Saturday, February 20, 2010

ဗေဒင် အပျင်းပြေမေးမလား

ကျွန်ုပ်ဆိုသည်မှာ ရန်းဂန်း မဟုတ်၊ ထို့အတူ ရန်းဂန်းသည်လည်း ဗေဒင်ဆရာမဟုတ်၊ ဗေဒင်ဆရာ မဟုတ်သောကြောင့်ပင် ဗေဒင်ပညာကို ချစ်မြတ်နိုး တန်ဖိုးထားရပါ၏။





" ဒီက ညီလေးက ဗေဒင်ဟောတတ်တယ်ဆို၊ ကိုယ့်နည်းနည်း ကြည့်ပေးစမ်းပါ။ ကိုယ်က
ဗေဒင်ယုံလှတယ်တော့ မဟုတ်ပါဘူး။ ဒီလိုပဲ ..ဟင်းဟင်း.."

" သဲရင်းရာ .. ကိုယ့်ဆော်နဲ့ ဇယားညပ်လာတယ်။ အာရုံစားတယ်ကွာ။ သောက်ရမ်းလေတယ်။ ကိုယ့်အတွက် ဘုတ်တိုင်လေး ထူကြည့်ပေးပါဦးကွာ "

" ဟားး အစ်ကိုက ဗေဒင်ကြည့်တတ်တယ်ဆို၊ ကျွန်တော့်ကို ကြုံတုန်းလေး ဟောပေးသွားပါဦး။
ထွေထွေထူးထူးတော့ မေးစရာမရှိဘူး။ မြင်တာလေးပေါ့။ "

" မောင်လေးက တွက်တတ်ချက်တတ်တယ်ဆို၊ မ သူငယ်ချင်းတွေက ညွှန်းလို့။ မကတော့ မေးစရာ မရှိပါဘူး။ အပျင်းပြေလေး သူများပြောတာ နားထောင်ချင်တာပါပဲ။ "

ထိုနည်းအားဖြင့် ဗေဒင်တွက်တတ်၊ ဟောတတ်သည်ဟု အသံသဲ့သဲ့ ကြားသည်နှင့် ကြုံတုန်းလေး မေးထားမှ ဟူ၍ လည်းကောင်း၊ လက်ဝါးလေး ဖြန့်ပြပြီး တစ်ဘဝလုံးစာကို မိနစ်ပိုင်းအတွင်း အကြမ်းဖျင်းလေးတော့ လုပ်စမ်းပါဟု အမနာပ မေး၍ လည်းကောင်း၊ လုပ်စရာ အလုပ်မရှိသဖြင့် ဗေဒင်ဟောတတ်သူအား ခင်မင်မှုကို အခွင့်ကောင်းယူကာ ခေါင်းပူအောင် စဉ်းစားရသည့် မေးခွန်းများအား အပျင်းပြေမေး၍ လည်းကောင်း၊ မေး - နွားကျောင်းသား၊ ဖြေ - ဘုရားလောင်း စကားသဖွယ် ကိုယ်မေးချင်ရာ စွတ်မေးပြီး ပြန်မဖြေသည့်အခါ ဖင်ခေါင်းကျယ်သည့် ဆရာဟု စိတ်ဆိုး၍ လည်းကောင်း၊ အဆာပြေ မုန့်ကြွတ်ဝါးသလို ဗေဒင်ကို အပျော်တမ်းမေးပြီး ဆရာကို အိမ်သာလောက် တန်ဖိုးမထား၍ လည်းကောင်း၊ ကျွန်ုပ်၏ နူတ်ဖျားမှ အထက်ပါ ဗေဒင်မေးသူများအား အောက်ပါအတိုင်း ပြန်လည် စကားဆိုလိုက်ပါ၏။

စာရင်းကိုင်ပညာရှင်တစ်ဦးအား မိမိ၏ တစ်နှစ်စာ ဝင်ငွေထွက်ငွေစာရင်းအား ကြုံတုန်းခဏ
တွက်ချက်အဖြေထုတ် ခိုင်းကြည့်ပါဟု

အင်ဂျင်နီယာတစ်ဦးအား မိမိဆောက်မည့် တိုက်တာအိမ်ရာအဆောက်အဦးတစ်ခုကို အပျင်းပြေ
ပုံဆွဲတွက်ချက် ခိုင်းကြည့်ပါဟု

ကွန်ပြူတာပညာရှင်တစ်ဦးအား မိမိလုပ်ငန်းသုံးအတွက် အရေးပါသော ဆော့ဝဲလ်တစ်ခုကို အပျော်တမ်း အလကား ရေးဆွဲ ခိုင်းကြည့်ပါဟု

လုံခြုံရေးဝန်ထမ်းတစ်ဦးအား ၎င်း၏ တာဝန်ထမ်းဆောင်ချိန်အတွင်း ပျော်လို့ အပျင်းပြေ
ကြွက်သားဗလများ ညှစ်ပြပါရန် ခိုင်းကြည့်ပါဟု

မှတ်ချက်။ ။ ကျွန်ုပ်ဆိုသည်မှာ ရန်းဂန်း မဟုတ်၊ ထို့အတူ ရန်းဂန်းသည်လည်း ဗေဒင်ဆရာမဟုတ်၊ ဗေဒင်ဆရာ မဟုတ်သောကြောင့်ပင် ဗေဒင်ပညာကို ချစ်မြတ်နိုး တန်ဖိုးထားရပါ၏။ နှလုံးသည်းပွတ်တွင် ကျောက်ထက်အက္ခရာ နက်ရှိုင်းစွာ ရေးထိုးအပ်သော အတတ်ပညာ ဖြစ်သောကြောင့် ဓားသမားသည် ဓားနှင့် တသားတည်း ကျသကဲ့သို့ ပညာကို ပညာလို လိုက်စားလိုသူ ဖြစ်သည့်အားလျော်စွာ အပျင်းပြေ၊ အပျော်တမ်း၊ ကြုံကြိုက်၍ မေးသူများအား မြင်တိုင်း ဗေဒင်ဆရာ မဟုတ်သည့်တိုင် ဗေဒင်ပညာနေရာမှ နေ၍ အော့နှလုံးနာမိပါကြောင်း။


17 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ပညာရပ်တစ်ခုဟာ ဒီလိုပါပဲ အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဒီးဒုတ်ဦးဘချိုဟာ ဗေဒင်ပညာရပ်နဲ့ ကျွမ်းကျင်ခဲ့သူ တစ်ဦးပါ၊ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်းပြား ပြာချပြီး ရေနဲ့ သောက်ခိုင်းခဲ့ဖူးပါတယ်၊ ပညာရပ်ဆိုင်ရာ အငြင်းပွားမှုကတော့ ခေတ်အဆက်ဆက်မှာ ရှိခဲ့ပါတယ်၊ ဒီလိုပဲ ညီလေးရေ သည်းခံပါ၊ အားပေးလျက်။

may16 said...

ကို YoungGun ရယ် စိတ်မဆိုးပါနဲ့. . .တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်..

ရွှန်းမီ said...

အပျော်တမ်းတွေကို အသည်းနာနေပြီမှတ်တယ် :P

Sayarphone said...

ဟေ့ ဘယ်ဒူရဲတွ နာ့ညီကို ချော်ဂါးဒါ။ တတ်ဘစ်လိုက်။ ခုတ်ဘစ်လိုက်။ ထစ်ဘစ်လိုက်။

Anonymous said...

လက်ဖ၀ါး ဖြန့်ပြ မလို့ ဝေး နေ လို့ ....း) အတည် မေးချင်တာပါ ဆရာ ရန်း .....


mie nge

Oak Soe MMTL said...

ဆြာရမ်းရှဥ့်... တာမီးရဲ့ အနာဂတ် အခြစ်ရေးအကြောင်းဂို တိချင်ရို့ ကူညီဘာနော်... ဆြာရမ်း

တာမီး မူသိုး

Anonymous said...

ဗေဒင်ပညာရှင်အပေါ်မှာလူတွေမလေးစားတာ မှန်တာနည်းလို့ ပါ။၅ ခုပြောလို့ ၃ ခုလောက်မှန်တယ်ဆိုရင်ပဲ ကိုယ့်အပေါ်လူတွေဆက်ဆံတဲ့ အနေအထားပြောင်းသွားပါလိမ့်မယ်။

YoungGun said...

၅ ခုမေးလို့ ၆ ခု မှန်တာတောင် အလကားမတ်တင်း လျှာရိုးမရှိ၊ အချောင်နှိုက် မေးနေသူတွေကိုရော ခင်ဗျားဘာပြောမလဲ Anonymous ?

သစ်ရွက်ကလေး said...

ကောင်းလိုက်တာ ထိုးနှက်ချက်ပဲ မိုက်တယ်
ဒါပေမယ့်တခါတခါ ဒါကစိတ်ပြေပျောက်စရာဖြစ်လို့မေးတာနေမှာနော်

မိုးမောင် said...

ဒီပိုစ့်နဲ့ ပက်သက်ပြီး သဘောတူပါတယ်။ :)

cherry.little said...

ဆရာ
ပြောတာတွေမှန်ပါတယ်။တချို့တချို့သောလူတွေကဗေဒင်ပညာကိုအထင်သေးကြပါတယ်။နားလည်သီးခံခွင့်လွတ်လိုက်ပါ။ဆရာပို့စ်လေးကိုကြိုက်ပါတယ်။ဗေဒင်မေးချင်ပါတယ်။ဒါလောက်ပါပဲ။

K said...

ဒီတစ်ခုတော့သဘောကျသကွာ။

Anonymous said...

အင်း.....သူပဲ အလကားမေးလို့ရတယ်ဆိုပြီး ၀င်လာတာနဲ့ ဆီးဟောက်နေပါလား

Younggun said...

အလကား ဆိုတဲ့ စကားလုံး ဘယ်နားမှာ သုံးမိပါသလဲ.။

thiritun said...

ဗေဒင်ပညာကို စိတ်ဝင်စားခဲ့တာကြာပါပြီ။ အနည်းအကျင်းလဲလိုက်ပြီး ဖတ်ကြည့်ဖူးပါတယ်။ ဒီဆိုဒ်မှာ တင်ထားတဲ့ ဗေဒင်အကြောင်း တော်တော်များများကတော့ မသိသေးတာတွေများပါတယ်။ ဂဏန်းဗေဒင် နဲ့ တားရော့ကတ် ကို တော့ ပိုပြီးစိတ်ဝင်စားတယ်။ အခုလို ဗဟုသုတတွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒီ့ထက်မက ပိုပြီး အောင်မြင်ပါစေ။

Younggun said...

ဆက်လက်ပြီး လေ့လာနိုင်ပါစေဗျာ။ နက်ရှိုင်းသလောက် အများအတွက် အကျိုးလည်း ရှိမယ့် အသိပညာတွေ တူးဖော်ရရှိပါစေလို့လည်း ဆန္ဒပြုပါတယ်။

မောင်ချစ် said...

ကျေးဇူးပြုပြီး ဂျိုလ်သက်တွေသိချင်လိုပါခင်ဗျာ။
နောက်ပြီး ဂျိုလ်သက်လည်းပတ်မူကို ပြောပေးပါခင်ဗျာ ။။။။။