Saturday, January 2, 2010

ဘာထူးမလဲ ၂ဝ၁ဝ

၂ဝ၁ဝ အပေါ်မှာ မျှော်လင့်တကြီး ဖြစ်နေတဲ့ ကျွန်တော်တို့ မြန်မာပြည်သားတွေအတွက် ထူးခြားမယ်လို့ ထင်ပါတယ်။

ဘာရယ် ညာရယ် မဟုတ်ဘူး...။ ၂ဝ၁ဝ တော့ ရောက်လာပြီ။ ၂ဝ၁ဝ ဆိုတဲ့ ဂဏန်းလေးတွေရဲ့ နောက်ကွယ်မှာ တစ်ကမ္ဘာလုံးကလူတွေ စီးပွားပျက်ကပ်ထဲက လုံးဝရုန်းထွက်နိုင်တော့မလား မျှော်လင့်နေသလို၊ ကျွန်တော်တို့ မြန်မာပြည်သူပြည်သား အပေါင်းကလည်း ၂ဝ၁ဝ ရဲ့ တန်ဖိုးကို သူ့အတိုင်းအတာနဲ့သူ သဘောပေါက် နားလည်နေကြပြီလို့ ယူဆပါတယ်။

ဟိုတလောက ဂျာနယ်စာစောင်တွေမှာ ကြာသပတေးဂြိုဟ်ကြီး နိစ်ဖြစ်ချိန်မှာ စီးပွားကျပြီး အခု နှစ်ဆအမြန်နှုန်းနဲ့ သွားနေလို့ စီးပွားနှစ်ဆ တက်ရမယ်ဆိုတဲ့ အူကြောင်ကြားဟောကိန်းတွေလည်း နှစ်မကုန်ခင် ကြားခဲ့ရလို့ အဟီဟိ..ရယ်မိပါရဲ့။ ဇန်နဝါရီထဲ နေကြတ်ပြီး အင်္ဂါဂြိုဟ် နောက်ပြန် သွားနေတာကိုလည်း ဘာတွေ ထူးခြားမယ်လုပ်ဦးမလဲ မသိ။

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့တုန်းကတော့ နိုင်ငံခြားအသံလွှင့်ဌာနတစ်ခုကနေ လွှင့်သွားတဲ့ အစီအစဉ်တစ်ခုက ၂ဝ၁ဝ အပေါ်မှာ မျှော်လင့်တကြီး ဖြစ်နေတဲ့ ကျွန်တော်တို့ မြန်မာပြည်သားတွေအတွက် ထူးခြားမယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် နားမထောင် ဖြစ်ခဲ့သူများ ရှိရင်၊ နားထောင်ပြီး ဇဝေဇဝါဖြစ်ကျန်ခဲ့လို့ ပြန်နားထောင်ချင်ရင် အဆင်သင့်အောင် အသံဖိုင် တင်လိုက်ပါတယ်။ မြန်မာပြည်အရေးနဲ့ ပက်သက်လို့ အချိန်အတန်ကြာ အဖြူရယ် အမည်းရယ် ထုတ်မပြောခဲ့တဲ့၊ ကျွန်တော့်ဘလော့ဂ်ရဲ့ ပို့စ်တစ်ခုမှာ တိတ်ဆိတ်နေသောမြန်မာနက္ခတ်ပညာရှင်တစ်ဦး အဖြစ် ဖော်ပြရေးသားခဲ့ဖူးတဲ့ ဆရာဘဲလားလေဘာတီရဲ့ ၂ဝ၁ဝ အမြင်သုံးသပ်ချက်ကို တဆင့် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ၂ဝ၁ဝ နှစ်သစ်မှာ မျှော်လင့်ခြင်းများစွာ အိုကေလို့ စိုပြေကြပါစေလို့ ဆန္ဒပြုပါတယ်။

အလယ်လောက်ကမှ စနားထောင်ရင် အဆင်ပြေပါလိမ့်မယ်။ အမြန်နားထောင်လိုသူတွေ အတွက်ပေါ့။

ဆရာဘဲလားလေဘာတီရဲ့ အမြင်.mp3

6 comments:

မြစ်ကျိုးအင်း said...

အကောင်းဆုံးကိုတော့ မျှော်လင့်မိတယ်ဗျာ

နှစ်သစ်မှာပျော်ရွှင်အဆင်ပြေပါစေ

မိုးမောင် said...

ဘာတွေဖြစ်အုံးမလဲ..။ သိပ်တော့မထင်း))။

Anonymous said...

Londonက အဖိုးကြီးလဲ ဆရာဘဲလားလေဘာတီကြီးရဲ့ ၂၀၁၀ ဟောကိန်းကို
မျှော်လင့်မိပါတယ်၊ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆရာကြီးပဲ ပြတ်သားရဲမယ်လေ။
U Naing Win
London

flowerpoem said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ Ko YoungGun

Oak said...

ဆရာဘဲလားရဲ့ ဟောကိန်းထက် နိုင်ငံရေး သုံးသပ်ချက်တွေကို ပိုနားထောင်ရသလိုပဲ... အင်တာဗျူးတဲ့လူ မေးရင်းနဲ့ လိုင်းချော်သွားတာလား... ဆရာက မဖြေချင်လို့ပဲလား မသိပါဘူး... ကျွန်တော်ထင်တာ ပြောတာပါ။ ဘာပဲဖြစ်ဖြစ် ပြန်လည်ဝေမျှပေးတဲ့အတွက် ကျေးဇူးပါဗျာ။

aung said...

အင်း 3 ဂါဂြိုဟ်ကိုစောင့် ကြည့် ရမယ် ဘာဖြစ်မလဲလို့ 
ပေါ့ ကြာသာပတေးဂြိုဟ်ကတော့ သိတဲ့ အတိုင်း
ဆရာကြီးကာလစန်နဲ့ ဝေဒမှာရက်ကွာနေတယ်ဗျ