Wednesday, December 23, 2009

မကြင်နာမယ့် အင်္ဂါ

ဒေသအနေနဲ့ကတော့ တရုတ်၊ ဂျပန်၊ ပီရူး၊ ချီလီနဲ့ ပစိဖိတ်အနားပတ် နိုင်ငံတွေရယ်၊ အိန္ဒိယသမုဒ္ဒရာနဲ့ အင်ဒိုနီးရှား၊ ဟိမဝန္တာတောင်ကြောဆက်ဒေသတွေမှာ ငလျင်ပြင်းလှုပ်နိုင်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လဝန်းကျင်လောက်က လနှစ်စင်းထွန်းလင်းသလို တောက်ပလာမယ်လို့ ကမ္ဘာနဲ့ အဝှမ်းမှာ ကောလာဟလတွေ ဖြစ်ပွားခဲ့တဲ့ အင်္ဂါဂြိုဟ်ဟာ မကြာခင် ၁၉.၁.၂ဝ၁ဝ ရက်နေ့ကနေ လကုန်အထိ ကမ္ဘာနဲ့ အတန်ငယ် နီးကပ်လာမယ်လို့ လေ့လာသိရှိရပါတယ်။

အင်္ဂါဂြိုဟ်ဟာ ကျွန်တော်တို့ မြန်မာနဲ့ အရှေ့တိုင်းအိန္ဒိယက သုံးတဲ့ နိရာယနစနစ်အရ ၇.၁ဝ.၂ဝဝ၉ ရက်နေ့မှာ ကရကဋ်ရာသီကို စတင်ဝင်ရောက်ပြီး ၂၂.၁၂.၂ဝဝ၉ ရက်နေ့မှာ စတင်နောက်ပြန် (ဝကြ) သွားခဲ့ပါတယ်။ အဲဒီကရကဋ် ရာသီမှာပဲ ၂၆.၅.၂ဝ၁ဝ အထိ ၇ လကျော်ကျော် ရပ်တည်နေမှာ ဖြစ်ပါတယ်။ ဒါဟာ ပုံမှန်အားဖြင့် တစ်ရာသီမှာ တစ်လခွဲလောက်သာ ရပ်လေ့ရှိတဲ့ အင်္ဂါဂြိုဟ်ရဲ့ ဖောက်ပြန်မှု တစ်ရပ်ပါပဲ။

ကရကဋ်ရာသီမှာ ရပ်တည်ရင်းက အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့ နီးလာပြီး တစ်တန်းတည်း ကျနေတာ၊ နိယတုံဆိုတဲ့ တန့်ခနဲဖြစ်မှာတွေကြောင့် ဟောဒီကျွန်တော်တို့ ကမ္ဘာပေါ်မှာ အင်အားပြင်းတဲ့ ငလျင်လှိုင်းတွေ ဖြစ်ပွားလာနိုင်တယ်လို့ မြန်မာပြည်က နှစ်စဉ်သံဒိဌထုတ်ဝေနေတဲ့ ပုဏ္ဍားနက္ခတ်ဆရာကြီး ကာလာစန်က ဟောကြားထားပါတယ်။

ဒေသအနေနဲ့ကတော့ တရုတ်၊ ဂျပန်၊ ပီရူး၊ ချီလီနဲ့ ပစိဖိတ်အနားပတ် နိုင်ငံတွေရယ်၊ အိန္ဒိယသမုဒ္ဒရာနဲ့ အင်ဒိုနီးရှား၊ ဟိမဝန္တာတောင်ကြောဆက် ဒေသတွေမှာ ငလျင်ပြင်း လှုပ်နိုင်တယ်လို့ ဆိုပါတယ်။

ဖြစ်ပွားမယ့် အချိန်ဟာ ဖော်ပြပါ ကရကဋ်ရာသီမှာ အင်္ဂါဂြိုဟ်တည်နေတဲ့ ၇ လကျော်အတွင်း ပျမ်းမျှ ခန့်မှန်းထားပေမယ့် ၂ဝ၁ဝ၊ ဇန်နဝါရီမှာ ဖြစ်ကိန်း ပိုများတယ်လို့ သံဒိဌမှာ ဖော်ပြထားပါတယ်။

လေ့လာဖူးသမျှ အနောက်တိုင်းနက္ခတ်ပညာမှာတော့ သူတို့အဆို ၂ဝ.၁၂.၂ဝဝ၉ ကနေ ၁ဝ.၃.၂ဝ၁ဝ အတွင်း အင်္ဂါနောက်ပြန်သွားတဲ့ ကာလမှာ လုပ်ငန်းအစီအစဉ်တွေ ချမှတ်တာ၊ အသေးစိတ် ရေးဆွဲတာ၊ စီမံကိန်းတွေ ရုပ်လုံးပေါ်သည်အထိ စောင့်စားအကဲခတ်တာမျိုး ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။ လူသားတွေအနေနဲ့ အနားယူရမယ်၊ သင်ယူလေ့လာရမယ်၊ ကျန်းမာရေး ဂရုတစိုက်ရှိရမယ်၊ သည်းခံစိတ်ရှည်နိုင်စွမ်း ရှိရမယ်လို့ အကြံပေးထားပါတယ်။ အင်္ဂါနောက်ပြန်သွားချိန်မှာ မထိန်းနိုင် မသိမ်းနိုင်တော့တဲ့ ဒေါသအိုးတွေ ပေါက်ကွဲပြီး ပြသာနာတွေ ဖြစ်ပွားတာ၊ ထစ်ခနဲဆို ဒေါသဖြစ်လွယ်တာတွေ ဖြစ်တတ်ပါတယ်။

စစ်ပွဲအတော်များများရဲ့ အစပျိုးနိဒါန်းတွေဟာလည်း အင်္ဂါနောက်ပြန်သွားချိန်မှာ ဖြစ်တာများတယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ်... အင်္ဂါက မကြင်နာသည်ဖြစ်စေ..၊ ကြင်နာသည်ဖြစ်စေ.. စိတ်ဝင်စားစရာ ကောင်းတဲ့ အင်္ဂါဂြိုဟ်သွားနဲ့ ငလျင်တွေ စစ်ပွဲတွေကို စောင့်ကြည့်ကြပါစို့ဗျာ။

7 comments:

Anonymous said...

ကိုရန်း ရေ
ဆရာဘဲလား ချေပဆောင်းပါး ရေးမယ်ဆိုတာ အစ်ကို့ထဲမှာ လာ သတင်းပေးသွားလို့ ကျေးဇူးပါ။

ကြားရတာ ၀မ်းသာပါတယ် ကိုရန်းဂန်း ရေ

အစ်ကိုလည်း လူမိုက် မလုပ်ချင်ပါဘူး။ ဒါပေမယ့် အခုဟာ “မင်းတို့ နက္ခတ်ပညာ ဆိုတာ ဒီလောက်ကလေးဘဲ လားကွာ” လို့ လူကဲ့ရဲ့စရာတွေ ဖြစ်လာမှာစိုးလို့ လူမိုက် ထ, လုပ်လိုက်တာပါ။ ကိုရန်းလည်း အသိဘဲလေ။ ဒီလို ကမ္ဘာ့ဟောကိန်းမျိုးကို ကြာသပတေးတစ်လုံးတည်းနဲ့ ဟောလို့ရမရ ဆိုတာ ။ ဟုတ်တယ်မဟုတ်လား။ ဒီလို ကိစ္စမျိုးမှာ နိယာယနစနစ်က ဂြိုဟ်(၉)လုံး အပြင် သာယနစနစ်က ယူရေးနပ်စ်၊ နက်ပကျွန်း၊ ပလူတိုတွေပါ ထည့်စဉ်းစားသင့်တယ်။ သာယနဂြိုဟ်မြင်တွေလည်း ထည့်စဉ်းစားသင့်တယ် ထင်ပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး။ ကိုရန်းလည်း ရေးပါဦးဗျာ။ ကိုရန်းက အစ်ကိုတို့ထက် အရေးအသားမှာ ပိုပြောင်မြောက်လို့ပါ။
ကျေးဇူးပါဘဲ။

ိdr,tin bo bo said...

အော် နာမည်ဖြည့်ဖို့မေ့ခဲလို့ပါ။ တင်ဗိုလ်ဗိုလ်ပါ။

ကိုအောင်(ပျူနိုင်ငံ) said...

စာ လာဖတ်သွားတယ် ညီလေးရေ၊ ခရစ်စမတ် ပိတ်ရက်မှာ ပျော်ရွှင်ပါစေ။

Anonymous said...

အင်း... ၂၀၁၂ မှာပျက်မယ်ဆိုတာ ရှေ့ပြေးတွေများလား မသိဘူး။

မိုးမောင် said...

ဟေ့ ဟေ့... ဇန်န၀ါရီထဲ အင်ဒိုနီးရှားအလည်သွားမလို့နော်။ ရင်တုန်အောင်လုပ်သလား ကိုရန်ဂန်း။း)

ခင်မင်လျှက်..

ကိုမြိတ် said...

ကိုရန်းဂန်းရေ....
ဟီတီကတော့ ဒီအဟော ကိုမှန်အောင်လုပ်လိုက်ပြီလားဗျာ..
စိတ်မကောင်းစရာပါပဲဗျာ... သူကံတရားကိုယ်စီနဲ့ ကို ရှိနေပြီးသားလားဗျာ..
ဘာပဲဗျာ ဖြစ်ဖြစ်လေ မကြင်နာပြီးတဲ့အင်္ဂါ ကို ဆက်လက်စောင့်ကြည့်ရအုံးမှာပဲ့..

Anonymous said...

အောင်စံအ၀်သာပင်အလည်ထွန်းကြွယ်အဆုံးဆိုပေမဲ့ 
transit မှာ တကယ်တော့ အဲ့ ဒီလိုမဟုတ်ပါတဲ့ 
စံအ၀င်မဟုတ်တော့ စံအထွက်ပေါ့  အင်းဂြိုဟ်အားလုံး
ကထွက်ခါနီးမှပညာပေးကျတာများပါတယ်လေ
ကိုယ်ကိုတိုင်ဂြိုဟ်သါားပြက္ခဒိန်မတွက်တတ်တော့ ကြာ
သာပတေးကုမ်ကနေမိန်ကို၇ာသီပြောင်းတာက်ကွာနေ
တာမပြောတော့ ပါဘူးဗျာ ကွာတာကတော့ တော်တော်ကွာတယ် လာဟ၇ီးတွေ အမေရိကန်တွေ
ရာဖေးတွေ ဘာတွေညာတွေ တစ်ခုမှမမြင်ဖူးတော့ 
မပြောတာပဲကောင်းပါတယ်