Thursday, October 7, 2010

ဟောကိန်းတွေ ဖတ်မလား အဲဒီကိုသွား

အများဖတ်ကောင်းမယ့်၊ အများ ဖတ်လိုတဲ့၊ အများမျှော်တဲ့ အများ စိတ်ပါဝင်စားတဲ့ ၊ တစ်ပတ်စာ၊ တစ်လစာ ဟောစာတမ်းတွေ ရေးတော့မလား ဆိုတော့....

ဘလော့ဂ်လေး အသက်ဝင်လာတည်းက ရင်းနှီးသူတွေရော၊ မရင်းနှီးသူတွေကပါ ၇ ရက်သားသမီးအတွက်၊ ဒါမှမဟုတ် ၁၂ရာသီဖွားတွေအတွက်၊ တစ်ပတ်စာ ဖြစ်ဖြစ်၊ တစ်လစာ ဖြစ်ဖြစ် ဟောစာတမ်းလေးတွေ တင်ပါလားတဲ့။ ဒါမှ လူပိုစိတ်ဝင်စားမယ်။ ဧည့်သည် အလာများမယ်ပေါ့။ ကျွန်တော်လည်း စဉ်းစားပါတယ်။ ၇ ရက်သားသမီးဆို ဘယ်လိုနည်းနဲ့ ဟောမယ်။ ရာသီဖွားဆို ဘယ်ဇာတာနဲ့ ဟောမယ် ဆိုတဲ့ နည်းစနစ် သဲလွန်စတွေလည်း ရထားပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ကျွန်တော့်အနေနဲ့ အဲဒီလို ယေဘုယျဆန်တဲ့ ဟောစာတမ်းမျိုးတွေ၊ ဟောကိန်းမျိုးတွေ ရေးသားတင်ဆက်ရမှာ အင်မတန် ဝန်လေးလှပါတယ်။

အမြဲတမ်းလိုလို ဗေဒင်ပညာအကြောင်း၊ ဗေဒင်လောကအကြောင်း၊ ဗေဒင်ဆရာတွေအကြောင်း စတဲ့ ဗေဒင်နဲ့ မကင်းရာ မကင်းကြောင်းတွေသာ ရေးသားလေ့ရှိပေမယ့် အဲဒီလို အများဖတ်နိုင်တဲ့ ဟောစာတမ်းတွေ လုပ်ပါဆိုရင်တော့ လက်တွန့်သွားလေ့ ရှိပါတယ်။ ဒါကလည်း ကိုယ်ပိုင်ခံယူချက်နဲ့ စပ်ဆိုင်တာမို့ အထွေအထူး ထပ်မပြောလိုတော့ပါဘူး။ ဒါပေမယ့် မကြာခဏဆိုသလို စာရေးဖော်တချို့နဲ့ သူငယ်ချင်းတွေကလည်း ငါတို့က ဗေဒင်အကြောင်း နားမလည်ဘူး။ ဟောကိန်းတွေလည်း လုပ်ပါကွာ လို့ ဂဂျီဂဂျောင်တိုက်လေ့ရှိပါတယ်။ ဒါ့ကြောင့် အများဖတ်ကောင်းမယ့်၊ အများ ဖတ်လိုတဲ့၊ အများမျှော်တဲ့ အများ စိတ်ပါဝင်စားတဲ့ ၊ တစ်ပတ်စာ၊ တစ်လစာ ဟောစာတမ်းတွေ ရေးတော့မလား ဆိုတော့.. ဟင့်အင်း မရေးပါဘူး။

ဒါပေမယ့်ပေါ့လေ။ အဲဒီလို ၇ ရက်သားသမီးပဲ ဖြစ်ဖြစ်၊ ၁၂ ရာသီဖွားပဲ ဖြစ်ဖြစ်၊ ဂဏန်းဗေဒင်ပဲ ဖြစ်ဖြစ် တစ်ပတ်စာနဲ့ တစ်လစာ ငါ့ကံငါ့ကိန်း ဘယ်မှာ မှိန်းနေသလဲလို့ သိရှိလိုသူတွေအတွက် နတ်လမ်းညွှန်လေးတစ်ခု လုပ်ပေးမလို့ စဉ်းစားမိပါတယ်။ ဘယ်ဆိုဒ်မှာ ဘယ်ဆရာက ဘယ်လို ဟောစာတမ်းတွေ တင်ဆက်ပေးနေတယ်ဆိုတာ တစ်ခါတည်း တန်းဖတ်နိုင်အောင် Directory လုပ်ပေးတဲ့ သဘောပါ။ များသောအားဖြင့် ဗေဒင်ဟောစာတမ်းတွေက ပြန့်ကျဲနေပါတယ်။ အွန်လိုင်းပေါ်မှာ အဲဒီလို ဟောစာတမ်းတွေ ဘယ်နှစ်မျိုး၊ ဘယ်နှစ်ခု ရှိတယ်ဆိုတာ ကျွန်တော်လည်း လိုက်မကြည့်မိပါဘူး။ ခုတော့ ဒီဘလော့ဂ်ဆီ အလည်လာနေကျ မိတ်ဆွေများနဲ့ ဗေဒင်ဝါသနာရှင် များအတွက် အသင့် ဖတ်နိုင်အောင် စုဆောင်း ပေးလိုက်ပါတယ်။ ကျန်ခဲ့တာတွေ ရှိရင်လည်း အသိပေးကြပါ။

ဒါတွေက အပတ်စဉ် ဟောကိန်းတွေပါ။

စံဇာဏီဘိုရဲ့ အဌဟောကိန်း

စံဇာဏီဘိုရဲ့ ရာသီဖွားဟောကိန်း

ဆရာထွန်းရဲ့ ၇ ရက်သားသမီး ဟောစာတမ်း

ဒါတွေကတော့ လစဉ်ဟောစာတမ်းတွေပါ။

ဆရာ ဒေါက်တာတင်ဗိုလ်ဗိုလ် ( ဗေဒသုခုမ ) ရဲ့ ရာသီဖွားဟောစာတမ်း

ဆရာအောင်ငြိမ်းမြတ်ရဲ့ ၇ ရက်သားသမီး ဟောစာတမ်း

ကဲ.. ဗေဒင်ဝါသနာရှင်များ စိတ်အဆာပြေစေမယ့် ၊ စိတ်ကျေနပ်စေမယ့် ဟောစာတမ်းတွေ ရှိရာအရပ်ကို တတ်နိုင်သမျှ စုစည်းပေးလိုက်ပါပြီ။ တပျော်တပါးနဲ့ သွားရောက် ဖတ်ရှုနိုင်ပါပြီဗျား။

ရန်းဂန်းရော.. ဘယ်တော့များ ရေးလာမလဲဆိုရင်.. အစီအစဉ် မရှိပါလို့..။

No comments: