Wednesday, January 27, 2010

မွေးလကျော်ရင်...တဲ့လား

ဗေဒင်ဆရာက " အစ်မကြီးရေ ..ဘာမှ မပူနဲ့ ။ မွေးလကျော်ရင် အညံ့တွေထဲက လွတ်ပြီး အဆိုးတွေထဲ ရောက်ပြီဗျာ.။" တဲ့။ ကောင်းရော။



ဗေဒင်ဆရာအတော်များများ ( မြင်ဖူးသမျှဆို ၉ဝ ရာနှုန်းနီးပါး ) ပြောလေ့ရှိတဲ့၊ ဗေဒင်ကို ဝါသနာအရရော၊
ယုံကြည်လေးစား မှုအရပါ စွဲစွဲမြဲမြဲ မေးသူတွေ ပြောလေ့ရှိတဲ့ တူညီသော စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ " ခင်ဗျား မွေးလကျော်ရင် လက်ခမောင်းသာ ခတ်ပေတော့။ " " မွေးလကျော်ရင် ကောင်းပြီလား ဆရာ " ဆိုတဲ့.. မရောက်သေးတဲ့ အနာဂတ်ကို ရမ်းရော်မှန်းမျှော် စိတ်ကူးယဉ်တဲ့ စကားပဲ ဖြစ်ပါတယ်။

သွားလေသူကြီး ဆရာနီကိုရဲကတော့ ဒီမွေးလကျော်ရင်ဆိုတဲ့ စကားကိုပဲ ဝထ္ထုတိုလေးတစ်ပုဒ်နဲ့ ရယ်ရွှန်းဖတ်ရွှန်း ရေးသားခဲ့ဖူးပါတယ်။ သူ့စာထဲမှာ ပါတဲ့အတိုင်း မှတ်မိသလောက် ပြောရရင် ဗေဒင်ဆရာတွေရဲ့ မွေးလကျော်ရင် ကောင်းပြီ ဆိုတဲ့ စကားက သူ့အမေအတွက် မျှော်လင့်ခြင်း ခွန်အားတွေ ပေးစွမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖတ်ဖူးတဲ့ ဟာသလေးတစ်ခုမှာတော့.. ဗေဒင်ဆရာက " အစ်မကြီးရေ ..ဘာမှ မပူနဲ့ ။ မွေးလကျော်ရင် အညံ့တွေထဲက လွတ်ပြီး အဆိုးတွေထဲ ရောက်ပြီဗျာ.။" တဲ့။ ကောင်းရော။

ကျွန်တော်ရန်းဂန်း လေ့လာဖူးသလောက်၊ တွေးဆမိသလောက်၊ မြင်သလောက် ပြောမယ်ဗျာ။ အဲဒီ မွေးလ ကျော်ရင် ကောင်းပြီ ..ဒါမှမဟုတ် သတိသာ ထားပေတော့ ဆိုတဲ့ ဟောကိန်းမျိုးက မဟုတ်သေးဘူးလို့ ယူဆတယ်။ မွေးလကျော်မှ ကောင်းမယ် ဒါမှမဟုတ် ညံ့မယ်ဆိုရင် အခုအချိန်ကရော သိပ်ညံ့လွန်းနေလို့လား၊ သိပ်ကောင်းနေလား၊ ပြန်စဉ်းစား သုံးသပ်သင့်တယ် ထင်ပါတယ်။ မွေးလ ဆိုတာကလည်း နှစ်တိုင်းကို ကျော်နေတာပဲ မဟုတ်ဘူးလား

ဗေဒင်တွေ လေ့လာရင်းက ဆရာသက်လုံရဲ့ စေ့ထားသောတံခါးများဆိုတဲ့ စာအုပ်ဖတ်ခဲ့ရတယ်။ ဒီစာအုပ်က တရုတ် လူမျိုးတွေရဲ့ တောက်တယ်ကျင်း ( တာအိုဝါဒ ) ကို ဘာသာပြန်ဆို တင်ပြထားတာပါ။ တစ်ခေါက်ဖတ်ရင် တခါ ပညာတိုးသလို၊ ဘယ်တော့မှ ဖတ်လို့ ရိုးသွားမယ့် ကျမ်းမဟုတ်ပါဘူး။ ဆရာကြီး မင်းသိင်္ခဆိုရင် ဒီကျမ်းထဲက အတွေးအခေါ် တွေကို သူ့စာပေတွေထဲ မကြာခဏကို ထည့်သွင်းရေးသားခဲ့တာ သတိထားမိပါတယ်။ ဆရာတာရာမင်းဝေလည်း ထိုနည်း အတိုင်းပါပဲ။

တာအိုဆီက ကိုယ်သိသလောက် ပြန်ပြောရရင် ယင်နဲ့ ယန်စက်ဝိုင်းလေးလိုပဲ။ အရာတိုင်းမှာ အကောင်းနဲ့အဆိုး၊ အလင်းနဲ့အမှောင်၊ အဖြူနဲ့အမည်း အမြဲ ဒွန်တွဲရှင်သန်နေသလို၊ ဗေဒင်ပညာမှာလည်း သိပ်ကောင်းပါတယ်၊ တစ်နှစ်တာလုံး အရမ်းပျော်ရွှင်စိတ်ချမ်းသာ ကိုယ်ကျန်းမာရပါတယ်ဆိုတဲ့ အခြေနေမျိုး မရှိနိုင်ဘူးလို့ ယူဆပါတယ်။ နက္ခတ်ဗေဒင် ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း တစ်နှစ်တာလုံးမှာ တကယ်လိုတရ၊ အောင်ပွဲခံရပါတယ်ဆိုတဲ့ ကာလလေးဟာ မသိမသာနဲ့ အလွန်တိုတောင်းနေတာ တွေ့ရပါတယ်။ အဓိကကတော့ ကံနဲ့ ကိန်းက ပေးအပ်လာသမျှကို အကောင်းနဲ့ အဆိုး ဆိုတာ ခံယူတတ်သူနဲ့ မခံယူတတ်သူအပေါ်မှာပဲ မူတည်သွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို ဆက်ပြောရင် ဗေဒင်ကနေ အတွေးအခေါ်ဘက် အော်တိုမစ်တစ် ရောက်သွားပါလိမ့်မယ်။ ဒီတော့ ဒီမှာတင် ဒီကိစ္စကို ခဏနားပါမယ်။ မွေးလကျော်ရင် ဆိုတဲ့ ယောင်ဝါးဝါး အနာဂတ်ကို မျှော်လင့်ရင်း ကြိုးစားရုန်းကန်မယ်ဆိုရင်တော့ အဲဒီအနာဂတ်ဟာ ခင်ဗျားအတွက် တကယ့်ရွှေရောင်တောက်ပတဲ့ မွေးလကျော်ကာလ ဖြစ်လာမှာပါ။ မွေးလကျော်ရင်ကို စိတ်ကူးယဉ်၊ လေဖမ်း ဒန်းစီးနေပြီး ဒီတိုင်း ဒူးနန့်နေရင်တော့ မွေးလကျော်လို့ တစ်နှစ်သာ ကုန်ပြီး နောက်ထပ်မွေးလပါ ကျော်သွားမယ်။ ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပါ။

ဆရာတာရာမင်းဝေ တင်စားဖွဲ့ဆိုသွားတဲ့ စကားလေးနဲ့ ပြောရရင် .. ကံကြမ္မာက သင့်ကို ဓားသွားကမ်း လိုက်တဲ့အခါမှာ ဓားရိုးဘက်ကနေ လှည့်ကိုင်တတ်ပါစေ.. ဆိုတဲ့ အတိုင်း သွေးတွေချွေးတွေနဲ့  ရွှဲစိုနာကျည်းနေမယ့် ဓားသွားဘက်ကနေ ပန်းကနုတ်တွေနဲ့ အလှဆင်ထားတဲ့ ဓားရိုးဘက်ဆီ ဥာဏ်ပညာနဲ့ ရွေ့လျားသွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


15 comments:

khin oo may said...

ကြားနေကျစကားတစ်ခုပါဘဲ သိတ်တော့အယုံအကြည်မရှိလှဘူး. အဲဒီရက်ပိုင်းမှ အသက်ပျောက်သွားတာတွေလည်းမြင်ဘူးတယ်။ ဒါပေမဲ့အားတင်းဘို့အတွက်တော့အားပေးလို့ကော်းတဲ့စကားလုံးလေးတစ်ခုပါဘဲ အားကိုးစရာလလေးတစ်ခုရှိမှလဲ ဘဝကိုရှေ့ဆက်ဘို့အားရှိပေမပေါ့။ အပြစ်ကင်းတဲ့အားပေးမှူလေးတော့လည်းတစ်ခါတရံ လုပ်ပေးဘို့လိုသား။

Anonymous said...

ဆရာရမ်းရေ . . .
ကျနော့်အမြင်အရကတော့ မွေးလကျော်တယ်ဆိုတာ ဂြိုလ်တခုကနေ နောက်တခုကို အကူးအပြောင်း မဟုတ်လားခင်ဗျာ၊ ဒီတော့ လှေအဆင်း မြင်းအတက်ဆိုတဲ့စကားလိုပေါ့၊ အကောင်းကနေ အကောင်း၊ အကောင်းကနေ အဆိုး၊ အဆိုးကနေ အကောင်း၊ အဆိုးကနေ အဆိုး ဆိုပြီး သတိထားရမယ့် စပ်ကူးမတ်ကူးကာလဆိုရင် မမှားဘူးပေါ့ဗျာ . . . ။
သင့်ရဲ့  . . .

ကိုအောင်(ပျူနိုင်ငံ) said...

ပို့စ်လေး အရမ်းကောင်း၏၊ အရာရာ အဆင်ပြေပါစေ ညီလေးရေ။

လူလ said...

မင်္ဂလာပါ ညီရမ်း

အကြိုက်ဆုံး ပိုစ့်တခုဖြစ်တယ်။ ဓလေ့လို့ ဖြစ်နေတဲ့ ရွီးဖြန်းတဲ့ အလေ့အထကို များများ ထောက်ပြတဲ့ ပိုစ့်မျိုး များများ စောင့်ဖတ်ချင်၏။ စကားမစပ် ဆရာ သက်လုံရဲ့ စေ့ထားသော တခါးများ စာအုပ်ကို မှတ်သွားတယ်။ တာအို ၀ါဒကို အတွင်းကျကျ သိချင်လို့.. တကယ်လို့ အွန်လိုင်း(အလကားး) ) မှာ ရှာဖတ်ရရင် လခ့်လေး လာချ ပေးထားပါ။

ရွှင်လန်းချမ်းမြေ့ပါစေ...

flowerpoem said...

မွေးလကျော်ရင်ကောင်းပြီတဲ့ အရမ်းသဘောကျတာပဲ ခေါင်းစဉ်ရော စာသားရော :)

Sayarphone said...

မွေးလကျော်ရင် မာဆတ်သွားမယ်။

Anonymous said...

မွေးလကျော်ရင် မော်လကျွေးမယ် .. စားမလား ဆရာဂမ်း

YoungGun said...

စပ်ကူးမတ်ကူး ကာလကိုတော့ လက်ခံတယ်ဗျိုး ။ ဂြိုဟ်တစ်ခုကနေ တစ်ခု အကူးပြောင်းလေးမှာ သတိထားရမှာကို ထောက်ခံတယ်။ ဒါပေမယ့် မွေးလကျော်လို့ နောင်တစ်နှစ်လုံး ကောင်းမယ်၊ ဆိုးမယ် ပြောတာတော့ လက်မခံသေးဘူးဗျာ။

နွေဆူးလင်္ကာ said...

သေချာတာကတော့ မွေးလကျော်ရင် ကျနော့်အသက်ထဲ တစ်နှစ်ပေါင်းထည့်ရလိမ့်မယ်။ ကိုယ်က မော်ဒယ်လဲမဟုတ်၊ မင်းသမီးလည်းမဟုတ်၊ အဆိုတော်လည်း မဟုတ်တော့ မှန်မှန်ပဲ ပေါင်းထည့်တတ်ပါတယ်။

Anonymous said...

မွေးလကျော်လျှင်လို့ သုံးကြသောဗေဒင်ဆရာအများစုမှာ မဟာဘုတ်နှင့် သုံးတန်းပုံနှိပ်အဟောဆရာများသာ အများစုဖြစ်လေ၏ ။
U Naing Win
London

Anonymous said...

ဇာတာဖွဲ့ ကွန်ပြူတာပရိုဂရမ်ကို မသုံးနိုင်သော၊ ဟောစာတမ်းရေးခြင်းမဟုတ်သော၊ မွေးဖွားချိန်မသိသူကမေးသော၊ ဥာဏ်ပူဇော်ခမများသော၊ ဗေဒင်ဟောချိန် ၃၀မိနစ်ခန့် ထက်မပိုသော . . . စသောအခြေအနေအများစု ပေါင်းစုံနေသော ဗေဒင်ဆရာအနေဖြင့် လက်ဆန်း မဟာဘုတ် သုံးတန်းပေါ်နိစ် အင်္ဂ၀ိဇ္ဇာ စသည့် အတွက်အချက် ကိန်းဂဏန်းနည်းပါးသော ပညာရပ်များကို သုံးစွံယုံမှတပါး အခြားမရှိပါ။
ဦးနိုင်ဝင်း(လန်ဒန်)အနေဖြင့် အခြားဗေဒင်ဘလော့ဂါများကဲ့သို့ တနိုင်တပိုင် ဗေဒင်ဘလော့လေးတခုဖြင့် မိမိပညာများကို တင်ဆက်ဖြန့် ဝေပေးနိုင်လျှင် ပိုကောင်းပါမည်။
မေတ္တာဖြင့် . . .

Anonymous said...

အထက်ပါ ဘယ်သူမှန်းမသိသော စာရေးသူက ဦးနိုင်ဝင်း(လန်ဒန်)စီသို့ ပို့လိုက်သော မေတ္တာစာလေးတကြောင်းက ရင်နင့်အောင် ခံစားရပါတယ်။ အလွန်ယဉ်ကျေးစွာ ထိမှန်အောင်ပစ်တတ်သူပါ။
ဲဖြစ်စေချင်တာများပြီး ပကတိဖြစ်နေတာတွေကို ဥပေက္ခာထားလိုက်မိသလိုဖြစ်သွားပါတယ်။သူတို့လေးတွေအတွက် မရည်ရွယ်ခဲ့မိတာအမှန်အပါ။စိတ်ထားဖြူစင်စွာဖြင့် အနူးအညွတ်တောင်းပန်ပါတယ်။
really sorry
U Naing Win
London

Anonymous said...

I know anonymous is sayar tin bo bo bcos of his style of writing.

Anonymous said...

ဆရာတင်ဗိုလ်ဗိုလ်ရေးတာမဟုတ်ပါ။

Anonymous said...

တစ်နေ့ မှာ ကျနော့်အမည်နောက်က ACCA , BA - Accounting & Finance အစရှိတဲ့ ဘွဲ့ တွေ တစ်သီကြီး ရအောင် ကြိုးစားနေပါတယ်..

really sorry
တေးအေးရိပ်
London