Sunday, February 28, 2010

သုနက္ခတွေ ပြောတဲ့ နိမိတ်

ဒီထဲက ခွေးနဲ့ဆိုင်တဲ့ နိမိတ်အကြောင်း ပြန်တင်ပြချင်ပါတယ်။ နည်းနည်းတော့ အူသံပါမယ်ထင်တယ်။ ဟဲဟဲ..။





တခါတုန်းက ဆရာစံဇာဏိဘိုရဲ့ ယူစေသော် ယတြာစာအုပ် ဖတ်တယ်။ အဲစာအုပ်ထဲမှာ ခွေးနဲ့ ပက်သက်တဲ့ နိမိတ်တွေအကြောင်း ရေးထားတယ်။ ယတြာချေပုံလည်း ပါတယ်။ ဒါပေမဲ့ သိပ်သတိမထားလိုက်ဘူး။ အော်... ဒီလိုရှိပါလားလို့ပဲ။ တလောတုန်းကတော့ ရွှေတိဂုံစေတီတော် ရောက်တုန်း စာအုပ်တန်းဘက်  မွှေနှောက်ကြည့်တယ်။ အဲဒီမှာ သုတေသီ ဆရာငြိမ်းဆိုသူရဲ့ နိမိတ်တစ်ထောင် အကောက်ကျမ်းဆိုတာ တွေ့တယ်။ ဒါလည်း စိတ်မဝင်စားဘူး။ မဝယ်ဘဲ ပြန်ချထားခဲ့တယ်။ တလောကမှ စာအုပ်အဟောင်းတန်းမှာ အဲဒီကျမ်းကို ပြန်တွေ့လို့ စိမ်ပြေနပြေ လှန်လှော ကြည့်ဖြစ်တော့မှ တန်ဖိုးရှိမှန်း သိသွားတယ်။ ဒါနဲ့ပဲ ဒီထဲက ခွေးနဲ့ဆိုင်တဲ့ နိမိတ်အကြောင်း ပြန်တင်ပြချင်ပါတယ်။ နည်းနည်းတော့ အူသံပါမယ်ထင်တယ်။ ဟဲဟဲ..။

ကြားဖြတ်ကလေး တစ်ခုပြောရဦးမယ်။ ဒီနိမိတ်ကောက်ပုံမှာ ပါတဲ့တိုင်း မျက်လုံးအပြူးသားနဲ့ လိုက်ကြည့်ပြီး ခွေးတွေ လှုပ်ရှားသမျှ စောင့်ကြည့်ရင်း နိမိတ်ယူရမယ်လို့ မဆိုလိုပါဘူး။ နိမိတ်ဆိုတာ ဘာညာကို မြန်မာ့ရိုးရာဗေဒင်နဲ့ နက္ခတ်က ဒီမှာ အရင် သွားဖတ်ပါ။ ပြီးမှ ဒါကို ဆက်ဖတ်စေချင်ပါတယ်။

၁။ ခွေးနှစ်ကောင် ကိုက်ခဲသတ်ပုတ်နေတာ မြင်ရရင် အမှုအခင်း ကျရောက်တော့မယ်။
၂။ လမ်းသွားစဉ် ခွေးအလိုက်ခံရရင် တပည့်တပန်း၊ အောက်လက်ငယ်သားရဲ့ ကျေးဇူးကန်းခံရမယ်။
၃။ ခွေးသားပေါက်လေးတွေကို ခွေးမိခင်ကြီးက ကိုက်ချီ သယ်မနေတာ တွေ့ရင် အကြီးအကဲ မစကူညီတော့မယ်။
၎။ ခွေးအကိုက်ခံရရင် အောက်လက်ငယ်သားများရဲ့ စွပ်စွဲပြောဆို ခံရမယ်။
၅။ ဆန်စပါး၊ ပစ္စည်းဥစ္စာ ထားရာနေရာမှာ ဒါမှမဟုတ် လှေကားအောက်မှာ ခွေးသားပေါက်ရင်
စီးပွားတက်မယ်။
၆။ အိမ်ဦးခန်းမှာ ခွေးသားပေါက်ရင်တော့ အိမ်ရှင်ပျက်စီးတော့မယ်။

ကျမ်းမှာပါတဲ့ ခွေးနိမိတ်တွေက အချက်တော်တော်များပါတယ်။ အဖြစ်များပြီး အသုံးဝင်နိုင်တဲ့ အချက်တွေကိုပဲ ဦးစားပေး ပြန်တင်ပြတာပါ။ တခါတုန်းက အိမ်တစ်အိမ်ရှေ့မှာ လမ်းဘေးခွေးတစ်သိုက်က ညဥ့်နက်ပြီး သန်းခေါင်လောက်ဆို အိမ်ရှေ့တည့်တည့်မှာ စုဝေးပြီး သွားအူကြတယ်။ သိပ်မကြာပါဘူး။ အိမ်ရှင် မိသားစုတွေ ကျန်းမာရေး မကောင်းလို့ သေတဲ့သူ သေကုန်ကြပါရော။ တိုက်ဆိုင်တာလဲ ဖြစ်မှာပေါ့။
စကားစပ်မိလို့ သွားသတိရတယ်။ ဟိုးရှေးရှေးတုန်းကဆိုမလား၊ ပြည်မြို့မှာ ပထမံဘိုးဘိုးအောင်က ရှိရှိသမျှ ခွေးတွေကို ကြိမ်နဲ့မြေကြီးကို ရိုက်ခေါ်ပြီး ခွေးကို ဖက်ခင်းပြီး ထမင်းဟင်းတွေ ကျွေးခဲ့တာ၊ စားမာန် ခုတ်လှပါတယ်ဆိုတဲ့ ခွေးမျိုးတွေက ဘာသံမှ မထွက်ဘဲ ငြိမ်ငြိမ်ဝပ်ဝပ်နဲ့ စားပြီး လာရာလမ်း အေးဆေး ပြန်လှည့်သွားကြတာ.. ပြန်သတိရမိတယ်။ နောက်တစ်ခါ အိပ်မက်ပေါ့။ အိပ်မက်ထဲမှာ ခွေးအလိုက်ခံရရင်၊ ခွေးအကိုက် ခံရရင် ဒါကံနိမ့်နေပြီလို့ မြန်မာအများစုက ယုံကြည်ထားကြပါတယ်။ လေ့လာဖူးသမျှ ဗေဒင်ထဲမှာ အင်္ဂဝိဇ္ဇာပညာရှင် ဆရာဦးမောင်မောင်သန်းက ငွေကြေးခက်ခဲသူတွေ အနေနဲ့ ခွေးလေးတွေကို အစာကျွေးဖို့၊ အစာကျွေးတဲ့ အခါမှာလည်း အင်္ဂါ၊ သောကြာနဲ့ စနေနေ့တွေမှာ ကျွေးဖို့ ရေးသားထားတာ သတိရမိပါတယ်။

ဒီစာစုကို ရေးသားရင်း စိတ်မကောင်းဖြစ်ရတဲ့ ဇာတ်လမ်းလေး ပြန်တွေးမိတယ်ဗျာ။ သခင်သေ သွားတာတောင် သခင့်အုတ်ဂူမှာ လာလာနေတတ်တဲ့ အံ့ဖွယ်ခွေးတွေ အကြောင်းပါ။ လူတွေက ခွေးထက် အသိဥာဏ် မြင့်မားလွန်း လှပါရက်နဲ့ ခွေးလောက်မှ သစ္စာမရှိတာ ဘာ့ကြောင့်ပါလိမ့်လို့လည်း အတွေးတွေ လွင့်နေမိပါရော။



 

15 comments:

ရွှေပြည်သူ said...

မှတ်သားစရာပါပဲ အစ်ကို YoungGun ရေ။ စကားမစပ်ပြောရရင် တိရိစ္ဆာန်တွေထဲမှာ ခွေးတွေက လူတွေနဲ့ အင်မတန်နီးပြီး သစ္စာလည်း ရှိကြလို့ ကျွန်မအချစ်ဆုံးသတ္တဝါလေးတွေပါ။ နောက်... လူတွေက ခွေးထက်အသိဥာဏ် မြင့်ပေမယ့် သစ္စာမရှိကြတာ အဲဒီအသိဥာဏ်တွေကပဲ လမ်းလွဲကုန်လို့များလားလို့ ဆက်ပြီး အတွေးတွေ ပွားနေမိပါတယ်...

ရွှန်းမီ said...

ခုမှကြားဖူးတယ် ကိုရန်းဂန်း.. တခြားသတ္တဝါတွေ ဆိုရင်ရော အဲ့လိုအယူအဆတွေ ရှိလားဟင်

YoungGun said...

ရှိပါ့တော်..အဲလေ.. ရှိပါ့ဗျာ။ ရှိပ။ ကြောင်တို့ .ကြက်တို့ ကြွက်တို့တောင် ပါသေး။ နောင်အလျဉ်းသင့်ရင် ပြန်တင်ပြပေးပါ့မယ်။

မြစ်ကျိုးအင်း said...

လူအမျိုးမျိုး ခွေးအထွေထွေလို့ စကားပုံပြောင်းရမလိုဘဲ
ခွေးနဲ့ ပါတ်သတ်တဲ့ နမိတ်ပုံ အကောက် တွေက ဒီလောက်ပဲ ရှိတာလား။ လူအဖွဲ့အစည်းမှာ ရောနှောနေထိုင်တဲ့ တခြား သတ္တဝါတွေ အကြောင်းလည်း ရေးပေးပါအုံး။

may16 said...

ခွေးနဲ့ ပတ်သက်ပြီး မှတ်သားစရာပဲ ဒါပေမယ့် သစ္စာရှိတာတော့ ဘယ်သတ္တ၀ါမှ လိုက်မမှီဘူးနော်.

Anonymous said...

ကြောင်နဲ့ပတ်သက်တာသိထားတာရှိရင်မျှဝေပါဦး။ ကျမအိမ်ကကြောင်က ညဘက်အိပ်ရင်သိပ်ဟောက်ပါတယ်။ လူတစ်ယောက်ဟောက်သလိုကို ဟောက်တာပါ။ လမ်းကကြောင်ကို သနားလို့ အိမ်မှာခေါ်မွေးထားတာပါ။ ဟောက်လွန်းလို့ စိတ်တောင်ညစ်မိပါတယ်။

Anonymous said...

ဒီပို့စ်လေးဖတ်လိုက်တော့ မရှိတော့တဲ့ ကျွန်မတို့ရဲ့ မိသားစုဝင် "အောင်နက်"ကို သတိရမိတယ်။ သူကဘယ်လိုခွေးလဲဆိုတော့ အပေါ်မှာ ကိုရမ်းဂန်း ပြောသလို အံ့ဖွယ်ခွေးတွေထဲမှာ ပါပါတယ်။ သူ့သခင်တွေတော့ တစ်ယောက်မှ မသေသေးပဲ သူတော့ မရှိတော့ပါဘူး။
ဒါပေမယ့် ကျွန်မတို့ရဲ့ ရင်ထဲမှာ "အောင်နက်"ဟာ အမြဲရှင်သန်နေတဲ့ မိသားစုဝင်တစ်ယောက်ပါပဲ။ ကျွန်မတို့ရွာမှာဆိုရင် အိမ်တစ်အိမ်ကို ခွေးတစ်ကောင်အနည်းဆုံးရှိပေမယ့် ကျွန်မတို့အိမ်မှာတော့ အောင်နက်မရှိတော့တဲ့နောက်ပိုင်း ခွေးတစ်ကောင်တောင် မရှိတော့ပါဘူး...။

JulyDream said...

အိပ်မက်ထဲမှာ ခွေးလိုက်ခံရတာ ခွေးကိုက်ခံရတာကို နိမိတ်လို့ သတ်မှတ်နိုင်သလား ခင်ဗျာ။

Anonymous said...

ဟီးးးးးးးး ဆရာ ခွေးပရော်ဖက်ရှင်နယ် ဆရာရန်းခင်ဗျ ...အချိန်ရရင်တီးသွားဆွဲကြဦးစို့ရဲ့

YoungGun said...

ကိုဂျူလိုင်ရေ... အိပ်မက်ထဲမှာ ခွေးလိုက်ခံရတာ အကိုက်ခံရတာ နိမိတ်ဆိုတာထက် အိပ်မက်က သတိပေးတယ်လို့ သဘောထားရင် ကောင်းမယ် အစ်ကိုရေ။ မကောင်းဘူးလို့ ပြောပါရစေဗျာ။ ကိုယ့်လူကြီး ဆရာဖုတ်..အဲလေ ဆရာဖုန်းရေ ကျွန်တော့် ခွေးတွေတော့ မထိလေနဲ့ဗျ။ အခု အလုပ်နဲ့ အိမ် သွားရာလမ်းတစ်လျှောက်က ခွေးတွေအားလုံးနီးပါးနဲ့ ဘော်ဒါဖွဲ့ထားတာ။ ခွေးတွေ အမြီးနန့်ပြီး ကိုယ့်ဆီ ပြေးလာရင် ရည်းစားကိုယ့်ကို ပြေးဖက်တာထက်တောင် ပျော်သေးတယ်။ ဟဲဟဲ..။ တီးတော့ ဆွဲချင်သေးတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ည ၁၂ နာရီလောက်မှာ ဆွဲကျတာပေါ့။

Anonymous said...

အိပ်မက်ထဲမှာ ဆံပင်ဖြတ်ရတယ်ဆိုရင် သတိထားပါ။သိက္ခာကျစရာ ရှိုက်ကြီးတငင်ငိုကြွေး ရမယ့် ကိစ္စတွေဖြစ်တတ်ပါတယ်။ ကိုယ်တွေ့ ကြုံတာ ၃ခါရှိပါပြီ။ မိန်းကလေးဆိုရင် ပိုဆိုးပါတယ်။ သိစေချင်လို့ မျှဝေတဲ့သဘောပါ။ ဆရာလုပ်ခြင်းမဟုတ်ပါ။

Anonymous said...

ဒါဆိုရင် အိပ်မက်ထဲမှာ (သီလရှင်လုပ်ဖို့ ) ဆံပင်ဖြတ်ရတယ်ဆိုရင် သိက္ခာကျစရာ ရှိုက်ကြီးတငင်ငိုကြွေးရမယ့် ကိစ္စတွေ ဖြစ်မှာလား..

Anonymous said...

သီလရှင်ဝတ်တာကဆံပင်ဖြတ်တာမဟုတ်ဘူးလေ။ ကတုံးတုံးတာပါ။ ကျနော်ပြောချင်တာက ဆံပင်အရှည်ကနေ လုံးလုံးလျားလျားအတို ဖြတ်ပစ်လိုက်တာမျိုးပါ။

Anonymous said...

တလုပ်စာဖူး သူ့ကျေးဇူးတဲ့ ဒီစကားက လူတွေ အတွက် မဟုတ်ဘူး ခွေးတွေ အတွက်ထားခဲ့တဲ့စကား နေမှာ။ ခွေးလောက် သစ္စာရှိတာတော့ ဘယ်သတ္တဝါမှ မမှီဘူး။ ဒါနဲ့ အဲလိုတွေ မြင်တိုင်း နမိတ်ကောက်ရရင် ခွေးထိန်းသိမ်းရေး ဌာနမှာ လုပ်နေတဲ့သူတွေဆို ဘယ်လိုလုပ်မလဲဟင်...။

Younggun said...

ပကတိ၊ ဝိကတိ..ဟူသော အတိတ်နိမိတ်ဆိုင်ရာ ဥပဒေသ ရှိပါ၏ နောင်တော်..အိမ်.။