Saturday, April 10, 2010

၁၃၇၂ မှာ....

၁၃၇၁ ကတော့ ကျွန်တော်တို့ မြန်မာပြည်ကို လက်ပြနှုတ်ဆက်တော့မှာပါ။ လာမယ့် ၁၃၇၂ ကရော မြန်မာပြည်အတွက် ဘာတွေ ယူဆောင်လာဦးမလဲ။ တွက်ချက် အဖြေရှာ ဟောကြပါလို့.။



၁၃၇၁၊ နှောင်းတန်ခူးလဆန်း ၄ ရက် ( ၁၆.၄.၂ဝ၁ဝ ) သောကြာနေ့၊ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ၊ ၃၂ မိနစ်၊ ၅၄ စက္ကန့်မှာ သင်္ကြန်တက်ပြီး နေကို ဗဟိုပြုလို့ ကမ္ဘာက လှည့်ပတ်ရာမှာ တစ်ပတ်ပြည့်ပြီး ၁၃၇၂ ခုနှစ်ဆီ ကူးပြောင်းတယ်လို့ ဆရာကြီးကာလာစန်ရဲ့ ၁၃၇၂ သံဒိဌဂြိုဟ်သွား ပြက္ခဒိန်မှာ ဖော်ပြထားပါတယ်။ ဒီသင်္ကြန် အတက်ချိန်ကို မူတည်ပြီး ဖွဲ့ဆိုထားတဲ့ ဇာတာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

နာရဒသံဟိတကျမ်းရဲ့ ဂြဟစရအရ ၁၃၇၂ မှာ ကဲဘိနက်ဖွဲ့စည်းလာတဲ့ ဂြိုဟ်တွေကတော့ ဝေဿပတိ မင်းဂြိုဟ် ဟာ အင်္ဂါ ဖြစ်နေပါတယ်။ သေနာပတိကာကွယ်ရေး ဂြိုဟ်ကတော့ ဗုဒ္ဓဟူး ဖြစ်ပါတယ်။

သံဟိတပညာမှာ တစ်ဖက်ကမ်းခတ်တဲ့ ပညာရှင်တွေကတော့ နှစ်ကူးဇာတာနဲ့ မြန်မာနိုင်ငံရဲ့ ဇာတာကို ယှဉ်ပြီး သုံးသပ်သွားပြီး ဘာတွေ ဘယ်တော့ ဘယ်လို ဖြစ်ပြီး ဘယ်သင်းတွေ ဘယ်ပုံ ပြီးစီးသွားမယ်ဆိုတာ ကောင်းကောင်းကြီး အဖြေထုတ်နိုင်ကြမှာပါ။

၁၃၇၂ မြန်မာနှစ်သစ် မင်္ဂလာမှာ မြန်မာပြည်သူအပေါင်း စိတ္တသုခ၊ ကာယသုခတွေနဲ့ ပြည့်စုံပါစေလို့ ...

No comments: