဘနန်း ရင်သပ်ရှုမောသွားစေမယ့် ဘယ်လိုအပြောင်းအလဲတွေ

ကျနော်ကတော့ မြန်မာဗေဒင်ဆရာပီပီ အိုဘားမားရဲ့အောင်နိုင်ခြင်းဟာ အမြင်မှာနိမိတ် အတိတ်မှာလက်ဆောင် အသံမှာ တဘောင်ဟူတဲ့ အယူတော်မင်္ဂလာအရ မဝေးလှသော ကာလမှာ ကမ္ဘာပြည်သူများ ပါးစပ်ဖျားက အာမေဋိတ်သံဖြင့် အို . . . ဘားမား ဟု ရွှေပြည်ကြီးကို အံ့ဖွယ်ဘနန်း ချီးမွှန်းသြဘာ ပေးကြတော့မည်ကို ကြိုတင်မြင်ယောင် နေမိပါတော့တယ်။

ဒါကတော့ မနှစ်က အောက်တိုဘာ ၂၈ ရက်နေ့မှာ မြန်မာ့ရိုးရာဗေဒင်ဘလော့ကနေ ဆရာဇေယျာမောင်ကနေ ရေးသားတင်ဆက်ခဲ့တဲ့ အို..ဘားမား ဆောင်းပါး နောက်ဆုံးအပိုဒ်က စာသားတွေပဲ ဖြစ်ပါတယ်။

မကြာသေးခင်က ဆယ်စုနှစ်ကျော်ကျော် မြန်မာနိုင်ငံဘက် ခြေဦးမလှည့်ခဲ့တဲ့ အမေရိကန်နိုင်ငံက ထိပ်တန်းပုဂ္ဂိုလ်တွေ ကျောက်ခဲရေပေါ်သလို ရှားရှားပါးပါး ပြန်လာနေကြတာ ၊ အင်းယားကန်ကို ရေဖြတ်ကူးပြီး လူစွမ်းကောင်းလုပ်ပြခဲ့တဲ့ ဂျွန်ယက်ထော၊ သူ့ထက်သူ အစွမ်းပြပြီး ကိုယ့်လူကိုယ် ထောင်နူတ်ခမ်းစွန်းကနေ ကယ်ယူဆွဲခေါ်သွားနိုင်ခဲ့တဲ့ ဂျင်မ်ဝက် စသဖြင့် စသဖြင့် စသဖြင့်..သမ္မတအိုဘားမားရဲ့ သမ္မတသက်တမ်း တစ်နှစ်တာအတွင်းမှာပဲ ဆရာဇေယျာမောင် ဟောခဲ့သလို တစ်ကမ္ဘာလုံးက အာရုံစိုက်နေရတဲ့ ထူးခြားအံ့အားသင့်ဖွယ် မြန်မာ- အမေရိကန် ပေါင်းကူးဆက်နွယ်လာမှု ဖြစ်လာပါတယ်။

ဒီထက်ပို စောင့်ကြည့်ရမှာကတော့ သမ္မတသက်တမ်း လေးနှစ်အတွင်းမှာ.. အိုဘားမား..ရယ်လို့ နိုင်ငံတကာက အံ့ဘနန်း ရင်သပ်ရှုမောသွားစေမယ့် ဘယ်လိုအပြောင်းအလဲတွေ မြန်မာနိုင်ငံမှာ ဖြစ်လာမလဲဆိုတာ...၂ဝ၁ဝ ရွေးကောက်ပွဲ နဲ့အတူ စောင့်ကြည့်ကြပါစို့လားဗျာ။ မြန်မာတို့ရဲ့ အတိတ်တဘောင်၊ နိမိတ်ဆောင်၊ အယူတော် မင်္ဂလာပညာအား ဂုဏ်ယူဝမ်းမြောက်စွာဖြင့်...။

6 comments:

flowerpoem said...

လာဖတ်သွားပါတယ် ကို YoungGun ရေ

ဂျေဂျူဝိုင် said...

ဒီ ပိုစ့်ကို ဖတ်ရ သိရတဲ့အတွက် ကျေးဇူးတင်ဗျာပါတယ်ဗျာ

Andy said...

တကယ်ကို အို.... ဘားမား ပါစေဗျာ။

အိုးဝေအောင်(အေဘီအီးပီ) said...

အို့  အို အိုး ဘားမား

မာရေးသျှင် said...

အို ဘားမား
ဖတ်ရတာ ကျေနပ်အားရ ဝမ်းသာမိတယ်ဗျာ။
သည်နေ့တစ်နေ့လုံးရှင်သန်ခဲ့သမျှ သည်ပို့စ်ကိုဖတ်လိုက်ရတာ အပျော်ရွှင်ဆုံးပဲ။
ကျေးဇူးပါခင်မျာ။
စထက်ထမ်းပိုး တိုးလို့ ပျော်ရွှင်ကြပါစို့

thannsoenaing7 said...

ကြိုက်တာကတော့ သိပ်ကြိုက်ပေါ့ဒီအသံမျိုးကြားချင်နေတာကြာ လှပြီ ကျုပ်ကဗေဒင်သိပ်ယုံတာမဟုတ်ဘူး ဒီတစ်ခါတော့ယုံသွား ပြီဗျာ ယုံတဲ့အတိုင်းလည်းဖြစ်မှာပါ အို.........ဘားမား..